စီရော်နယ်ဒိုကို အများကြီး မတွေ့ခဲ့ရတာကြောင့် ပျော်ရွှင်မိတယ်လို့ ပြောခဲ့တဲ့ ပြင်သစ်နည်းပြ ဒက်ချမ့်


ပြီးခဲ့တဲ့နေ့က နေရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပြင်သစ်အသင်းနည်းပြဒက်ချမ့်က ပေါ်တူဂီအသင်းရဲ့အဓိကတိုက်စစ်မှူးစီရော်နယ်ဒိုကို ဒီပွဲမှာစွမ်းဆောင် ရည်အများကြီး မပြနိုင်ခဲ့တာကြောင့် သူအနေနဲ့ ပျော်ရွှင်မိတယ်လို့လည်း ပြောခဲ့ပါတယ်။


ပြင်သစ်နဲ့ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တယ်ဆိုပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု သုံးကြိမ်သာ ပြုလုပ်နိုင် ခဲ့တယ်လို့လည်း သိရပါတယ်။ ပေါ်တူဂီနဲ့ ပြင်သစ်တို့ဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ရမှတ် ၇ မှတ်စီရရှိ ထားပြီး ဂိုးကွာခြားချက်အရ ပေါ်တူဂီက အုပ်စုကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ပြင်သစ်နည်းပြ ဒက်ချမ့်က “ အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းမှာ စီရော်နယ်ဒိုလို ကစားသမားကောင်းပါဝင်နေသလို ပေါ်တူဂီကလည်း အသင်းကောင်းတစ်သင်းပါ။ကျွန်တော်တို့ အနိုင်ရ လောက်တဲ့အခွင့်အရေးတွေ ရခဲ့တယ်ဆိုပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ စီရော်နယ်ဒိုကို အခွင့်အရေးတွေအများကြီး မပေး ခဲ့တာအတွက်လည်း ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့ါပတယ်။


ပေါ်တူဂီနဲ့ ပွဲမှာ ပြင်သစ်နည်းပြဒက်ချမ့်အနေနဲ့ ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကွင်းလယ်လူ ပေါ့ဘာ၊ ကန်တီနဲ့ ရာဘီရော့ဗ်တို့ကို အသုံးပြုခဲ့ပြီး ဂရစ်ဇ်မန်းကိုတော့ တိုက်စစ်နဲ့ ချိတ်ဆက်တဲ့ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ပွဲအပြီး မှာ ဒက်ချမ့်က အသင်းရဲ့ကွင်းလယ်စွမ်းဆောင်ရည်ကို ကျေနပ်ပြီး ဂရစ်ဇ်မန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုကို အမ်ားၾကီး မေတြ႕ခဲ့ရတာေၾကာင့္ ေပ်ာ္ရႊင္မိတယ္လို႔ ေျပာခဲ့တဲ့ ျပင္သစ္နည္းျပ ဒက္ခ်မ့္
ၿပီးခဲ့တဲ့ေန႔က ေနရွင္းလိဂ္ၿပိဳင္ပြဲမွာ ျပင္သစ္နဲ႔ ေပၚတူဂီတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ပြဲအၿပီးမွာေတာ့ ဂိုးမရွိသေရက်ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ျပင္သစ္အသင္းနည္းျပဒက္ခ်မ့္က ေပၚတူဂီအသင္းရဲ႕အဓိကတုိက္စစ္မွဴးစီေရာ္နယ္ဒိုကို ဒီပြဲမွာစြမ္းေဆာင္ ရည္အမ်ားၾကီး မျပႏိုင္ခဲ့တာေၾကာင့္ သူအေနနဲ႔ ေပ်ာ္ရႊင္မိတယ္လို႕လည္း ေျပာခဲ့ပါတယ္။
ျပင္သစ္နဲ႔ပြဲမွာ စီေရာ္နယ္ဒိုအေနနဲ႔ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့တယ္ဆိုေပမယ့္ ဂိုးေပါက္ျခိမ္းေျခာက္မႈ သံုးၾကိမ္သာ ျပဳလုပ္ႏိုင္ ခဲ့တယ္လို႔လည္း သိရပါတယ္။ ေပၚတူဂီနဲ႔ ျပင္သစ္တို႔ဟာ ေနးရွင္းလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္ပြဲစဥ္ေတြမွာ ရမွတ္ ၇ မွတ္စီရရွိ ထားၿပီး ဂိုးကြာျခားခ်က္အရ ေပၚတူဂီက အုပ္စုကို ဦးေဆာင္ေနတာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ျပင္သစ္နည္းျပ ဒက္ခ်မ့္က “ အသင္းအေနနဲ႔ အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းမွာ စီေရာ္နယ္ဒိုလို ကစားသမားေကာင္းပါဝင္ေနသလို ေပၚတူဂီကလည္း အသင္းေကာင္းတစ္သင္းပါ။ကြ်န္ေတာ္တို႔ အႏိုင္ရ ေလာက္တဲ့အခြင့္အေရးေတြ ရခဲ့တယ္ဆိုေပမယ့္ အသံုးမခ်ႏိုင္ခဲ့ပါဘူး။ စီေရာ္နယ္ဒိုကို အခြင့္အေရးေတြအမ်ားၾကီး မေပး ခဲ့တာအတြက္လည္း ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာခဲ့ါပတယ္။
ေပၚတူဂီနဲ႔ ပြဲမွာ ျပင္သစ္နည္းျပဒက္ခ်မ့္အေနနဲ႔ ကစားကြက္အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ကြင္းလယ္လူ ေပါ့ဘာ၊ ကန္တီနဲ႔ ရာဘီေရာ့ဗ္တို႔ကို အသံုးျပဳခဲ့ၿပီး ဂရစ္ဇ္မန္းကိုေတာ့ တိုက္စစ္နဲ႔ ခ်ိတ္ဆက္တဲ့ကစားသမားအျဖစ္ အသံုးျပဳခဲ့ပါတယ္။ ပြဲအၿပီး မွာ ဒက္ခ်မ့္က အသင္းရဲ႕ကြင္းလယ္စြမ္းေဆာင္ရည္ကို ေက်နပ္ၿပီး ဂရစ္ဇ္မန္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ေက်နပ္ေၾကာင္း ေျပာခဲ့ပါတယ္။