နူအာက သမိုင်းတစ်လျှောက်အကောင်းဆုံးဂိုးသမားဖြစ်တယ်လို့ ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ် စီအီးအို ရူမင်နစ်ဂီ ပြောဆို


ဘိုင်ယန်မြူးနစ်အသင်း စီအီးအိုဖြစ်တဲ့ ရူမင်နစ်ဂီက အသင်းရဲ့ဂိုးသမား နူအာက သမိုင်းတစ်လျှောက်အကောင်းဆုံးဂိုးသ မားဖြစ်ပြီး အခြားကစားသမားတွေထက် စွမ်းဆောင်ရည်သာလွန်တဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နူအာဟာ ဒဏ်ရာက သက်သာလာပြီးနောက်မှာ သူရဲ့အကောင်းဆုံးပုံစံကို ပြန်ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၄ နှစ်ရှိပြီဖြစ် တဲ့ နူအာဟာ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းအတွက် အဓိကဂိုးသမားအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်အရွယ်ရလာတဲ့ နူအာရဲ့နေရာကို အစားထိုးဖို့အတွက် ရှော်ကေးက နူဘယ်ကို ခေါ်ယူ ခဲ့ပေမယ့် နူအာရဲ့လက်စွမ်းပြနေမှုကြောင့် နူဘယ်ကလည်း အရန်ကစားသမားအဖြစ်သာ အသင်းမှာ ရှိနေခဲ့တာပဲဖြစ်ပါ တယ်။ ရူမင်နစ်ဂီက အသင်းမှာ အရင်ကထက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုရဖို့ ရေပန်းစားနေတဲ့ လီဝန်ဒေါစကီး ကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။


Bundesliga.com ကနေတဆင့် ရူမင်နစ်ဂီ က “ အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် နူအာရဲ့ စွမ်းဆောင်ရည်က ကောင်းသ ထက်ကောင်းလာပါတယ်။ အသင်းမှာ ဂျာမနီဘောလုံးအသင်းရဲ့ဂိုးသမားတွေရှိခဲ့ပြီး နူအာကလည်း စတက်ပ်မိုင်ယာ၊ အို လီဗာခန်းတို့လို အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့သူပါ။ နူအာအနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားလို့ဆိုရမှာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း သူအပါအဝင် အသင်းနဲ့ သက်ဆိုင်သူအားလုံးလည်း ပျော်ရွှင်ရပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ႏူအာက သမိုင္းတစ္ေလွ်ာက္အေကာင္းဆံုးဂိုးသမားျဖစ္တယ္လို႔ ေျပာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ စီအီးအို ရူမင္နစ္ဂီ ေျပာဆို
ဘိုင္ယန္ျမဴးနစ္အသင္း စီအီးအိုျဖစ္တဲ့ ရူမင္နစ္ဂီက အသင္းရဲ႕ဂိုးသမား ႏူအာက သမိုင္းတစ္ေလွ်ာက္အေကာင္းဆံုးဂိုးသ မားျဖစ္ၿပီး အျခားကစားသမားေတြထက္ စြမ္းေဆာင္ရည္သာလြန္တဲ့သူျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ႏူအာဟာ ဒဏ္ရာက သက္သာလာၿပီးေနာက္မွာ သူရဲ႕အေကာင္းဆံုးပံုစံကို ျပန္ရွာေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္ တဲ့ ႏူအာဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ အဓိကဂိုးသမားအျဖစ္ ရွိေနဆဲပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသက္အရြယ္ရလာတဲ့ ႏူအာရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ေရွာ္ေကးက ႏူဘယ္ကို ေခၚယူ ခဲ့ေပမယ့္ ႏူအာရဲ႕လက္စြမ္းျပေနမႈေၾကာင့္ ႏူဘယ္ကလည္း အရန္ကစားသမားအျဖစ္သာ အသင္းမွာ ရွိေနခဲ့တာပဲျဖစ္ပါ တယ္။ ရူမင္နစ္ဂီက အသင္းမွာ အရင္ကထက္ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူေပးကာ ကမၻာ့အေကာင္းဆံုးေဘာလံုးသမား ဆုရဖို႔ ေရပန္းစားေနတဲ့ လီဝန္ေဒါစကီး ကိုလည္း ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။
Bundesliga.com ကေနတဆင့္ ရူမင္နစ္ဂီ က “ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ႏူအာရဲ႕ စြမ္းေဆာင္ရည္က ေကာင္းသ ထက္ေကာင္းလာပါတယ္။ အသင္းမွာ ဂ်ာမနီေဘာလံုးအသင္းရဲ႕ဂိုးသမားေတြရွိခဲ့ၿပီး ႏူအာကလည္း စတက္ပ္မိုင္ယာ၊ အို လီဗာခန္းတို႔လို အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္တဲ့သူပါ။ ႏူအာအေနနဲ႔ လက္ရွိစြမ္းေဆာင္ရည္ေၾကာင့္ ကမၻာ့ အေကာင္းဆံုး ဂိုးသမားလို႔ဆိုရမွာျဖစ္ၿပီး ဒီအတြက္ေၾကာင့္လည္း သူအပါအဝင္ အသင္းနဲ႔ သက္ဆိုင္သူအားလံုးလည္း ေပ်ာ္ရႊင္ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။