လစ်ပ်ဇစ်က ထွက်မှာမဟုတ်သလို ဒေါ့မန်နည်းပြ ရာထူးကိုလည်း စိတ်မဝင်စားဘူးလို့ ပြောတဲ့ နာဂျယ်စမန်း


အသက် ၃၃ နှစ်သာရှိသေးတဲ့ လူငယ်နည်းပြ နာဂျယ်စမန်းက လက်ရှိကိုင်တွယ်နေတဲ့ လစ်ပ်ဇစ်အသင်းကနေ ထွက်ပြီး ဒေါ့မန်အသင်းနည်းပြ လုပ်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး သူအနေနဲ့ ဒေါ့မန်နည်းပြနေရာကို စိတ်ဝင်စားခြင်း မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လစ်ပ်ဇစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက် ရောက်နိုင်ခဲ့တာကြောင့် နာဂျယ်စမန်းရဲ့စွမ်းဆောင်ရည်ကို အသင်းကြီးတွေရဲ့ တာဝန်ရှိသူတွေက စိတ်ဝင်စားခဲ့တာ ဖြစ် ပါတယ်။


လစ်ပ်ဇစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေတဲ့ နာဂျယ်စမန်းကို ဒေါ့မန်အသင်းတာဝန်ရှိသူတွေက လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး နည်းပြဟောင်း ဖာဗရီကို ထုတ်ပယ်ပြီးနောက်မှာလည်း ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နာဂျယ်စမန်းကို ဥရောပရဲ့ အလားအလာ အရှိ ဆုံး လူငယ်နည်းပြအဖြစ် ဟော့ဖန်ဟိမ်းကို ကိုင်တွယ်ခဲ့ကတည်းက သတ်မှတ်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်ကလည်း နည်းပြအ ဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့လည်း သိရပါတယ်။


ဒေါ့မန်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က “ ဂျူလီယန် (နာဂျယ်စမန်း)က အရည်အချင်းရှိတဲ့ လူငယ်နည်း ပြ တစ်ဦးပါ။ ဟော့ဖန်ဟိမ်းကို ကိုင်တွယ်ကတည်းက သူကိုခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိခဲ့တာပါ။ သူကိုင်တွယ်နေတဲ့ အသင်း တိုင်းကို အကောင်းဆုံးစွမ်းဆောင်နိုင်ထားတဲ့ နာဂျယ်စမန်းကို တကယ်အလိုရှိပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ နာဂျယ် စမန်းကတော့ ဒေါ့မန်အသင်းနဲ့ သတင်းတွေထွက်နေပေမယ့် လစ်ပ်ဇစ်ကနေ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြန်ပြောခဲ့ပါတယ်။

zawgyi version

လစ္ပ္ဇစ္က ထြက္မွာမဟုတ္သလို ေဒါ့မန္နည္းျပ ရာထူးကိုလည္း စိတ္မဝင္စားဘူးလို႔ ေျပာတဲ့ နာဂ်ယ္စမန္း
အသက္ ၃၃ ႏွစ္သာရွိေသးတဲ့ လူငယ္နည္းျပ နာဂ်ယ္စမန္းက လက္ရွိကိုင္တြယ္ေနတဲ့ လစ္ပ္ဇစ္အသင္းကေန ထြက္ၿပီး ေဒါ့မန္အသင္းနည္းျပ လုပ္မယ္ဆိုတဲ့သတင္းေတြကို ျငင္းဆိုသြားခဲ့ၿပီး သူအေနနဲ႔ ေဒါ့မန္နည္းျပေနရာကို စိတ္ဝင္စားျခင္း မရွိဘူးလို႔လည္း ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက လစ္ပ္ဇစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ထိ တက္ ေရာက္ႏိုင္ခဲ့တာေၾကာင့္ နာဂ်ယ္စမန္းရဲ႕စြမ္းေဆာင္ရည္ကို အသင္းႀကီးေတြရဲ႕ တာဝန္ရွိသူေတြက စိတ္ဝင္စားခဲ့တာ ျဖစ္ ပါတယ္။
လစ္ပ္ဇစ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးဖို႔ ရွိေနတဲ့ နာဂ်ယ္စမန္းကို ေဒါ့မန္အသင္းတာဝန္ရွိသူေတြက လာမယ့္ရာသီမွာ နည္းျပသစ္အျဖစ္ခန္႔အပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ခဲ့ၿပီး နည္းျပေဟာင္း ဖာဗရီကို ထုတ္ပယ္ၿပီးေနာက္မွာလည္း ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ နာဂ်ယ္စမန္းကို ဥေရာပရဲ႕ အလားအလာ အရွိ ဆံုး လူငယ္နည္းျပအျဖစ္ ေဟာ့ဖန္ဟိမ္းကို ကိုင္တြယ္ခဲ့ကတည္းက သတ္မွတ္ခဲ့ၾကၿပီး ဘိုင္ယန္ျမဴးနစ္ကလည္း နည္းျပအ ျဖစ္ခန္႔အပ္ဖို႔ စိတ္ဝင္စားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒါ့မန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့က “ ဂ်ဴလီယန္ (နာဂ်ယ္စမန္း)က အရည္အခ်င္းရွိတဲ့ လူငယ္နည္း ျပ တစ္ဦးပါ။ ေဟာ့ဖန္ဟိမ္းကို ကိုင္တြယ္ကတည္းက သူကိုေခၚယူဖို႔ စိတ္ဝင္စားမႈ ရွိခဲ့တာပါ။ သူကိုင္တြယ္ေနတဲ့ အသင္း တိုင္းကို အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ထားတဲ့ နာဂ်ယ္စမန္းကို တကယ္အလိုရွိပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။ နာဂ်ယ္ စမန္းကေတာ့ ေဒါ့မန္အသင္းနဲ႔ သတင္းေတြထြက္ေနေပမယ့္ လစ္ပ္ဇစ္ကေန ထြက္မွာမဟုတ္ဘူးဆိုၿပီး ျပန္ေျပာခဲ့ပါတယ္။