ပရိသတ်တွေအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ကွင်းအတွင်းမှာ ဘောလုံးပွဲပြန်ကြည့်နိုင်မှာပါလို့ ပြောခဲ့တဲ့ ရူမင်နစ်ကီ


ဘိုင်ယန်မြူးနစ်အသင်း စီအီးအိုဖြစ်တဲ့ ရူမင်နစ်ကီက ၂၀၂၁ ခုနှစ်အတွင်းမှာ ကျင်းပမယ့်ဘွန်ဒက်လီဂါပွဲစဉ်တွေမှာ ပရိ သတ်တွေအနေနဲ့ ကွင်းအတွင်းကို ဝင်ရောက်ပြီး ဘောလုံးပွဲကြည့်ရှုခွင့်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်ရောဂါပိုးကြောင့် ဂျာမနီနိုင်ငံက ဘောလုံးပွဲတွေကို ပရိသတ်မပါစေဘဲ တံခါးပိတ်ကျင်းပဖို့ကို ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အရင်ဆုံးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေတဆင့် ရူမင်နစ်ကီက “ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘောလုံးပွဲပရိသတ်တွေအနေနဲ့ ဒီအခွင့်အရေးကို ပြန်လည်လိုချင်နေကြမှာပါ။ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းဝင် ရောက်ပြီး ဘောလုံးပွဲတွေကို ကြည့်ရှုနိုင်မှာပါ။ ကိုဗစ်က အသင်းကြီးတွေအတွက် စီးပွားရေးအခြေအနေ ကျပ်တည်းမှု တွေကို ကြုံ့ တွေစေပါတယ်။ မကြာခင်မှာ အားလုံးပြန်လာနိုင်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်းဖလား သုံးလုံးချန်ပီယံ အဖြစ် ဒုတိယအကြိမ်မြောက်ရရှိခဲ့သလို ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုလိုမျိုးထပ်ရဖို့အတွက် မျှော်လင့်နေ တယ်လို့လည်း သိရပါတယ်။ လက်ရှိရာသီရဲ့ ဘွန်ဒက်လီဂါပွဲစဉ် ၁၃ ပွဲကစားပြီးချိန်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက လေဗာကူဆင်အသင်းကို နှစ်မှတ်ဖြတ်ထားနိုင်တာ တွေ့ရ ပါတယ်။

zawgyi version

ပရိသတ္ေတြအေနနဲ႔ ၂၀၂၁ ခုႏွစ္မွာ ကြင္းအတြင္းမွာ ေဘာလံုးပြဲျပန္ၾကည့္ႏိုင္မွာပါလို႔ ေျပာခဲ့တဲ့ ႐ူမင္နစ္ကီ
ဘိုင္ယန္ျမဴးနစ္အသင္း စီအီးအိုျဖစ္တဲ့ ႐ူမင္နစ္ကီက ၂၀၂၁ ခုႏွစ္အတြင္းမွာ က်င္းပမယ့္ဘြန္ဒက္လီဂါပြဲစဥ္ေတြမွာ ပရိ သတ္ေတြအေနနဲ႔ ကြင္းအတြင္းကို ဝင္ေရာက္ၿပီး ေဘာလံုးပြဲၾကည့္ရႈခြင့္ရမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ တစ္ကမ႓ာလံုးမွာ ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ကူးစက္ေရာဂါပိုးေၾကာင့္ ဂ်ာမနီႏိုင္ငံက ေဘာလံုးပြဲေတြကို ပရိသတ္မပါေစဘဲ တံခါးပိတ္က်င္းပဖို႔ကို ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ အရင္ဆံုးျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဝက္ဘ္ဆိုဒ္ကေနတဆင့္ ႐ူမင္နစ္ကီက “ တစ္ကမ႓ာလံုးမွာရွိတဲ့ ေဘာလံုးပြဲပရိသတ္ေတြအေနနဲ႔ ဒီအခြင့္အေရးကို ျပန္လည္လိုခ်င္ေနၾကမွာပါ။ လာမယ့္ ၂၀၂၁ ခုႏွစ္အတြင္းမွာ ပရိသတ္ေတြအေနနဲ႔ ကြင္းအတြင္းဝင္ ေရာက္ၿပီး ေဘာလံုးပြဲေတြကို ၾကည့္ရႈႏိုင္မွာပါ။ ကိုဗစ္က အသင္းႀကီးေတြအတြက္ စီးပြားေရးအေျခအေန က်ပ္တည္းမႈ ေတြကို ၾကံဳ႕ ေတြေစပါတယ္။ မၾကာခင္မွာ အားလံုးျပန္လာႏိုင္မွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ခ်န္ပီယံလိဂ္ဖလားအပါအဝင္ တစ္ရာသီအတြင္းဖလား သံုးလံုးခ်န္ပီယံ အျဖစ္ ဒုတိယအႀကိမ္ေျမာက္ရရွိခဲ့သလို ဒီႏွစ္မွာလည္း ၿပီးခဲ့တဲ့ရာသီက ေအာင္ျမင္မႈလိုမ်ိဳးထပ္ရဖို႔အတြက္ ေမွ်ာ္လင့္ေန တယ္လို႔လည္း သိရပါတယ္။ လက္ရွိရာသီရဲ႕ ဘြန္ဒက္လီဂါပြဲစဥ္ ၁၃ ပြဲကစားၿပီးခ်ိန္မွာေတာ့ ဘိုင္ယန္ျမဴးနစ္ဟာ ရမွတ္ ၃၀ နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနၿပီး ဒုတိယေနရာက ေလဗာကူဆင္အသင္းကို ႏွစ္မွတ္ျဖတ္ထားႏိုင္တာ ေတြ႕ရ ပါတယ္။