၂၀၂၀ ခုနှစ်မှာ နောက်ထပ်စံချိန်တစ်ခု ထပ်ပြီး ရယူလိုက်ပြန်တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး


ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ တစ်ရာသီအတွင်း ဖလား ၃လုံးရရှိခဲ့ရာမှာ အဓိကခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက် စစ်မှူး လီဝန်ဒေါစကီးကတော့ ဝုဖ်ဘတ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ နောက်ထပ်စံချိန်ကောင်းတစ်ခုကို ထပ်ပြီး ရရှိခဲ့ပါတယ်။ ဝုဖ်ဘတ်ကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးအနေနဲ့ ဘွန် ဒက်လီဂါသမိုင်းမှာ ဂိုး ၂၅၀ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပွဲအနည်းဆုံးနဲ့ သွင်းဂိုး ၂၅၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ် ခဲ့ပါတယ်။


အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါသမိုင်းမှာ သွင်းဂိုး ၂၅၀ ပြည့်မြောက်တဲ့ တတိယမြောက် က စားသမားဖြစ်လာခဲ့ပြီး ဂျာမနီကစားသမားတွေထဲကမဟုတ်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး ဟာ ဘွန်ဒက်လီဂါသွင်းဂိုး ၂၅၀ ကို ဒေါ့မန်မှာကစားစဉ်က ၁၃၁ ပွဲမှာ ၇၄ ဂိုးသွင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာတော့ ၂၀၁ ပွဲမှာ ၁၇၆ ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


လီဝန်ဒေါစကီးအနေနဲ့ သွင်းဂိုး ၂၅၀ ကို ပွဲပေါင်း ၃၃၂ ပွဲကစားပြီး သွင်းယူနိုင်ခဲ့တာကြောင့် ဖစ်ချာရဲ့ ၄၆၀ ပွဲကို ကျော်လွန် ခဲ့ပေမယ့် ဂတ်မူလာရဲ့ ၂၈၄ ပွဲထက်တော့ ပိုပြီး များနေခဲ့တာပဲ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ဘွန်ဒက်လီဂါသမိုင်းမှာ လည်း တတိယမြောက်ဂိုးအများဆုံးသွင်ထားသူဖြစ်လာတာကြောင့် ဖစ်ချာရဲ့ ၂၆၈ ဂိုးနဲ့ ဂတ်မူလာရဲ့ ၃၆၅ ဂိုးစံချိန်ကို တော့ ကျော်ဖြတ်နိုင်ဖို့အတွက် လုပ်ဆောင်ရဦးမှာပဲ ဖြစ်ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္မွာ ေနာက္ထပ္စံခ်ိန္တစ္ခု ထပ္ၿပီး ရယူလိုက္ျပန္တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီဝန္ေဒါစကီး
ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ တစ္ရာသီအတြင္း ဖလား ၃လံုးရရွိခဲ့ရာမွာ အဓိကေျခစြမ္းျပႏိုင္ခဲ့တဲ့ တိုက္ စစ္မွဴး လီဝန္ေဒါစကီးကေတာ့ ဝုဖ္ဘတ္ကို အႏိုင္ရတဲ့ပြဲစဥ္မွာ ၂၀၂၀ ခုႏွစ္အတြင္းမွာ ေနာက္ထပ္စံခ်ိန္ေကာင္းတစ္ခုကို ထပ္ၿပီး ရရွိခဲ့ပါတယ္။ ဝုဖ္ဘတ္ကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ ႏွစ္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီးအေနနဲ႔ ဘြန္ ဒက္လီဂါသမိုင္းမွာ ဂိုး ၂၅၀ သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး ပြဲအနည္းဆံုးနဲ႔ သြင္းဂိုး ၂၅၀ ျပည့္ခဲ့တဲ့ ဒုတိယေျမာက္ကစားသမား ျဖစ္ ခဲ့ပါတယ္။
အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ လီဝန္ေဒါစကီးဟာ ဘြန္ဒက္လီဂါသမိုင္းမွာ သြင္းဂိုး ၂၅၀ ျပည့္ေျမာက္တဲ့ တတိယေျမာက္ က စားသမားျဖစ္လာခဲ့ၿပီး ဂ်ာမနီကစားသမားေတြထဲကမဟုတ္တဲ့ ပထမဆံုးကစားသမားလည္းျဖစ္ခဲ့ပါတယ္။ လီဝန္ေဒါစကီး ဟာ ဘြန္ဒက္လီဂါသြင္းဂိုး ၂၅၀ ကို ေဒါ့မန္မွာကစားစဥ္က ၁၃၁ ပြဲမွာ ၇၄ ဂိုးသြင္းခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္မွာေတာ့ ၂၀၁ ပြဲမွာ ၁၇၆ ဂိုးသြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
လီဝန္ေဒါစကီးအေနနဲ႔ သြင္းဂိုး ၂၅၀ ကို ပြဲေပါင္း ၃၃၂ ပြဲကစားၿပီး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဖစ္ခ်ာရဲ႕ ၄၆၀ ပြဲကို ေက်ာ္လြန္ ခဲ့ေပမယ့္ ဂတ္မူလာရဲ႕ ၂၈၄ ပြဲထက္ေတာ့ ပိုၿပီး မ်ားေနခဲ့တာပဲ ျဖစ္ပါတယ္။ လီဝန္ေဒါစကီးအေနနဲ႔ ဘြန္ဒက္လီဂါသမိုင္းမွာ လည္း တတိယေျမာက္ဂိုးအမ်ားဆံုးသြင္ထားသူျဖစ္လာတာေၾကာင့္ ဖစ္ခ်ာရဲ႕ ၂၆၈ ဂိုးနဲ႔ ဂတ္မူလာရဲ႕ ၃၆၅ ဂိုးစံခ်ိန္ကို ေတာ့ ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ရဦးမွာပဲ ျဖစ္ပါတယ္။