မန်စီးတီးကနေ နောက်ထပ် ဆန်ချိုတစ်ယောက်ကို ထပ်ပြီးဈေးသက်သက်သာသာနဲ့ ခေါ်ဖို့ လုပ်နေတဲ့ ဒေါ့မန်


ဒေါ့မန်အသင်းဟာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးနည်းနည်းသာ အသုံး ပြုခဲ့ပေမယ့် ပြန်လည်ရောင်းချဖို့ပြင်ဆင်ရာမှာတော့ ဝယ်ခဲ့တုန်းက ပြောင်းရွှေ့ကြေးထက် ဆယ်ဆကျော် လိုချင်နေခဲ့တယ် ဆိုပြီး သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ဒေါ့မန်ဟာ ဆန်ချိုကို မန်စီးတီးအသင်းထံကနေ ခေါ်ယူခဲ့ပြီးနောက်အခုတစ်ကြိမ် မှာလည်း နောက်ထပ်ဆန်ချိုလို့ တင်စားခံနေရတဲ့ ဂျေဒန်ဘရတ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Bild သတင်းစာရဲ့ ဖော်ပြချက်အရတော့ မန်စီးတီးအသင်းဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂျေဒန်ဘရတ်အတွက် ပေါင် ၁၀ သန်းလောက်အထိအလိုရှိနေတယ်လို့လည်း သိရပါတယ်။ မန်စီးတီးလူငယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ် နေတဲ့ ဂျေဒန်ဘရတ်ဟာ အသင်းပြောင်းရွှေ့ချင်နေတယ်လို့ မီဒီယာတွေက ဖော်ပြအပြီးမှာ ဒေါ့မန်အသင်းက သူကိုခေါ်ယူ ဖို့ စိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂျေဒန်ဘရတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက နယ်သာလန်ကလပ် ပွီအက်ဗွီကနေ မန်စီးတီးအ သင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကြီးနဲ့ အတူ ပူးပေါင်းလေ့ကျင့်ဖို့ အလိုရှိခဲ့ တယ်လို့လည်း သိရပါတယ်။ ဘရတ်ဟာ ၂၃ နှစ်အောက်ကစားသမားတွေ ကစားတဲ့ပြိုင်ပွဲမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့် အသင်းကြီးထံကို ခေါ်ယူချင်မရခဲ့တာကြောင့် အသင်းပြောင်းဖို့ သတင်းတွေထွက်ပေါ်နေ ခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

မန္စီးတီးကေန ေနာက္ထပ္ ဆန္ခ်ိဳတစ္ေယာက္ကို ထပ္ၿပီးေစ်းသက္သက္သာသာနဲ႔ ေခၚဖို႔ လုပ္ေနတဲ့ ေဒါ့မန္
ေဒါ့မန္အသင္းဟာ ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူခဲ့စဥ္က ေျပာင္းေရႊ႕ေၾကးနည္းနည္းသာ အသံုး ျပဳခဲ့ေပမယ့္ ျပန္လည္ေရာင္းခ်ဖို႔ျပင္ဆင္ရာမွာေတာ့ ဝယ္ခဲ့တုန္းက ေျပာင္းေရႊ႕ေၾကးထက္ ဆယ္ဆေက်ာ္ လိုခ်င္ေနခဲ့တယ္ ဆိုၿပီး သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ ေဒါ့မန္ဟာ ဆန္ခ်ိဳကို မန္စီးတီးအသင္းထံကေန ေခၚယူခဲ့ၿပီးေနာက္အခုတစ္ႀကိမ္ မွာလည္း ေနာက္ထပ္ဆန္ခ်ိဳလို႔ တင္စားခံေနရတဲ့ ေဂ်ဒန္ဘရတ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
Bild သတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္စီးတီးအသင္းဟာ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ေဂ်ဒန္ဘရတ္အတြက္ ေပါင္ ၁၀ သန္းေလာက္အထိအလိုရွိေနတယ္လို႔လည္း သိရပါတယ္။ မန္စီးတီးလူငယ္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္မရ ျဖစ္ ေနတဲ့ ေဂ်ဒန္ဘရတ္ဟာ အသင္းေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပအၿပီးမွာ ေဒါ့မန္အသင္းက သူကိုေခၚယူ ဖို႔ စိတ္ဝင္စားလာခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ေဂ်ဒန္ဘရတ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက နယ္သာလန္ကလပ္ ပြီအက္ဗြီကေန မန္စီးတီးအ သင္းကို ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ၿပီး ဂြါဒီယိုလာ ကိုင္တြယ္ေနတဲ့ မန္စီးတီးအသင္းႀကီးနဲ႔ အတူ ပူးေပါင္းေလ့က်င့္ဖို႔ အလိုရွိခဲ့ တယ္လို႔လည္း သိရပါတယ္။ ဘရတ္ဟာ ၂၃ ႏွစ္ေအာက္ကစားသမားေတြ ကစားတဲ့ၿပိဳင္ပြဲမွာ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့ေပမယ့္ အသင္းႀကီးထံကို ေခၚယူခ်င္မရခဲ့တာေၾကာင့္ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေပၚေန ခဲ့သူလည္း ျဖစ္ပါတယ္။