ဒုတိယတန်းက အသင်းကို ရှုံးပြီး ပိုကယ်ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပိုကယ်ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်လီဂါဒုတိယ တန်းက ဟိုစတိန်းကီးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာကြောင့် နောက်တစ်ဆင့်ကို အလွယ်တကူတက်ရောက်နိုင်မယ်လို့ ထင် မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟိုစတိန်းကီးလ်အသင်းကို သာမန်ပွဲချိန်အတွင်း အနိုင်မရခဲ့ဘဲ ပင်နယ်တီအဆုံး အဖြတ်ခံယူချိန်မှာတော့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။


အသင်းငယ်ဖြစ်တဲ့ ဟိုစတိန်းကီးလ်နဲ့ ကစားရတာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ဟာ အဓိက,ကစားသမားအများစုကို အသုံး ပြုခဲ့တာကြောင့် နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးပေးလိုက်ရတဲ့ ချေပဂိုးကြောင့်သာ အချိန်ပို ဆက်ကစားခဲ့ရ တာ ဖြစ်ပါတယ်။ အချိန်ပိုမှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ဟိုစတိန်း ကီးလ်အသင်းက ခြောက်ဂိုးငါးဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်ဟာ ၂၀၀၀-၀၁ ဘောလုံးရာသီကတည်းက ဘွန်ဒက်လီဂါ-၂ ကအသင်းတွေနဲ့ ကစားရတိုင်း အနိုင်ရခဲ့ပေ မယ့် ဟိုစတိန်းကီးလ်ကို ရှုံးတဲ့ပွဲ ပထမဆုံး ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်နှစ်အတွင်း ဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်မှာလည်း မနှစ်ကလို အောင်မြင်မှုရဖို့အတွက် လုပ်ဆောင်မယ်လို့ ပြော ထားခဲ့ပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ ပြောစရာတွေက ဖျက်ပယ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

zawgyi version

ဒုတိယတန္းက အသင္းကို ရႈံးၿပီး ပိုကယ္ဖလား ၿပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့ ဘိုင္ယန္ျမဴးနစ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပိုကယ္ဖလားၿပိဳင္ပြဲမွာ လက္ရွိခ်န္ပီယံျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္လီဂါဒုတိယ တန္းက ဟိုစတိန္းကီးလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတာေၾကာင့္ ေနာက္တစ္ဆင့္ကို အလြယ္တကူတက္ေရာက္ႏိုင္မယ္လို႔ ထင္ မွတ္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ဟိုစတိန္းကီးလ္အသင္းကို သာမန္ပြဲခ်ိန္အတြင္း အႏိုင္မရခဲ့ဘဲ ပင္နယ္တီအဆံုး အျဖတ္ခံယူခ်ိန္မွာေတာ့ အေရးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
အသင္းငယ္ျဖစ္တဲ့ ဟိုစတိန္းကီးလ္နဲ႔ ကစားရတာျဖစ္ေပမယ့္ ဘိုင္ယန္ျမဴးနစ္ဟာ အဓိက,ကစားသမားအမ်ားစုကို အသံုး ျပဳခဲ့တာေၾကာင့္ ႏွစ္ႀကိမ္တိုင္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးေပးလိုက္ရတဲ့ ေခ်ပဂိုးေၾကာင့္သာ အခ်ိန္ပို ဆက္ကစားခဲ့ရ တာ ျဖစ္ပါတယ္။ အခ်ိန္ပိုမွာလည္း ဂိုးသြင္းယူႏိုင္ျခင္းမရွိတာေၾကာင့္ ပင္နယ္တီအဆံုးအျဖတ္ ခံယူရာမွာေတာ့ ဟိုစတိန္း ကီးလ္အသင္းက ေျခာက္ဂိုးငါးဂိုးနဲ႔ အႏိုင္ရရွိသြားတာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ၂၀၀၀-၀၁ ေဘာလံုးရာသီကတည္းက ဘြန္ဒက္လီဂါ-၂ ကအသင္းေတြနဲ႔ ကစားရတိုင္း အႏိုင္ရခဲ့ေပ မယ့္ ဟိုစတိန္းကီးလ္ကို ရႈံးတဲ့ပြဲ ပထမဆံုး ရႈံးပြဲ ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဖလား အပါအဝင္ တစ္ႏွစ္အတြင္း
ဖလား ၃ လံုးရယူႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဒီႏွစ္မွာလည္း မႏွစ္ကလို ေအာင္ျမင္မႈရဖို႔အတြက္ လုပ္ေဆာင္မယ္လို႔ ေျပာ ထားခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သူတို႔ရဲ႕ ေျပာစရာေတြက ဖ်က္ပယ္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။