ကစားသမားအချို့ ထွက်ဖို့ ရှိနေပေမယ့် ဇန်နဝါရီမှာ ကစားသမားခေါ်ယူမှာ မဟုတ်တဲ့ ဘိုင်ယန်မြူးနစ်


ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖိလစ်က အသင်းကနေ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားအချို့ ထွက်ဖို့ ရှိ နေပေမယ့် ကစားသမားခေါ်ယူဖို့တော့ ရှိမှာမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် ဘောလုံးအသင်းတွေအနေနဲ့ ကွင်းဝင်ကြေးမရဘဲ ကစားနေရတာကြောင့် ဘဏ္ဍရေးဆုံးရှုံးမှုတွေရှိခဲ့လို့ အခက်အခဲတွေ့နေချိန်မှာ ကစားသမားသစ်ခေါ်ယူမှာ မဟုတ်ဘူးလို့လည်း ဟန်ဆီဖိလစ်က ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ လည်း တစ်ရာသီအတွင်းဖလား ၃ လုံးရရှိဖို့အတွက် ရည်မှန်းချက်ထားပြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိဘွန်ဒက်လီဂါရဲ့ အမှတ်ပေးဇယားမှာတော့ ဘိုင်ယန်မြူးနစ်က ရမှတ် ၃၃ မှတ်နဲ့ ဦးဆောင်နေပြီး ချန်ပီယံဆု အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ လစ်ပ်ဇစ်ကို ၂ မှတ် ၊ ဒေါ့မန်ကို ၈ မှတ်အထိ ဖြတ်ထားနိုင်တာ တွေ့ရပါတယ်။


ဟန်ဆီဖိလစ်က “ အသင်းရဲ့လက်ရှိဘဏ္ဍရေး အခြေအနေအရ ကစားသမားသစ်ခေါ်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိပါ တယ်။ အသင်းကနေ ကစားသမား တစ်ယောက်မဟုတ်ရင် နှစ်ယောက်လောက်ထွက်ဖို့ ရှိနေတယ်ဆိုတာကိုလည်း သိပါ တယ်။ ဒါပေမယ့် အသင်းမှာ ကစားသမားအင်အားတောင့်တင်းမှု အပြည့်ရှိတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ကစားသမားအခ်ိဳ႕ ထြက္ဖို႔ ရွိေနေပမယ့္ ဇန္နဝါရီမွာ ကစားသမားေခၚယူမွာ မဟုတ္တဲ့ ဘိုင္ယန္ျမဴးနစ္
ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီဖိလစ္က အသင္းကေန ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမားအခ်ိဳ႕ ထြက္ဖို႔ ရွိ ေနေပမယ့္ ကစားသမားေခၚယူဖို႔ေတာ့ ရွိမွာမဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ တစ္ကမ႓ာလံုးမွာ ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ ေဘာလံုးအသင္းေတြအေနနဲ႔ ကြင္းဝင္ေၾကးမရဘဲ ကစားေနရတာေၾကာင့္ ဘ႑ေရးဆံုးရႈံးမႈေတြရွိခဲ့လို႔ အခက္အခဲေတြ႕ေနခ်ိန္မွာ ကစားသမားသစ္ေခၚယူမွာ မဟုတ္ဘူးလို႔လည္း ဟန္ဆီဖိလစ္က ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားအပါအဝင္ တစ္ရာသီအတြင္း ဖလား ၃ လံုးရယူႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီမွာ လည္း တစ္ရာသီအတြင္းဖလား ၃ လံုးရရွိဖို႔အတြက္ ရည္မွန္းခ်က္ထားၿပီး လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ လက္ရွိဘြန္ဒက္လီဂါရဲ႕ အမွတ္ေပးဇယားမွာေတာ့ ဘိုင္ယန္ျမဴးနစ္က ရမွတ္ ၃၃ မွတ္နဲ႔ ဦးေဆာင္ေနၿပီး ခ်န္ပီယံဆု အတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လစ္ပ္ဇစ္ကို ၂ မွတ္ ၊ ေဒါ့မန္ကို ၈ မွတ္အထိ ျဖတ္ထားႏိုင္တာ ေတြ႕ရပါတယ္။
ဟန္ဆီဖိလစ္က “ အသင္းရဲ႕လက္ရွိဘ႑ေရး အေျခအေနအရ ကစားသမားသစ္ေခၚယူဖို႔ မျဖစ္ႏိုင္ဘူးဆိုတာကို သိပါ တယ္။ အသင္းကေန ကစားသမား တစ္ေယာက္မဟုတ္ရင္ ႏွစ္ေယာက္ေလာက္ထြက္ဖို႔ ရွိေနတယ္ဆိုတာကိုလည္း သိပါ တယ္။ ဒါေပမယ့္ အသင္းမွာ ကစားသမားအင္အားေတာင့္တင္းမႈ အျပည့္ရွိတာေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ ကစားသမားသစ္ ေခၚယူမွာ မဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။