လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ပေါင် ၃၈.၅ သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ အတည်ပြုလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ပေါင် ၃၈.၅ သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ အတည်ပြုသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစဟားသမားဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းနဲ့ ဇူလိုင်မှာ လက်တွဲမှာဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အူပါမီကာနိုကို ခေါ်ယူလိုက်နိုင်လို့ ဝမ်းသာပါတယ်။ အူပါမီကာနိုဟာ ကျွန်တော်တို့အသင်းမှာ လာမယ့်နှစ်တွေအတွင်း အရေးပါမယ့် ကစားသမားတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်” လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘုတ်အဖွဲ့ဝင် က ပြောသွားခဲ့ပါတယ်။

အူပါမီကာနိုကို လီဗာပူးလ် နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ခေါ်ယူရန် လပေါင်းများစွာ စိတ်ဝင်စားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကပဲ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ချ်ကို အူပါမီကာနိုနဲ့ တွဲကစားစေချင်ခဲ့တာဖြစ်ပြီး တူချယ်လ်ကလည်း အားနည်းနေတဲ့ ချဲလ်ဆီးနောက်တန်းကို ဖြည့်တင်းချင်နေပါတယ်။

အူပါမီကာနိုဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး မနှစ်ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နဲ့ ဘွန်ဒက်စ်လီဂါ အဆင့် (၃) မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသူတစ်ယောက်ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက နောက်ခံလူ အလာဘာဟာ ရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာမှာဖြစ်လို့ ယခုလိုပဲ အစားထိုးရန် ခေါ်ယူလိုက်တာပါ။

လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေပါင္ ၃၈.၅ သနး္နဲ႔ ေခၚယူလိုက္ႏိုင္ၿပီလို႔ အတည္ျပဳလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္အသင္းဟာ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေပါင္ ၃၈.၅ သန္းနဲ႔ ေခၚယူလိုက္ႏိုင္ၿပီလို႔ အတည္ျပဳသြားခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစဟားသမားဟာ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံအသင္းနဲ႔ ဇူလိုင္မွာ လက္တြဲမွာျဖစ္ၿပီး (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ အူပါမီကာႏိုကို ေခၚယူလိုက္ႏိုင္လို႔ ၀မ္းသာပါတယ္။ အူပါမီကာႏိုဟာ ကၽြန္ေတာ္တို႔အသင္းမွာ လာမယ့္ႏွစ္ေတြအတြင္း အေရးပါမယ့္ ကစားသမားတစ္ေယာက္ျဖစ္မယ္လို႔ ယံုၾကည္ပါတယ္” လို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘုတ္အဖြဲ႕၀င္ က ေျပာသြားခဲ့ပါတယ္။

အူပါမီကာႏိုကို လီဗာပူးလ္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကလည္း ေခၚယူရန္ လေပါင္းမ်ားစြာ စိတ္၀င္စားခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းကပဲ ေခၚယူလိုက္ႏိုင္တာ ျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္ဟာ အသင္းရဲ႕ အဓိက ေနာက္ခံလူ ဗန္ဒိုက္ခ်္ကို အူပါမီကာႏိုနဲ႔ တြဲကစားေစခ်င္ခဲ့တာျဖစ္ၿပီး တူခ်ယ္လ္ကလည္း အားနည္းေနတဲ့ ခ်ဲလ္ဆီးေနာက္တန္းကို ျဖည့္တင္းခ်င္ေနပါတယ္။

အူပါမီကာႏိုဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ေျခစြမ္းျပကစားေနသူျဖစ္ၿပီး မႏွစ္ကလည္း ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ နဲ႔ ဘြန္ဒက္စ္လီဂါ အဆင့္ (၃) မွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးထားသူတစ္ေယာက္ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက ေနာက္ခံလူ အလာဘာဟာ ရာသီကုန္ရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းက ထြက္ခြာမွာျဖစ္လို႔ ယခုလိုပဲ အစားထိုးရန္ ေခၚယူလိုက္တာပါ။