လက်ရှိခံစစ်ကြောင့် ဘိုင်ယန်မြူးနစ်တစ်သင်းလုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ဖြစ်နေတယ်လို့ ပြောခဲ့တဲ့ ဖိလစ်


ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖိလစ်က လက်ရှိအသင်းရဲ့ခံစစ်ကြောင့် အသင်းနဲ့သက်ဆိုင်သူအားလုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ပွဲ ၅ ပွဲစလုံးပြိုင်ဘက် အသင်းတွေရဲ့ ဂိုးသွင်းယူခြင်းကိုခံခဲ့ရပြီး နောက်ဆုံး ၂ ပွဲဆက်လည်း အရေးနိမ့်ခဲ့ပါတယ်။ ဂလက်ဘတ်ကို ရှုံးတဲ့ပွဲမှာ ဆိုရင်လည်း နှစ်ဂိုးပြတ်အနိုင်ရနေပြီးမှာ ရှုံးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖလားအပါအဝင် တစ်ရာသီတည်း ဖလားသုံးလုံးရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်မှာ လည်း ထပ်မံရယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ပိုကယ်ဖလား ပွဲစဉ်မှာ ဘွန်ဒက်လီဂါ-၂ ကလပ်ဟိုစတိန်းကီးလ် ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာကြောင့် ဖလားသုံးလုံး အိပ်မက်ပျက်ခဲ့ရသလို မီဒီယာတွေရဲ့ ဝေဖန်ခြင်းကိုလည်း အကြီးအကျယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


ဒီတစ်ပတ်ကစားမယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ဟာ ခြေတက်နေတဲ့ ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ် တာကြောင့် နည်းပြ ဟန်ဆီဖိလစ်အနေနဲ့ အသင်းအတွက် စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ ဖရိုင်းဘတ်ဟာ နောက်ဆုံးကစားခဲ့ တဲ့ ဘွန်ဒက်လီဂါ ၅ ပွဲဆက်အနိုင်ရထားခဲ့သလို အဲ့ဒီ ၅ ပွဲမှာလည်းပြိုင်ဘက်အသင်းတွေကို အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

zawgyi version

လက္ရွိခံစစ္ေၾကာင့္ ဘိုင္ယန္ျမဴးနစ္တစ္သင္းလံုး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရသလို ျဖစ္ေနတယ္လို႔ ေျပာခဲ့တဲ့ ဖိလစ္
ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီဖိလစ္က လက္ရွိအသင္းရဲ႕ခံစစ္ေၾကာင့္ အသင္းနဲ႔သက္ဆိုင္သူအားလံုး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၅ပြဲ ၅ ပြဲစလံုးၿပိဳင္ဘက္ အသင္းေတြရဲ႕ ဂိုးသြင္းယူျခင္းကိုခံခဲ့ရၿပီး ေနာက္ဆံုး ၂ ပြဲဆက္လည္း အေရးနိမ့္ခဲ့ပါတယ္။ ဂလက္ဘတ္ကို ရႈံးတဲ့ပြဲမွာ ဆိုရင္လည္း ႏွစ္ဂိုးျပတ္အႏိုင္ရေနၿပီးမွာ ရႈံးခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံဖလားအပါအဝင္ တစ္ရာသီတည္း ဖလားသံုးလံုးရရွိခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဟာ ဒီႏွစ္မွာ လည္း ထပ္မံရယူဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ပိုကယ္ဖလား ပြဲစဥ္မွာ ဘြန္ဒက္လီဂါ-၂ ကလပ္ဟိုစတိန္းကီးလ္ ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာေၾကာင့္ ဖလားသံုးလံုး အိပ္မက္ပ်က္ခဲ့ရသလို မီဒီယာေတြရဲ႕ ေဝဖန္ျခင္းကိုလည္း အႀကီးအက်ယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ဒီတစ္ပတ္ကစားမယ့္ ဘြန္ဒက္လီဂါပြဲစဥ္မွာလည္း ဘိုင္ယန္ျမဴးနစ္ဟာ ေျခတက္ေနတဲ့ ဖ႐ိုင္းဘတ္နဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ တာေၾကာင့္ နည္းျပ ဟန္ဆီဖိလစ္အေနနဲ႔ အသင္းအတြက္ စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။ ဖ႐ိုင္းဘတ္ဟာ ေနာက္ဆံုးကစားခဲ့ တဲ့ ဘြန္ဒက္လီဂါ ၅ ပြဲဆက္အႏိုင္ရထားခဲ့သလို အဲ့ဒီ ၅ ပြဲမွာလည္းၿပိဳင္ဘက္အသင္းေတြကို အနည္းဆံုး ၂ ဂိုးနဲ႔အထက္ သြင္းယူႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။