ပေါင် ၅၅ သန်းပေးပြီး အူပါမီကာနိုကို လီဗာပူးထက် ဦးပြီး ခေါ်ယူနိုင်ဖို့ လုပ်နေတယ်လို့ ဖော်ပြခံရတဲ့ ယူနိုက်တက်


ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ လုပ်ဆောင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးထက် လက်ဦးမှုရယူနိုင်မယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိနွေရာသီရောက် အူပါမီကာနိုရဲ့ စာချုပ်ပါလျော်ကြေးက ပေါင် ၃၈ သန်းသာရှိတော့ တာကြောင့် အခြားအသင်းကြီးတွေ စောင့်ကြည့်နေချိန်မှာ ယူနိုက်တက်ကတော့ ပေါင် ၅၅ သန်းအသုံးပြုပြီး ခေါ်ယူဖို့ လုပ် ဆောင်နေတာပဲ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ အူပါမီကာနိုဟာ လစ်ပ်ဇစ်အသင်းနဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီအကုန်မှ စာချုပ်သက်တမ်းကုန် ဆုံးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ရီးရဲလ်နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့အဆင်မပြေဖြစ်ပြီး နောက်မှာ အူပါမီကာနိုကို ခေါ်ယူဖို့အတွက် လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း ကာလရှည်အ နားယူနေရတဲ့ ဗန်ဒိုက်ခ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အူပါမီကာနိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။


လီဗာပူးအသင်းအနေနဲ့ ဗန်ဒိုက်ခ်၊ ဂိုမက်ဇ်တို့ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် အူပါမီကာနိုကို ခေါ်ယူဖို့ နှောင့် နှေးနေတာဖြစ်ပြီး ယူနိုက်တက်ကတော့ လက်ဦးမှုရဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ Sunsport ရဲ့ဖော်ပြချက်အရ တော့ ယူနိုက်တက်ဟာ အူပါမီကာနို ကိုခေါ်ယူဖို့အတွက် ကစားသမားအသက် ၁၆ နှစ်အရွယ်ကတည်းက ကြိုးပမ်းခဲ့ဖူး တယ်လို့လည်း သိရပါတယ်။

zawgyi version

ေပါင္ ၅၅ သန္းေပးၿပီး အူပါမီကာႏိုကို လီဗာပူးထက္ ဦးၿပီး ေခၚယူႏိုင္ဖို႔ လုပ္ေနတယ္လို႔ ေဖာ္ျပခံရတဲ့ ယူႏိုက္တက္
ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္အေနနဲ႔ လုပ္ေဆာင္ေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လီဗာပူးထက္ လက္ဦးမႈရယူႏိုင္မယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ လက္ရွိေႏြရာသီေရာက္ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္ ၃၈ သန္းသာရွိေတာ့ တာေၾကာင့္ အျခားအသင္းႀကီးေတြ ေစာင့္ၾကည့္ေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ ေပါင္ ၅၅ သန္းအသံုးျပဳၿပီး ေခၚယူဖို႔ လုပ္ ေဆာင္ေနတာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ အူပါမီကာႏိုဟာ လစ္ပ္ဇစ္အသင္းနဲ႔ ၂၀၂၁-၂၂ ေဘာလံုးရာသီအကုန္မွ စာခ်ဳပ္သက္တမ္းကုန္ ဆံုးမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔အဆင္မေျပျဖစ္ၿပီး ေနာက္မွာ အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္လာတာပဲ ျဖစ္ပါတယ္။ လီဗာပူးအသင္းကလည္း ကာလရွည္အ နားယူေနရတဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အူပါမီကာႏိုကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။
လီဗာပူးအသင္းအေနနဲ႔ ဗန္ဒိုက္ခ္၊ ဂိုမက္ဇ္တို႔ ဒဏ္ရာကေန ျပန္သက္သာလာတာေၾကာင့္ အူပါမီကာႏိုကို ေခၚယူဖို႔ ေႏွာင့္ ေႏွးေနတာျဖစ္ၿပီး ယူႏိုက္တက္ကေတာ့ လက္ဦးမႈရဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ Sunsport ရဲ႕ေဖာ္ျပခ်က္အရ ေတာ့ ယူႏိုက္တက္ဟာ အူပါမီကာႏို ကိုေခၚယူဖို႔အတြက္ ကစားသမားအသက္ ၁၆ ႏွစ္အရြယ္ကတည္းက ႀကိဳးပမ္းခဲ့ဖူး တယ္လို႔လည္း သိရပါတယ္။