သူ႔ပရိသတ္ေတြ ဘာလို႔သည္းသည္းလႈပ္ျဖစ္ေနလဲဆိုတာကို ျပသခဲ့တဲ့ ေရာ္နယ္ဒို

လစ်သူယေးနီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရွေးစင်ကစားသမားဘဝမှာ ၉ ကြိမ်မြောက်ဟက်ထရစ်ရရှိခဲ့တာဖြစ်ပြီး ကစားသမားဘဝမှာတော့ ၅၅ ကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့ကာ အသင်းကို ခြေစစ်ပွဲအောင်မြင်စေဖို့ ခြေတစ်လှမ်းတိုးစေခဲ့ပါတယ်။

နိုင်ငံတကာသွင်းဂိုး ၉၈ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လူဇင်ဘတ်နဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ရုံနဲ့ ဥရောပမှာ နိုင်ငံတကာဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ်နဲ့လည်း အီရန်တိုက်စစ်မှူးဟောင်းအလီဒါယေးရဲ့နောက်မှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

လစ်သူယေးနီးယားနဲ့ပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာတော့ ဂျူဗင်တပ်စ်ဂျာစီကို ဝတ်ဆင်ထားတဲ့ ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးက လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး ကွင်းအတွင်းကို ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါပရိသတ်ကို လုံခြုံရေးတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပေမယ့်လည်း ရော်နယ်ဒိုကတော့ ပရိသတ်နဲ့အတူ ဆဲလ်ဖီရိုက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

ပရိသတ်နဲ့အတူ ပွေ့ဖက်ထားတဲ့ ဓာတ်ပုံကို အရိုက်ခံပြီးနောက်မှာတော့ လုံခြုံရေးများက ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ကြပါတယ်။ ပရိသတ်အနေနဲ့လည်း ရော်နယ်ဒိုရဲ့ အလေးထားမှုကြောင့် ကွင်းအတွင်းမှာ ငိုကြွေးခဲ့ပြီး သူ့ရဲ့စိတ်ခံစားမှုကို ပြသခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ မကြာခဏဆိုသလို ဒီလိုအဖြစ်အပျက်မျိုးတွေကို ကြုံတွေ့နေရသူဖြစ်ပြီး အများအားဖြင့် ပရိသတ်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလေ့ရှိသူလို့လည်း နာမည်ကောင်းရရှိထားသူဖြစ်ပါတယ်။

Zawgyi

လစ္သူေယးနီးယားနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေပၚတူဂီတိုက္စစ္မွဴးေရာ္နယ္ဒိုက အသင္းအတြက္ ဟက္ထရစ္သြင္းယူျပီး ေျခစြမ္းျပခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ လက္ေရြးစင္ကစားသမားဘ၀မွာ ၉ ၾကိမ္ေျမာက္ဟက္ထရစ္ရရွိခဲ့တာျဖစ္ျပီး ကစားသမားဘ၀မွာေတာ့ ၅၅ ၾကိမ္ေျမာက္ ဟက္ထရစ္ကို ရယူႏိုင္ခဲ့ကာ အသင္းကို ေျခစစ္ပြဲေအာင္ျမင္ေစဖို႔ ေျခတစ္လွမ္းတိုးေစခဲ့ပါတယ္။

 

ႏိုင္ငံတကာသြင္းဂုိး ၉၈ ဂိုးအထိ ရရွိသြားခဲ့ျပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ လူဇင္ဘတ္နဲ႔ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ရံုနဲ႔ ဥေရာပမွာ ႏိုင္ငံတကာဂိုး ၁၀၀ ျပည့္တဲ့ ပထမဆံုးကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာသြင္းဂိုး ၁၀၀ ျပည့္တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္နဲ႔လည္း အီရန္တိုက္စစ္မွဴးေဟာင္းအလီဒါေယးရဲ႕ေနာက္မွာ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။

 

လစ္သူေယးနီးယားနဲ႔ပြဲစဥ္ရဲ႕ နာက်င္အခ်ိန္ပိုမွာေတာ့ ဂ်ဴဗင္တပ္စ္ဂ်ာစီကို ၀တ္ဆင္ထားတဲ့ ေရာ္နယ္ဒိုရဲ႕ ပရိသတ္တစ္ဦးက လံုျခံဳေရးေတြကို ေက်ာ္ျဖတ္ျပီး ကြင္းအတြင္းကို ၀င္ေရာက္လာခဲ့ပါတယ္။ အဆိုပါပရိသတ္ကို လံုျခံဳေရးေတြက ၀ိုင္း၀န္းဖမ္းဆီးခဲ့ၾကေပမယ့္လည္း
ေရာ္နယ္ဒိုကေတာ့ ပရိသတ္နဲ႔အတူ ဆဲလ္ဖီရိုက္ခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့ျပီး ပရိသတ္ဆႏၵကို ျဖည့္ဆည္းေပးခဲ့ပါတယ္။

 

ပရိသတ္နဲ႔အတူ ေပြ႔ဖက္ထားတဲ့ ဓာတ္ပံုကို အရိုက္ခံျပီးေနာက္မွာေတာ့ လံုျခံဳေရးမ်ားက ထိန္းသိမ္းေခၚေဆာင္သြားခဲ့ၾကပါတယ္။ ပရိသတ္အေနနဲ႔လည္း ေရာ္နယ္ဒိုရဲ႕ အေလးထားမႈေၾကာင့္ ကြင္းအတြင္းမွာ ငိုေၾကြးခဲ့ျပီး သူ႔ရဲ႕စိတ္ခံစားမႈကို ျပသခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ မၾကာခဏဆိုသလို ဒီလိုအျဖစ္အပ်က္မ်ိဳးေတြကို ၾကံဳေတြ႔ေနရသူျဖစ္ျပီး အမ်ားအားျဖင့္ ပရိသတ္ေတြရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးေလ့ရွိသူလို႔လည္း နာမည္ေကာင္းရရွိထားသူျဖစ္ပါတယ္။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344