ဆရာဟောင်း အန်ဆယ်လော့တီနဲ့ လက်တွဲဖို့ ငြင်းခဲ့ပြီး ဟာသာဘာလင်ကို ပြောင်းရွှေ့သွားတဲ့ ခီဒီရာ


ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ခီဒီရာဟာ အသင်းနဲ့ သဘောတူလမ်းခွဲအပြီး မှာတော့ ဂျာမန်ကလပ်ဖြစ်တဲ့ ဟာသာဘာလင်ကို ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။ ခီဒီရာကို ခေါ်ယူဖို့ ရီးရဲလ်နည်း ပြဟောင်း အန်ဆယ်လော့တီ ကိုင်တွယ်နေတဲ့ အဲဗာတန်ကလည်း စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဟာ သာဘာလင်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခီဒီရာဟာ ရီးရဲလ်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ခဲ့စဉ်တုန်းက အဓိက,ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရခဲ့တဲ့ချန်ပီယံလိဂ် အပါအဝင် စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား တွေကိုလည်း ရရှိခဲ့ပါတယ်။ ခီဒီရာဟာ ဂျူဗင်တပ်အသင်းမှာ ၅နှစ်ခွဲကစားခဲ့ချိန်အတွင်းမှာ စီးရီးအေချန်ပီယံဆု ၅ ကြိမ် ရခဲ့ ပေမယ့် ဒဏ်ရာမကြာခဏ ရမှုတွေကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူလည်း ဖြစ်ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဟာသာဘာလင်အသင်းဟာ ခီဒီရာကို ၂ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ ဟာသာဘာလင်အသင်းကို ပြောင်းရွှေ့ပြီးနောက်မှာတော့ အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ခီဒီရာ က “ အသင်းအနေနဲ့ ကျွန်တော်ကို ဂျာမနီမြေကို ပြန်ရောက်လာဖို့အတွက် အများကြီးအားစိုက်ထုတ်ခဲ့ပါတယ်။ ကြံခိုင်မှု အပြည့်အဝရှိနေတာကြောင့် အပြာနဲ့အဖြူကြားဂျာစီကို ဝတ်ပြီး အသင်းအတွက်ကစားပေးဖို့ အဆင်သင့်ပါပဲ” ဆိုပြီး ပြောခဲ့ ပါတယ်။

zawgyi version
