ရှော်ကေးကို လေးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဂန္တဝင်ကစားသမား အိုလီဗာခန်းရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ နူအာ


ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှော်ကေးနဲ့ ပွဲစဉ်မှာတော့ ပေးဂိုးမပေးခဲ့ရတာကြောင့် ကစားသမားဘဝဟာ ဂိုးမပေးရတဲ့လိဂ်ပွဲက ၁၉၆ အထိရှိခဲ့ပြီး ကစားသမားဟောင်း အိုလီဗာခန်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီစံချိန်ကိုတော့ အိုလီဗာခန်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ် က ပေးဂိုးမရှိတဲ့ပွဲ ၁၉၆ ပွဲစံချိန်ကို တင်ထားခဲ့နိုင်တာပဲ ဖြစ်ပါတယ်။


အိုလီဗာခန်းအနေနဲ့ ပေးဂိုးမရှိတဲ့ပွဲအရေအတွက် ၁၉၆ ပွဲရဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ကာရှုဟာ အသင်းတွေမှာ ၅၅၇ ပွဲ ကစားခဲ့ရတာဖြစ်ပေမယ့် နူအာကတော့ ဘိုင်ယန်မြူးနစ်နဲ့ အသင်းဟောင်း ရှော်ကေးအတွက် ၄၂၃ ပွဲကစားပြီးချိန်မှာ ရရှိခဲ့ တာကြောင့် အိုလီဗာခန်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဖော်ပြခံရတာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ နူအာအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းတိုး ခဲ့တယ်လို့လည်း သိရပါတယ်။


နောက်ဆုံးလိဂ် ၃ ပွဲဆက်နိုင်ပွဲရပြီးနောက် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒုတိယနေရာက လစ်ပ်ဇစ်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ ရှော်ကေးကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက်အနိုင်ဂိုး နှစ်ဂိုးသွင်းယူ ပေးခဲ့ တဲ့ တိုက်စစ်မှူး မူလာက အစောပိုင်းမှာ ရှော်ကေးအသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကနေ ဂိုးမပေးခဲ့ရတာက အသင်း ရဲ့ နိုင်ပွဲအတွက် အရေးပါတယ်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

zawgyi version

ေရွာ္ေကးကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဂႏၲဝင္ကစားသမား အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္တဲ့ ႏူအာ
ကမ႓ာ့အေကာင္းဆံုးဂိုးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံရတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေရွာ္ေကးနဲ႔ ပြဲစဥ္မွာေတာ့ ေပးဂိုးမေပးခဲ့ရတာေၾကာင့္ ကစားသမားဘဝဟာ ဂိုးမေပးရတဲ့လိဂ္ပြဲက ၁၉၆ အထိရွိခဲ့ၿပီး ကစားသမားေဟာင္း အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီစံခ်ိန္ကိုေတာ့ အိုလီဗာခန္းဟာ လြန္ခဲ့တဲ့ ၁၃ ႏွစ္ က ေပးဂိုးမရွိတဲ့ပြဲ ၁၉၆ ပြဲစံခ်ိန္ကို တင္ထားခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။
အိုလီဗာခန္းအေနနဲ႔ ေပးဂိုးမရွိတဲ့ပြဲအေရအတြက္ ၁၉၆ ပြဲရဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္နဲ႔ ကာရႈဟာ အသင္းေတြမွာ ၅၅၇ ပြဲ ကစားခဲ့ရတာျဖစ္ေပမယ့္ ႏူအာကေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ အသင္းေဟာင္း ေရွာ္ေကးအတြက္ ၄၂၃ ပြဲကစားၿပီးခ်ိန္မွာ ရရွိခဲ့ တာေၾကာင့္ အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပခံရတာပဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကစားတာ ၁၀ ႏွစ္ရွိ္ၿပီျဖစ္တဲ့ ႏူအာအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိရွိမယ့္ စာခ်ဳပ္သက္တမ္းတိုး ခဲ့တယ္လို႔လည္း သိရပါတယ္။
ေနာက္ဆံုးလိဂ္ ၃ ပြဲဆက္ႏိုင္ပြဲရၿပီးေနာက္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဒုတိယေနရာက လစ္ပ္ဇစ္ကို ၇ မွတ္အထိ ျဖတ္ထားႏိုင္ပါတယ္။ ေရွာ္ေကးကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္အႏိုင္ဂိုး ႏွစ္ဂိုးသြင္းယူ ေပးခဲ့ တဲ့ တိုက္စစ္မွဴး မူလာက အေစာပိုင္းမွာ ေရွာ္ေကးအသင္းရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြကေန ဂိုးမေပးခဲ့ရတာက အသင္း ရဲ႕ ႏိုင္ပြဲအတြက္ အေရးပါတယ္လို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။