ဘွန်ဒက်လီဂါမှာ စံချိန်တွေတစ်ခုပြီး တစ်ခု ရနေတဲ့ ဒေါ့မန်လူငယ်ကစားသမား မော့ကိုကို


ဒေါ့မန်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြ ဖာဗရီကို ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြဖြစ်တဲ့ တာဇစ် က ရာသီကုန်အထိ တာဝန်ယူသွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်အပြီးမှာ ပြီးခဲ့တဲ့နေ့ကတော့ ယာယီနည်းပြ တာဇစ်ရဲ့ ပထမဆုံး ပွဲဦးထွက်ကို ဝါဒါဘရီမင်အသင်းနဲ့ ကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ ဒေါ့မန်အသင်းက အိမ်ရှင်ဖြစ်တဲ့ ဝါဒါဘရီမင် အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဒေါ့မန်အသင်းမှာ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းက ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ နည်းပြတာဇစ်အနေနဲ့ ဟာလန်း လက်သစ်လို့ တင်စားနေကြတဲ့ လူငယ်ကစားသမားမော့ကိုကို ကို ယုံကြည်စွာနဲ့ ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းတင်ထားတဲ့ မော့ကိုကို ဟာ ဝါဒါဘရီမင်နဲ့ ပွဲမှာ ပွဲ ထွက်ခွင့်ရခဲ့တာကြောင့် ဘွန်ဒက်လီဂါသမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ပွဲထွက်ကစားသမားဖြစ်ခဲ့သူအပြင် ၊ ဒေါ့မန်အသင်း ရဲ့ အသက်အငယ်ဆုံးပွဲထွက်ကစားသမားလည်း ဖြစ်ပါတယ်။


မော့ကိုကိုဟာ အသက် ၁၆ နှစ် ၂၅ ရက်နဲ့အတူ ဘွန်ဒက်လီဂါရဲ့ အသက်အငယ်ဆုံးပွဲထွက်ကစားသမား ဖြစ်ခဲ့သလို အ သင်းဖော်ဟောင်း နူရီဆာဟင်ရဲ့ ၁၆ နှစ် ၁၁ လ ၁ရက်နဲ့ တင်ထားတဲ့ အသင်းသမိုင်းမှာ အသက်အငယ်ဆုံးပွဲထွက်ကစား စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မန်အသင်းတာဝန်ရှိသူတွေကတော့ လက်ထောက်နည်းပြ တာဇစ်အ နေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။ ¬

zawgyi version

ဘြန္ဒက္လီဂါမွာ စံခ်ိန္ေတြတစ္ခုၿပီး တစ္ခု ရေနတဲ့ ေဒါ့မန္လူငယ္ကစားသမား ေမာ့ကိုကို
ေဒါ့မန္အသင္းဟာ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပ ဖာဗရီကို ထုတ္ပယ္ခဲ့ၿပီး လက္ေထာက္နည္းျပျဖစ္တဲ့ တာဇစ္ က ရာသီကုန္အထိ တာဝန္ယူသြားဖုိ႔ရွိေနတယ္လို႔ သတင္းေတြထြက္အၿပီးမွာ ၿပီးခဲ့တဲ့ေန႔ကေတာ့ ယာယီနည္းျပ တာဇစ္ရဲ႕ ပထမဆံုး ပြဲဦးထြက္ကို ဝါဒါဘရီမင္အသင္းနဲ႔ ကစားခဲ့ပါတယ္။ ဒီပြဲမွာေတာ့ ေဒါ့မန္အသင္းက အိမ္ရွင္ျဖစ္တဲ့ ဝါဒါဘရီမင္ အသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ေဒါ့မန္အသင္းမွာ အဓိကတုိက္စစ္မွဴးျဖစ္တဲ့ ဟာလန္းက ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ နည္းျပတာဇစ္အေနနဲ႔ ဟာလန္း လက္သစ္လို႔ တင္စားေနၾကတဲ့ လူငယ္ကစားသမားေမာ့ကိုကို ကို ယံုၾကည္စြာနဲ႔ ပြဲထြက္စာရင္းမွာ အသံုးျပဳလာခဲ့ပါတယ္။ ဘြန္ဒက္လီဂါမွာ အသက္အငယ္ဆံုးကစားသမားအျဖစ္ စံခ်ိန္မွတ္တမ္းတင္ထားတဲ့ ေမာ့ကိုကို ဟာ ဝါဒါဘရီမင္နဲ႔ ပြဲမွာ ပြဲ ထြက္ခြင့္ရခဲ့တာေၾကာင့္ ဘြန္ဒက္လီဂါသမိုင္းမွာ အသက္အငယ္ဆံုးနဲ႔ ပြဲထြက္ကစားသမားျဖစ္ခဲ့သူအျပင္ ၊ ေဒါ့မန္အသင္း ရဲ႕ အသက္အငယ္ဆံုးပြဲထြက္ကစားသမားလည္း ျဖစ္ပါတယ္။
ေမာ့ကိုကိုဟာ အသက္ ၁၆ ႏွစ္ ၂၅ ရက္နဲ႔အတူ ဘြန္ဒက္လီဂါရဲ႕ အသက္အငယ္ဆံုးပြဲထြက္ကစားသမား ျဖစ္ခဲ့သလို အ သင္းေဖာ္ေဟာင္း ႏူရီဆာဟင္ရဲ႕ ၁၆ ႏွစ္ ၁၁ လ ၁ရက္နဲ႔ တင္ထားတဲ့ အသင္းသမုိင္းမွာ အသက္အငယ္ဆံုးပြဲထြက္ကစား စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဒါ့မန္အသင္းတာဝန္ရွိသူေတြကေတာ့ လက္ေထာက္နည္းျပ တာဇစ္အ ေနနဲ႔ အေကာင္းဆံုးလုပ္ေဆာင္ႏုိင္မယ္လို႔ ယံုၾကည္ေၾကာင္းလည္း ေျပာသြားခဲ့ပါတယ္။ ¬