လာမယ့်နွေရာသီမှာ အဓိက ခေါ်ယူမယ့်ကစားသမားအဖြစ် ဒေါ့မန်တိုက်စစ်မှူးဟာလန်းကို ချဲလ်ဆီးအသင်း ပစ်မှတ်ထား


နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၂၃၀ ကျော်အသုံးပြုပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့အတွက် သတင်းတွေသိပ်မထွက်တဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ တော့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ Sky Sport Italia ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဟာလန်းကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာမြို့ခံနှစ်သင်းစလုံးက လည်း စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


မန်စီးတီးအသင်းကစားသမားဟောင်းဖြစ်ခဲ့တဲ့ ဟာလန်းဖခင်ကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူတွေကတော့ ဟာလန်း ကို ဝါရင့်တိုက်စစ်မှူး အဂူရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူနိုင်မယ်လို့လည်း သတင်းတွေကဖော်ပြနေသလို ဒေါ့ မန်အသင်းကို မပြောင်းရွှေ့မီမှာ ယူနိုက်တက်အသင်းကလည်း ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာကြောင့် ထပ်မံခေါ် ယူဖို့အတွက် လုပ်ဆောင်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


လက်ရှိအချိန်မှာ ဒေါ့မန်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဟာလန်းကိုယ်တိုင်က ပြောထားပေမယ့် စာချုပ်ချုပ်ဆိုထားတဲ့ အချက်အလက်တွေအရ လာမယ့် ၂၀၂၂ ခုနှစ်မှာ ဟာလန်းကို ဒေ့ါမန်အသင်းအနေနဲ့ ပေါင် ၆၈ သန်းနဲ့ လက်လွှတ်ရမယ့် အချက်ပါဝင်နေတာကြောင့် အသင်းတာဝန်ရှိသူတွေကတော့ ပေါင်သန်း ၁၀၀ လောက်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိ ရပါတယ်။ ချဲလ်ဆီးဟာ ဒီနှစ်နွေရာသီမှာတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ လစ်ပ်ဇစ်က တီမိုဝါနာနဲ့ လေဗာကူဆင်က ကိုင်ဟာဗက်ဇ်တို့ နှစ်ယောက်အတွက် ပေါင် ၁၂၃ သန်း ကုန်ကျခံပြီး ခေါ်ယူခဲ့ပါတယ်။

zawgyi version

လာမယ့္ေႏြရာသီမွာ အဓိက ေခၚယူမယ့္ကစားသမားအျဖစ္ ေဒါ့မန္တိုက္စစ္မွဴးဟာလန္းကို ခ်ဲလ္ဆီးအသင္း ပစ္မွတ္ထား
ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္သန္း ၂၃၀ ေက်ာ္အသံုးျပဳၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕အတြက္ သတင္းေတြသိပ္မထြက္တဲ့ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေတာ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းကို ဦးစားေပးေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ Sky Sport Italia ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဟာလန္းကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းစလံုးက လည္း စိတ္ဝင္စားေနတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
မန္စီးတီးအသင္းကစားသမားေဟာင္းျဖစ္ခဲ့တဲ့ ဟာလန္းဖခင္ေၾကာင့္ မန္စီးတီးအသင္းတာဝန္ရွိသူေတြကေတာ့ ဟာလန္း ကို ဝါရင့္တိုက္စစ္မွဴး အဂူ႐ိုရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ေခၚယူႏိုင္မယ္လို႔လည္း သတင္းေတြကေဖာ္ျပေနသလို ေဒါ့ မန္အသင္းကို မေျပာင္းေရႊ႕မီမွာ ယူႏိုက္တက္အသင္းကလည္း ဟာလန္းကိုေခၚယူဖို႔ စိတ္ဝင္စားခဲ့တာေၾကာင့္ ထပ္မံေခၚ ယူဖို႔အတြက္ လုပ္ေဆာင္လာဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ ေဒါ့မန္အသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ဟာလန္းကိုယ္တိုင္က ေျပာထားေပမယ့္ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ အခ်က္အလက္ေတြအရ လာမယ့္ ၂၀၂၂ ခုႏွစ္မွာ ဟာလန္းကို ေဒ့ါမန္အသင္းအေနနဲ႔ ေပါင္ ၆၈ သန္းနဲ႔ လက္လႊတ္ရမယ့္ အခ်က္ပါဝင္ေနတာေၾကာင့္ အသင္းတာဝန္ရွိသူေတြကေတာ့ ေပါင္သန္း ၁၀၀ ေလာက္နဲ႔ ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ သိ ရပါတယ္။ ခ်ဲလ္ဆီးဟာ ဒီႏွစ္ေႏြရာသီမွာေတာ့ တိုက္စစ္မွဴးေတြျဖစ္တဲ့ လစ္ပ္ဇစ္က တီမိုဝါနာနဲ႔ ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္တို႔ ႏွစ္ေယာက္အတြက္ ေပါင္ ၁၂၃ သန္း ကုန္က်ခံၿပီး ေခၚယူခဲ့ပါတယ္။