အေးဂျင့် ရွိုင်အိုလာကြောင့် ယူနိုက်တက်ထက် ဘာစီလိုနာကို ရောက်ရှိဖို့ ပိုနီးစပ်နေတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်း


ဥရောပရဲ့အလားအလာ အရှိဆုံးလို့ သတ်မှတ်ခံထားရပြီး အသင်းကြီးတိုင်းက အလိုရှိနေတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်း အနေနဲ့ သူရဲ့အေးဂျင့် ရွိုင်အိုလာကြောင့် ယူနိုက်တက်ကို ရောက်ရှိဖို့ထက် ဘာစီလိုနာကို ရောက်ရှိဖို့ ပိုနီးစပ်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကက်တလန်ယာရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ BarcaCentre ဖော်ပြချက်အရ တော့ အေးဂျင့်ရွိုင်အိုလာအနေနဲ့ သူရဲ့ကစားသမားကို ခေါ်ယူဖို့ ဘာစီလိုနာဘက်ကို ဆက်သွယ်လာတယ်လို့လည်း သိရ ပါတယ်။


ပြီးခဲ့တဲ့ရာသီက ဆဲလ်ဘတ်အသင်းကနေ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ဟာလန်းကို ဥရောပထိပ်သီးအသင်းကြီး တွေက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြီးသတ်မှာတော့ ဒေါ့မန်အသင်းကို သာ ဟာလန်းအနေနဲ့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အေးဂျင့်ရွိုင်အိုလာနဲ့ ဘာစီလိုနာအသင်းကြား ဆက်ဆံရေးကောင်း မှုတွေကြောင့် ဘာစီလိုနာအနေနဲ့ ဟာလန်းကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးများနေတာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာဥက္ကဌလောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရော့ဆန်နဲ့ လာပေါ်တာတို့ နှစ်ဦးစလုံးကလည်း ဟာလန်းကို အသင်းထံခေါ်ယူဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။ ရွိုင်အိုလာကတော့ “ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေး ကောက်ပွဲအပြီးမှာ ဟာလန်းရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖို့များပါတယ်။ ဘယ်သူပဲ ဥက္ကဌဖြစ်ဖြစ် ဟာလန်းကိုခေါ်ယူဖို့ ရှိလာနိုင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာရဲ့ပြိုင်ဘက် ရီးရဲလ်ကတော့ ဟာလန်းထက် ပီအက်စ်ဂျီတိုက်စစ်မှူး အမ် ဘတ်ပီကို ခေါ်ယူဖို့ အလိုရှိတယ်ဆိုပြီး အပြောင်းအရွှေ့သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

zawgyi version

ေအးဂ်င့္ ရြိဳင္အိုလာေၾကာင့္ ယူႏိုက္တက္ထက္ ဘာစီလိုနာကို ေရာက္ရွိဖို႔ ပိုနီးစပ္ေနတဲ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္း
ဥေရာပရဲ႕အလားအလာ အရွိဆံုးလို႔ သတ္မွတ္ခံထားရၿပီး အသင္းႀကီးတိုင္းက အလိုရွိေနတဲ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္း အေနနဲ႔ သူရဲ႕ေအးဂ်င့္ ရြိဳင္အိုလာေၾကာင့္ ယူႏိုက္တက္ကို ေရာက္ရွိဖို႔ထက္ ဘာစီလိုနာကို ေရာက္ရွိဖို႔ ပိုနီးစပ္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ကက္တလန္ယာေရဒီယိုလိုင္းတစ္ခုျဖစ္တဲ့ BarcaCentre ေဖာ္ျပခ်က္အရ ေတာ့ ေအးဂ်င့္ရြိဳင္အိုလာအေနနဲ႔ သူရဲ႕ကစားသမားကို ေခၚယူဖို႔ ဘာစီလိုနာဘက္ကို ဆက္သြယ္လာတယ္လို႔လည္း သိရ ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဆဲလ္ဘတ္အသင္းကေန ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ ဟာလန္းကို ဥေရာပထိပ္သီးအသင္းႀကီး ေတြက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ အၿပီးသတ္မွာေတာ့ ေဒါ့မန္အသင္းကို သာ ဟာလန္းအေနနဲ႔ ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။ ေအးဂ်င့္ရြိဳင္အိုလာနဲ႔ ဘာစီလိုနာအသင္းၾကား ဆက္ဆံေရးေကာင္း မႈေတြေၾကာင့္ ဘာစီလိုနာအေနနဲ႔ ဟာလန္းကိုေခၚယူႏိုင္ဖို႔ အခြင့္အေရးမ်ားေနတာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာဥကၠဌေလာင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ေရာ့ဆန္နဲ႔ လာေပၚတာတို႔ ႏွစ္ဦးစလံုးကလည္း ဟာလန္းကို အသင္းထံေခၚယူဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။ ရြိဳင္အိုလာကေတာ့ “ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္ေရြး ေကာက္ပြဲအၿပီးမွာ ဟာလန္းရဲ႕ အေျပာင္းအေရႊ႕က ျဖစ္လာဖို႔မ်ားပါတယ္။ ဘယ္သူပဲ ဥကၠဌျဖစ္ျဖစ္ ဟာလန္းကိုေခၚယူဖို႔ ရွိလာႏိုင္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာရဲ႕ၿပိဳင္ဘက္ ရီးရဲလ္ကေတာ့ ဟာလန္းထက္ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ ဘတ္ပီကို ေခၚယူဖို႔ အလိုရွိတယ္ဆိုၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ျငင္းပယ္သြားခဲ့ပါတယ္။