ယူကရိန်းကို အနိုင်ရတဲ့ပွဲမှာ ပြင်သစ်အသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဂီရော့ဒ်

ပြီးခဲ့တဲ့နေ့က ယူကရိန်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပြင်သစ်အသင်းက ခုနှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲ မှာ တိုက်စစ်မှူး ဂီရော့ဒ်က ပြင်သစ်အသင်းအတွက် သူရဲ့ပွဲ ၁၀၀ မြောက်အဖြစ် ကစားခွင့်ရခဲ့ပါတယ်။ ယူကရိန်းကို အနိုင် ရတဲ့ပွဲမှာ ဂီရော့ဒ်ဟာ ပြင်သစ်အတွက် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးခဲ့နိုင်တာကြောင့်လည်း အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၂ ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။


ဂီရော့ဒ် ဟာ ပြင်သစ်ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပလာတီနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော် ပြကြပေမယ့် ပြင်သစ်အသင်းအတွက် ဂိုးသွင်းအများဆုံးစာရင်းမှာ ၁၂၃ ပွဲ ကစားပြီး ၅၁ ဂိုးသွင်းယူထားတဲ့ သီယာရီ အွန်နရီ ရဲ့နောက်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် ပွဲ ၁၀၀ ကျော်ကစားထားတဲ့ ကစားသမားက ၇ ယောက်အထိရှိပြီး နောက်ခံလူ လီလီယန်သူရမ်က ၁၄၂ ပွဲနဲ့ အများဆုံးကစားထားသူ ဖြစ်ပါတယ်။


ရန်းနက်စ်လူငယ်ကစားသမား ကာမာဗင်ဂါ အနေနဲ့လည်း ၁၉၁၄ ခုနှစ်နောက်ပိုင်း ပြင်သစ်အသင်းကြီးအတွက် အသက်အ ငယ်ဆုံးကစားခွင့်ရသူဖြစ်လာခဲ့ပါတယ်။ အသက် ၁၇ နှစ် ၁၁ လရှိနေပြီဖြစ်တဲ့ ကာမာဗင်ဂါထက် အသက်ငယ်ပြီး ပွဲထွက် ခွင့်ရခဲ့တဲ့သူကတော့ ဂတ်စ်တီဂါ ဖြစ်ပြီး အသက် ၁၇ နှစ် ၅ လနဲ့ ၁၉၁၄ ခုနှစ် မတ်လက ပြင်သစ်အသင်းကြီးအတွက် ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။


နည်းပြ ဒက်ချမ်ရဲ့လက်အောက်မှာ ခြေစွမ်းကောင်းရနေတဲ့ ပြင်သစ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ပွဲဆက် ရှုံးပွဲမရှိခဲ့သလို လာမယ့် တနင်္ဂနွေနေ့မှာလည်း ပြီးခဲ့တဲ့နှစ်က နေးရှင်းလိဂ်ချန်ပီယံ ပေါ်တူဂီအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။ပြင်သစ်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီ၊ခရိုအေရှား၊ဆွီဒင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နှစ်ပွဲကစားပြီးချိန်မှာ ၆ မှတ်ရရှိ ထားတာ ဖြစ်ပါတယ်။

zawgyi version

ယူကရိန္းကို အႏိုင္ရတဲ့ပြဲမွာ ျပင္သစ္အသင္းအတြက္ ပြဲ ၁၀၀ ျပည့္ေျမာက္ခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္မွဴး ဂီေရာ့ဒ္
ၿပီးခဲ့တဲ့ေန႔က ယူကရိန္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ အသင္းအတြက္ ျပင္သစ္အသင္းက ခုႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒီပြဲ မွာ တိုက္စစ္မွဴး ဂီေရာ့ဒ္က ျပင္သစ္အသင္းအတြက္ သူရဲ႕ပြဲ ၁၀၀ ေျမာက္အျဖစ္ ကစားခြင့္ရခဲ့ပါတယ္။ ယူကရိန္းကို အႏိုင္ ရတဲ့ပြဲမွာ ဂီေရာ့ဒ္ဟာ ျပင္သစ္အတြက္ အႏိုင္ဂိုး ႏွစ္ဂိုးသြင္းယူေပးခဲ့ႏိုင္တာေၾကာင့္လည္း အသင္းအတြက္ စုစုေပါင္း သြင္းဂိုး ၄၂ ဂိုးအထိ ရွိခဲ့ၿပီျဖစ္ပါတယ္။
ဂီေရာ့ဒ္ ဟာ ျပင္သစ္ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ပလာတီနီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ ျပၾကေပမယ့္ ျပင္သစ္အသင္းအတြက္ ဂိုးသြင္းအမ်ားဆံုးစာရင္းမွာ ၁၂၃ ပြဲ ကစားၿပီး ၅၁ ဂိုးသြင္းယူထားတဲ့ သီယာရီ အြန္နရီ ရဲ႕ေနာက္မွာပဲ ရွိေနေသးတာျဖစ္ပါတယ္။ ျပင္သစ္အသင္းအတြက္ ပြဲ ၁၀၀ ေက်ာ္ကစားထားတဲ့ ကစားသမားက ၇ ေယာက္အထိရွိၿပီး ေနာက္ခံလူ လီလီယန္သူရမ္က ၁၄၂ ပြဲနဲ႔ အမ်ားဆံုးကစားထားသူ ျဖစ္ပါတယ္။
ရန္းနက္စ္လူငယ္ကစားသမား ကာမာဗင္ဂါ အေနနဲ႔လည္း ၁၉၁၄ ခုႏွစ္ေနာက္ပိုင္း ျပင္သစ္အသင္းၾကီးအတြက္ အသက္အ ငယ္ဆံုးကစားခြင့္ရသူျဖစ္လာခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္ ၁၁ လရွိေနၿပီျဖစ္တဲ့ ကာမာဗင္ဂါထက္ အသက္ငယ္ၿပီး ပြဲထြက္ ခြင့္ရခဲ့တဲ့သူကေတာ့ ဂတ္စ္တီဂါ ျဖစ္ၿပီး အသက္ ၁၇ ႏွစ္ ၅ လနဲ႔ ၁၉၁၄ ခုႏွစ္ မတ္လက ျပင္သစ္အသင္းၾကီးအတြက္ ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
နည္းျပ ဒက္ခ်မ္ရဲ႕လက္ေအာက္မွာ ေျခစြမ္းေကာင္းရေနတဲ့ ျပင္သစ္ဟာ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၁၀ပြဲဆက္ ရႈံးပြဲမရွိခဲ့သလို လာမယ့္ တနဂၤေႏြေန႔မွာလည္း ၿပီးခဲ့တဲ့ႏွစ္က ေနးရွင္းလိဂ္ခ်န္ပီယံ ေပၚတူဂီအသင္းနဲ႔ ကစားရဖို႔ ရွိေနပါတယ္။ျပင္သစ္ဟာ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ေပၚတူဂီ၊ခရိုေအရွား၊ဆီြဒင္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး ႏွစ္ပြဲကစားၿပီးခ်ိန္မွာ ၆ မွတ္ရရွိ ထားတာ ျဖစ္ပါတယ္။