ယူနိုက်တက်၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အူပါမီကာနိုကို လက်ဦးမှုရယူဖို့ လုပ်နေတဲ့ ဘိုင်ယန် မြူးနစ်


ဘိုင်ယန်မြူးနစ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားချိန်မှာတော့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ အူပါမီကာနိုရဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက် ၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့က စောင့်ကြည့်နေပေမယ့် သူရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့ နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ် စီအီးအိုဖြစ်တဲ့ ရူမင်နစ်ကီက အူပါမီကာနိုကို ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတာကို အတည်ပြုသွားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေ မခေါ်ယူခင်မှာ အရခေါ်နိုင်ဖို့ လုပ်ဆောင်သွားမှာလို့လည်း ပြောသွားခဲ့ပါတယ်။ အူပါမီ ကာနိုကလည်း ဒီရာသီအကုန်မှာ လစ်ပ်ဇစ်ကနေ ထွက်ပြီး အခြားအသင်းကို ပြောင်းရွှေ့ဖို့အလိုရှိနေတာကြောင့် ဇန်နဝါရီ ဈေးကွက်မပိတ်ခင်မှာပဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာတယ်လို့ သိရပါတယ်။


အူပါမီကာနိုဟာ လစ်ပ်ဇစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားတာကြောင့် သူရဲ့ စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ပေါင် ၄၅ သန်းကို ပေးချေနိုင်မှာသာ ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအ နေနဲ့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ အလိုရှိနေပေမယ့် စာချုပ်ပါလျော်ကြေးကို ပေးချေလိုခြင်း မရှိတာကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အူပါမီကာႏိုကို လက္ဦးမႈရယူဖို႔ လုပ္ေနတဲ့ ဘိုင္ယန္ ျမဴးနစ္
ဘိုင္ယန္ျမဴးနစ္အသင္းက ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ထားခ်ိန္မွာေတာ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ အူပါမီကာႏိုရဲ႕ ေျခစြမ္းေၾကာင့္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ ယူႏိုက္တက္ ၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က ေစာင့္ၾကည့္ေနေပမယ့္ သူရဲ႕ ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ စီအီးအိုျဖစ္တဲ့ ႐ူမင္နစ္ကီက အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတာကို အတည္ျပဳသြားခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြ မေခၚယူခင္မွာ အရေခၚႏိုင္ဖို႔ လုပ္ေဆာင္သြားမွာလို႔လည္း ေျပာသြားခဲ့ပါတယ္။ အူပါမီ ကာႏိုကလည္း ဒီရာသီအကုန္မွာ လစ္ပ္ဇစ္ကေန ထြက္ၿပီး အျခားအသင္းကို ေျပာင္းေရႊ႕ဖို႔အလိုရွိေနတာေၾကာင့္ ဇန္နဝါရီ ေစ်းကြက္မပိတ္ခင္မွာပဲ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕မယ္ဆိုတဲ့ ခန္႔မွန္းမႈေတြလည္း ထြက္ေပၚလာတယ္လို႔ သိရပါတယ္။
အူပါမီကာႏိုဟာ လစ္ပ္ဇစ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိရွိမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုထားတာေၾကာင့္ သူရဲ႕ စာခ်ဳပ္ပါ ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၄၅ သန္းကို ေပးေခ်ႏိုင္မွာသာ ေခၚယူႏိုင္မွာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအ ေနနဲ႔ အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အူပါမီကာႏိုကို ေခၚယူဖို႔ အလိုရွိေနေပမယ့္ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပးေခ်လိုျခင္း မရွိတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ လက္ဦးမႈရယူႏိုင္ဖို႔ အခြင့္အေရးရွိေနတယ္လို႔လည္း သိရပါတယ္။