အမ်ဘတ်ပီကို တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ဖြားယောင်းပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်


လက်ရှိမှာ ဥရောပအကောင်းဆုံးအသင်းလို့ ဆိုရမယ့် ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အဆင် မပြေ ဖြစ်နေသေးတဲ့ အမ်ဘတ်ပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ဖြားယောင်းပြီးစည်းရုံးနေ တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် လာလီဂါချန်ပီယံ ရီးရဲလ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးတို့က အစောပိုင်းမှာကတည်းက စိတ်ဝင်စားခဲ့ကြတာပဲဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ကျော်သွင်းယူပေးထားပြီး အကောင်း ဆုံးလူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက သူတို့အနေနဲ့ အသင်းကို လူငယ်တွေနဲ့ တည်ဆောက်ဖို့ လုပ်ဆောင်နေပြီး အပြောင်းအရွှေ့ဈေးကွက်တွေမှာ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဆာနေး၊ ပါဗက်နဲ့ လူးကပ်ဟာနန်ဒက်ဇ်တို့ကို ဈေးကြီးပေးပြီး ခေါ်ယူခဲ့တယ်ဆိုတဲ့အချက်နဲ့ အမ်ဘတ်ပီကိုခေါ်ယူ နိုင်ဖို့ စည်းရုံးခဲ့တယ်လို့လည်း သိရပါတယ်။


ဘိုင်ယန်မြူးနစ်အသင်း စီအီးအိုဖြစ်တဲ့ ရူမင်နစ်ကီက “ ကျွန်တော်အနေနဲ့ လူပုဂ္ဂိုလ်ရေးအရလည်း အမ်ဘတ်ပီကို ချစ်ပါ တယ်။ သူကစားတာကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ခါလိုင်ဖီနဲ့လည်း ရင်းနှီးမှုရှိတယ် ဆိုပေမယ့် သူကိုတော့ အသင်းမှာလာကစားဖို့ အလိုရှိပါတယ်။ သူအနေနဲ့ အသင်းပြောင်းမယ်ဆိုရင်လည်း ရေရည်အောင် မြင်မှုရနိုင်တဲ့အသင်းကိုပဲ ပြောင်းရွှေ့ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အမ္ဘတ္ပီကို တရားမဝင္တဲ့နည္းလမ္းေတြနဲ႕ ျဖားေယာင္းၿပီး ေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္
လက္ရွိမွာ ဥေရာပအေကာင္းဆံုးအသင္းလို႔ ဆိုရမယ့္ ဘိုင္ယန္ျမဴးနစ္ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အဆင္ မေျပ ျဖစ္ေနေသးတဲ့ အမ္ဘတ္ပီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး တရားမဝင္တဲ့ နည္းလမ္းေတြနဲ႔ ျဖားေယာင္းၿပီးစည္းရံုးေန တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အမ္ဘတ္ပီကို ေခၚယူဖို႔အတြက္ လာလီဂါခ်န္ပီယံ ရီးရဲလ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးတို႔က အေစာပိုင္းမွာကတည္းက စိတ္ဝင္စားခဲ့ၾကတာပဲျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုး ၁၀၀ ေက်ာ္သြင္းယူေပးထားၿပီး အေကာင္း ဆံုးလူငယ္တိုက္စစ္မွဴးအျဖစ္ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းတာဝန္ရွိသူေတြက သူတို႔အေနနဲ႔ အသင္းကို လူငယ္ေတြနဲ႔ တည္ေဆာက္ဖို႔ လုပ္ေဆာင္ေနၿပီး အေျပာင္းအေရႊ႕ေစ်းကြက္ေတြမွာ လူငယ္ကစားသမားေတြ ျဖစ္တဲ့ ဆာေနး၊ ပါဗက္နဲ႔ လူးကပ္ဟာနန္ဒက္ဇ္တို႔ကို ေစ်းၾကီးေပးၿပီး ေခၚယူခဲ့တယ္ဆိုတဲ့အခ်က္နဲ႔ အမ္ဘတ္ပီကိုေခၚယူ ႏုိင္ဖို႔ စည္းရံုးခဲ့တယ္လို႔လည္း သိရပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္း စီအီးအိုျဖစ္တဲ့ ရူမင္နစ္ကီက “ ကြ်န္ေတာ္အေနနဲ႔ လူပုဂၢိဳလ္ေရးအရလည္း အမ္ဘတ္ပီကို ခ်စ္ပါ တယ္။ သူကစားတာကိုလည္း ၾကိဳက္ႏွစ္သက္ပါတယ္။ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ အယ္ခါလိုင္ဖီနဲ႔လည္း ရင္းႏွီးမႈရွိတယ္ ဆိုေပမယ့္ သူကိုေတာ့ အသင္းမွာလာကစားဖို႔ အလိုရွိပါတယ္။ သူအေနနဲ႔ အသင္းေျပာင္းမယ္ဆိုရင္လည္း ေရရည္ေအာင္ ျမင္မႈရႏိုင္တဲ့အသင္းကိုပဲ ေျပာင္းေရႊ႕ခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။