လီဝန်ဒေါစကီး ရှိတာကြောင့် ဟာလန်း မလိုအပ်တဲ့အပြင် ဒိုင်ဘာလာကိုလည်း ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ်


ဘိုင်ယန်မြူးနစ်အသင်းစီအီးအိုဖြစ်တဲ့ ရူမင်နစ်ဂီက အသင်းမှာ လီဝန်ဒေါစကီးလို တိုက်စစ်မှူးကောင်းရှိနေတာကြောင့် ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ မလိုအပ်သလို သတင်းတွေထွက်ပေါ်နေတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာ ကိုလည်း ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၅၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။


ပိုလန်နိုင်ငံသား လီဝန်ဒေါစကီးဟာ လက်ရှိရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ထားတဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်မှုက ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံးရရှိမှုမှာ အဓိကကျခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးရဲ့ အသက်အရွယ်ကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သတင်း တွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


ဒီသတင်းတွေကို ဘိုင်ယန်မြူးနစ်စီအီးအိုဖြစ်တဲ့ ရူမင်နစ်ဂီက “ ဟာလန်းက ဂိုးတွေ အများကြီးသွင်းနိုင်တဲ့ကစားသမား တစ်ယောက်ပါ။ သူရဲ့အသက်အရွယ်ကြောင့် လူငယ်တွေကို ချီးမြင့်တဲ့ Golden Boy ဆုကိုတောင်ရနိုင်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအတွက်တော့ ဟာလန်းကို မလိုအပ်ပါဘူး။ အသင်းမှာ လီဝန်ဒေါစကီးလို တိုက်စစ်မှူး ရှိနေပါ တယ်” လို့ ပြောခဲ့ပြီး ဒိုင်ဘာလာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေအတွက်လည်း ငြင်းဆန်သွားခဲ့တယ် လို့ သိရပါတယ်။

zawgyi version

လီဝန္ေဒါစကီး ရွိတာေၾကာင့္ ဟာလန္း မလိုအပ္တဲ့အျပင္ ဒိုင္ဘာလာကိုလည္း ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္
ဘိုင္ယန္ျမဴးနစ္အသင္းစီအီးအိုျဖစ္တဲ့ ရူမင္နစ္ဂီက အသင္းမွာ လီဝန္ေဒါစကီးလို တိုက္စစ္မွဴးေကာင္းရွိေနတာေၾကာင့္ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းကို ေခၚယူဖို႔ မလိုအပ္သလို သတင္းေတြထြက္ေပၚေနတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒိုင္ဘာလာ ကိုလည္း ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစံု ၄၇ ပြဲမွာ သြင္းဂိုး ၅၅ ဂိုးအထိသြင္းယူေပးႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။
ပိုလန္ႏိုင္ငံသား လီဝန္ေဒါစကီးဟာ လက္ရွိရာသီမွာလည္း အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ၁၅ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၅ ၾကိမ္ အထိ ျပဳလုပ္ထားတဲ့သူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက လီဝန္ေဒါစကီးရဲ႕ စြမ္းေဆာင္မႈက ဘိုင္ယန္ျမဴးနစ္အတြက္ ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီအတြင္း ဖလားသံုးလံုးရရွိမႈမွာ အဓိကက်ခဲ့တယ္လို႔ ဆိုရမွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ လီဝန္ေဒါစကီးရဲ႕ အသက္အရြယ္ေၾကာင့္ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ ဟာလန္းကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္း ေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။
ဒီသတင္းေတြကို ဘိုင္ယန္ျမဴးနစ္စီအီးအိုျဖစ္တဲ့ ရူမင္နစ္ဂီက “ ဟာလန္းက ဂိုးေတြ အမ်ားၾကီးသြင္းႏိုင္တဲ့ကစားသမား တစ္ေယာက္ပါ။ သူရဲ႕အသက္အရြယ္ေၾကာင့္ လူငယ္ေတြကို ခ်ီးျမင့္တဲ့ Golden Boy ဆုကိုေတာင္ရႏိုင္ပါတယ္။ ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ေတာ့ ဟာလန္းကို မလိုအပ္ပါဘူး။ အသင္းမွာ လီဝန္ေဒါစကီးလို တိုက္စစ္မွဴး ရွိေနပါ တယ္” လို႔ ေျပာခဲ့ၿပီး ဒိုင္ဘာလာကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြအတြက္လည္း ျငင္းဆန္သြားခဲ့တယ္ လို႔ သိရပါတယ္။