ကလော့ပ် က ကျွန်တော်အတွက် ဆရာကောင်း မဖြစ်ခဲ့ဘူးလို့ ပြောခဲ့တဲ့ လီဝန်ဒေါစကီး


ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး လက်ရှိမှာ လီဗာပူးအသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနေသလို ကစားသမားတွေကိုလည်း ခြေစွမ်းပြနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ နည်းပြကလော့ပ် က သူအတွက် ဆရာကောင်း မ ဖြစ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ လီဝန်ဒေါစကီးနဲ့ ကလော့ပ်တို့ဟာ ဒေါ့မန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတာဖြစ်ပြီး လီဝန်ဒေါ စကီးက ဘိုင်ယန်မြူးနစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။


ဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ်သာ ရှိနေသေးမယ့် ပိုလန်ပြည်တွင်းကလပ်တွေဖြစ်တဲ့ ပရူဇက်ကောနဲ့ လက်ချ် ပေါ့ဇ်နန်အသင်းတွေမှာ ကစားပြီး ခြေစွမ်းပြနေတဲ့ လီဝန်ဒေါစကီးကို ၂၀၁၀ ခုနှစ်မှာ ခေါ်ယူခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မာ ဆေးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မန်နည်းပြ ကလော့ပ်ဟာ လီဝန်ဒေါစကီးကို ကျောနံပါတ် ၁၀ ကစားသမားမျိုး အဖြစ်ကစားစေခဲ့တာကြောင့် လီဝန်ဒေါစကီးအနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့လည်း သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Liverpool FC Kit Launch with manufacturer New Balance at Anfield, Liverpool. Pictured:
Photo by Ian Cooper

ကစားသမားတွေကိုအမှတ်တရ ပြုလုပ်တဲ့ Player Tribune အစီအစဉ်တစ်ခုမှာတော့ လီဝန်ဒေါစကီးက “ ကျောင်းသား တစ်ယောက်က ကျောင်းကိုသွားမယ်ဆိုရင် ကောင်းတဲ့ဆရာနဲ့ မကောင်းတဲ့ဆရာမှာ မကောင်းတဲ့ဆရာကို ပိုပြီးအမှတ်ရ နေပါမယ်။ အဲ့လိုမျိုးပါပဲ။ ကျွန်တော်အတွက်တော့ ကလော့ပ်က မကောင်းတဲ့ ဆရာတစ်ယောက်ပါ။ ကျွန်တော်က ဘီအ ဆင့်ကစားသမားမျိုးလောက်ပဲ ရှိနေသေးပေမယ့် ကလော့ပ်က အေအဆင့်ထက်တော်တဲ့ ကစားသမားဖြစ်စေချင်တာပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ကေလာ့ပ္ က ကၽြန္ေတာ္အတြက္ ဆရာေကာင္း မျဖစ္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ လီဝန္ေဒါစကီး
ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီဝန္ေဒါစကီး လက္ရွိမွာ လီဗာပူးအသင္းကို ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ေပးေနသလို ကစားသမားေတြကိုလည္း ေျခစြမ္းျပႏိုင္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ နည္းျပကေလာ့ပ္ က သူအတြက္ ဆရာေကာင္း မ ျဖစ္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ လီဝန္ေဒါစကီးနဲ႔ ကေလာ့ပ္တို႔ဟာ ေဒါ့မန္အသင္းမွာ အတူလက္တြဲခဲ့ဖူးတာျဖစ္ၿပီး လီဝန္ေဒါ စကီးက ဘိုင္ယန္ျမဴးနစ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအျဖစ္သာ ရွိေနေသးမယ့္ ပိုလန္ျပည္တြင္းကလပ္ေတြျဖစ္တဲ့ ပ႐ူဇက္ေကာနဲ႔ လက္ခ်္ ေပါ့ဇ္နန္အသင္းေတြမွာ ကစားၿပီး ေျခစြမ္းျပေနတဲ့ လီဝန္ေဒါစကီးကို ၂၀၁၀ ခုႏွစ္မွာ ေခၚယူခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ မာ ေဆးနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေဒါ့မန္နည္းျပ ကေလာ့ပ္ဟာ လီဝန္ေဒါစကီးကို ေက်ာနံပါတ္ ၁၀ ကစားသမားမ်ိဳး အျဖစ္ကစားေစခဲ့တာေၾကာင့္ လီဝန္ေဒါစကီးအေနနဲ႔ ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတယ္လို႔လည္း သတင္းေတြ ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ကစားသမားေတြကိုအမွတ္တရ ျပဳလုပ္တဲ့ Player Tribune အစီအစဥ္တစ္ခုမွာေတာ့ လီဝန္ေဒါစကီးက “ ေက်ာင္းသား တစ္ေယာက္က ေက်ာင္းကိုသြားမယ္ဆိုရင္ ေကာင္းတဲ့ဆရာနဲ႔ မေကာင္းတဲ့ဆရာမွာ မေကာင္းတဲ့ဆရာကို ပိုၿပီးအမွတ္ရ ေနပါမယ္။ အဲ့လိုမ်ိဳးပါပဲ။ ကြ်န္ေတာ္အတြက္ေတာ့ ကေလာ့ပ္က မေကာင္းတဲ့ ဆရာတစ္ေယာက္ပါ။ ကြ်န္ေတာ္က ဘီအ ဆင့္ကစားသမားမ်ိဳးေလာက္ပဲ ရွိေနေသးေပမယ့္ ကေလာ့ပ္က ေအအဆင့္ထက္ေတာ္တဲ့ ကစားသမားျဖစ္ေစခ်င္တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။