မူစီယာလာ အနေနဲ့ အင်္ဂလန်ကို ချန်လှပ်ပြီး ဂျာမနီကို ရွေးချယ်မယ်လို့ ယုံကြည်ချက်ရှိနေတဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လို

ဂျာမနီနည်းပြဂျိုအာချင်လိုက ဘိုင်ယန်မြူးနစ်အသင်းမှာ နာမည်ကျော်နေတဲ့ လူငယ်ကစားသမား ဂျမဲလ်မူစီယာလာအနေနဲ့ ဂျာမနီအသင်းကို ရွေးချယ်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ ဂျာမနီအသင်းဟာ ချဲလ်ဆီးလူငယ်ကစားသမားဟောင်း မူစီယာလာအနေနဲ့ အနာဂတ်မှာ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားမယ့် ဆုံးဖြတ်ချက်အတွက် အင်္ဂလန်ကို ချန်လှပ်ပြီး သူတု့ိကို ရွေးချယ်မယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်အသင်း ဟော့ဖန်ဟိမ်းအသင်းကို (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မူစီယာလာ နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းများက ဖော်ပြနေပါတယ်။ ဂျိုအာချင်လိုဟာ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ဆယ်ကျော်သက်ကစားသမား နဲ့ မတွေ့ဆုံခင်ကတည်းက နှစ်သက်သဘောကျနေသူဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ စတုဂတ်နွယ်ဖွားဖြစ်ပေမယ့် လန်ဒန်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

သူဟာ ဂျာမနီယူ ၁၆ နှစ်အောက် လက်ရွေးစင်အသင်းအတွက် (၂) ကြိမ်ကစားပေးခဲ့ဖူးပြီး အင်္ဂလန်ယူ ၂၁ နှစ်အောက် လက်ရွေးစင်အသင်းမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကအပါအဝင် (၂) ကြိမ်ကစားပေးထားသူပါ။ ကစားသမားလေးအနေနဲ့ အင်္ဂလန် ကို ရွေးမလား ဂျာမနီကို ရွေးမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မူစီယာလာ အေနနဲ႔ အဂၤလန္ကို ခ်န္လွပ္ၿပီး ဂ်ာမနီကို ေရြးခ်ယ္မယ္လို႔ ယံုၾကည္ခ်က္ရွိေနတဲ့ ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လို

ဂ်ာမနီနည္းျပဂ်ိဳအာခ်င္လိုက ဘိုင္ယန္ျမဴးနစ္အသင္းမွာ နာမည္ေက်ာ္ေနတဲ့ လူငယ္ကစားသမား ဂ်မဲလ္မူစီယာလာအေနနဲ႔ ဂ်ာမနီအသင္းကို ေရြးခ်ယ္မယ္လို႔ ယံုၾကည္ခ်က္ရွိေနပါတယ္။ ဂ်ာမနီအသင္းဟာ ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္း မူစီယာလာအေနနဲ႔ အနာဂတ္မွာ ႏိုင္ငံလက္ေရြးစင္အသင္းမွာ ကစားမယ့္  ဆံုးျဖတ္ခ်က္အတြက္ အဂၤလန္ကို ခ်န္လွပ္ၿပီး သူတု႔ိကို ေရြးခ်ယ္မယ္လို႔ ယံုၾကည္မႈရွိေနတာ ျဖစ္ပါတယ္။

ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုက ၿပီးခဲ့တဲ့အပတ္က ဘိုင္ယန္ျမဴးနစ္အသင္း ေဟာ့ဖန္ဟိမ္းအသင္းကို (၄-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ မူစီယာလာ နဲ႔ ေတြ႕ဆံုခဲ့တယ္လို႔ သတင္းမ်ားက ေဖာ္ျပေနပါတယ္။ ဂ်ိဳအာခ်င္လိုဟာ ဂ်ာမန္ေဘာလံုးအဖြဲ႕ခ်ဳပ္က ဆယ္ေက်ာ္သက္ကစားသမား နဲ႔ မေတြ႕ဆံုခင္ကတည္းက ႏွစ္သက္သေဘာက်ေနသူျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားဟာ စတုဂတ္ႏြယ္ဖြားျဖစ္ေပမယ့္ လန္ဒန္မွာ ႀကီးျပင္းခဲ့သူျဖစ္ပါတယ္။

သူဟာ ဂ်ာမနီယူ ၁၆ ႏွစ္ေအာက္ လက္ေရြးစင္အသင္းအတြက္ (၂) ႀကိမ္ကစားေပးခဲ့ဖူးၿပီး အဂၤလန္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္အသင္းမွာလည္း ၿပီးခဲ့တဲ့ ႏို၀င္ဘာလကအပါအ၀င္ (၂) ႀကိမ္ကစားေပးထားသူပါ။ ကစားသမားေလးအေနနဲ႔ အဂၤလန္ ကို ေရြးမလား ဂ်ာမနီကို ေရြးမလားဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။