ဟာလန်းက သူရင်ဆိုင်ဖူးတဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ ၃ ဦးကို ထုတ်ဖော်ပြောခဲ့ပြီး သူရဲ့ကလေးဘဝ သူရဲကောင်း က ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှား လို့ ပြောခဲ့


လက်ရှိမှာ အလားအလာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းက သူရင် ဆိုင်ဖူးတဲ့ ခံစစ်သမားတွေထဲက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ ၃ ဦးကိုရွေးချယ်ခဲ့ပါတယ်။ ဟာလန်းရွေးခဲ့တဲ့ နောက်ခံလူ ၃ ဦးကတော့ ရီးရဲလ်အသင်းက ရာမို့စ်၊ လီဗာပူးအသင်းက ဗန်ဒိုက်ခ်နဲ့ နာပိုလီအသင်းက ကူလီဘာလီတို့ပဲ ဖြစ်ပါတယ်။ ဒါအပြင် ဟာလန်းက သူရဲ့ကလေးဘဝကတည်းက အားကျခဲ့ရတဲ့ သူရဲကောင်းကတော့ လက်ရှိယူနိုက်တက်အသင်းနည်း ပြ ဆိုးလ်ရှားဖြစ်တယ်ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။


အသက် ၂၀ နှစ်သာရှိသေးတဲ့ ဟာလန်း အနေနဲ့ သြစတြီးယားကလပ် ဆဲလ်ဘတ်ကနေ ဒေါ့မန်အသင်းကို ပြီးခဲ့တဲ့ရာသီ က ပြောင်းရွှေ့ခဲ့တယ်ဆိုပေမယ့် သူကိုခေါ်ယူဖို့အတွက် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ နော် ဝေသတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာတော့ ဟာလန်းက “ ရာမို့စ်၊ ဗန်ဒိုက်ခ် နဲ့ ကူလီဘာလီတို့ဟာ ကြံခိုင်မှုအနေအ ထားတွေအရ တိုက်စစ်မှူးတွေ အလွယ်တကူဖြတ်ကျော်လို့မရတဲ့သူတွေပါ။ ပြီးတော့ သူတို့ဆီမှာလည်း အတွေ့အကြုံ ကောင်းတွေ အများကြီးရှိပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး ဟာလန်းက တိုက်စစ်မှူးတွေထဲမှာတော့ ကလေးဘဝကတည်းက အားကျခဲ့ရတဲ့တိုက်စစ်မှူးက ယူနိုက် တက်အသင်းနည်းပြ ဆိုးလ်ရှားဖြစ်တယ်လို့ ပြောခဲ့ပြီး လက်ရှိဘောလုံးလောကမှာ ရှိနေတဲ့ တိုက်စစ်မှူးတွေမှာ သူထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ၇ ယောက်ပဲရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ ဟာလန်းရွေးချယ်ထားတဲ့ သူထက်ပိုကောင်းတဲ့ တိုက်စစ်မှူး ၇ ယောက်ကတော့ စီရော်နယ်ဒို၊ လီဝန်ဒေါစကီး၊ အူဘာမီယန်၊ ဟယ်ရီကိန်း၊ အဂူရို ၊ ဖာမီနို နဲ့ တီမိုဝါနာ တို့ပဲ ဖြစ်ပါတယ်။

zawgyi version

ဟာလန္းက သူရင္ဆိုင္ဖူးတဲ့ ကမ႓ာ့အေကာင္းဆံုးေနာက္ခံလူ ၃ ဦးကို ထုတ္ေဖာ္ေျပာခဲ့ၿပီး သူရဲ႕ကေလးဘဝ သူရဲေကာင္း က ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွား လို႔ ေျပာခဲ့
လက္ရွိမွာ အလားအလာအေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးအျဖစ္ သတ္မွတ္ခံရတဲ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းက သူရင္ ဆိုင္ဖူးတဲ့ ခံစစ္သမားေတြထဲက ကမ႓ာ့အေကာင္းဆံုးေနာက္ခံလူ ၃ ဦးကိုေရြးခ်ယ္ခဲ့ပါတယ္။ ဟာလန္းေရြးခဲ့တဲ့ ေနာက္ခံလူ ၃ ဦးကေတာ့ ရီးရဲလ္အသင္းက ရာမို႔စ္၊ လီဗာပူးအသင္းက ဗန္ဒိုက္ခ္နဲ႔ နာပိုလီအသင္းက ကူလီဘာလီတို႔ပဲ ျဖစ္ပါတယ္။ ဒါအျပင္ ဟာလန္းက သူရဲ႕ကေလးဘဝကတည္းက အားက်ခဲ့ရတဲ့ သူရဲေကာင္းကေတာ့ လက္ရွိယူႏိုက္တက္အသင္းနည္း ျပ ဆိုးလ္ရွားျဖစ္တယ္ဆိုၿပီးေတာ့လည္း ေျပာခဲ့ပါတယ္။
အသက္ ၂၀ ႏွစ္သာရွိေသးတဲ့ ဟာလန္း အေနနဲ႔ ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္ကေန ေဒါ့မန္အသင္းကို ၿပီးခဲ့တဲ့ရာသီ က ေျပာင္းေရႊ႕ခဲ့တယ္ဆိုေပမယ့္ သူကိုေခၚယူဖို႔အတြက္ ဥေရာပအသင္းႀကီးေတြက စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ ေနာ္ ေဝသတင္းစာတစ္ေစာင္နဲ႔ အင္တာဗ်ဴးမွာေတာ့ ဟာလန္းက “ ရာမို႔စ္၊ ဗန္ဒိုက္ခ္ နဲ႔ ကူလီဘာလီတို႔ဟာ ၾကံခိုင္မႈအေနအ ထားေတြအရ တိုက္စစ္မွဴးေတြ အလြယ္တကူျဖတ္ေက်ာ္လို႔မရတဲ့သူေတြပါ။ ၿပီးေတာ့ သူတို႔ဆီမွာလည္း အေတြ႕အၾကံဳ ေကာင္းေတြ အမ်ားႀကီးရွိပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ဟာလန္းက တိုက္စစ္မွဴးေတြထဲမွာေတာ့ ကေလးဘဝကတည္းက အားက်ခဲ့ရတဲ့တိုက္စစ္မွဴးက ယူႏိုက္ တက္အသင္းနည္းျပ ဆိုးလ္ရွားျဖစ္တယ္လို႔ ေျပာခဲ့ၿပီး လက္ရွိေဘာလံုးေလာကမွာ ရွိေနတဲ့ တိုက္စစ္မွဴးေတြမွာ သူထက္ ပိုေကာင္းတဲ့ တိုက္စစ္မွဴး ၇ ေယာက္ပဲရွိတယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဟာလန္းေရြးခ်ယ္ထားတဲ့ သူထက္ပိုေကာင္းတဲ့ တိုက္စစ္မွဴး ၇ ေယာက္ကေတာ့ စီေရာ္နယ္ဒို၊ လီဝန္ေဒါစကီး၊ အူဘာမီယန္၊ ဟယ္ရီကိန္း၊ အဂူ႐ို ၊ ဖာမီႏို နဲ႔ တီမိုဝါနာ တို႔ပဲ ျဖစ္ပါတယ္။