လာဇီယိုကစားသမားတွေက ဘောလုံးကွင်းနဲ့ ရေကူးကန် မှားပြီး လာခဲ့သလိုပါပဲ လို့ ပွဲအပြီးမှာ ပြောခဲ့တဲ့ ဖာဗရီ


ဒေါ့မန်အသင်းနည်းပြ ဖာဗရီက အိမ်ကွင်းမှာကစားရပေမယ့် လာဇီယိုအသင်းကို အနိုင်မရခဲ့ခြင်းအတွက် ပွဲအပြီးမှာတော့ လာဇီယိုကစားသမားတွေအနေနဲ့ ဘောလုံးကွင်းနဲ့ ရေကူးကန်မှားပြီး ရောက်လာတယ်လို့ ပြောခဲ့ပါတယ်။ ဖာဗရီက ပွဲက စားနေချိန်မှာအတွင်းမှာ လာဇီယိုကစားသမားတွေရဲ့ လဲကျမှုနဲ့ ပေးခဲ့ရတဲ့ပင်နယ်တီပြစ်ဒဏ်မှာ လာဇီယို ကွင်းလယ် ကစားသမား ဆာဗစ်တို့ရဲ့ လုပ်ဆောင်မှုတွေကို ရည်ရွယ်ပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။


ဒေါ့မန်ဟာ လာဇီယိုကို အနိုင်မရခဲ့ဘူးဆိုပေမယ့် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ဖို့ လိုအပ်နေတဲ့ ရမှတ်တစ်မှတ်ကို ရယူ နိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဒေါ့မန်အသင်းနည်းပြ ဖာဗရီက “နောက် တစ်ဆင့်တက်ရောက်ဖို့ လိုအပ်နေတဲ့ ရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့တယ်ဆိုပေမယ့် ပင်နယ်တီပြစ်ဒဏ်ကတော့ မပေးခဲ့ သင့်ပါဘူး။ အသင်းအနေနဲ့လည်း ဒုတိယအနိုင်ဂိုးသွင်းယူထားဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ရေကူးကန် မှာ ဒိုင်ဗင်ထိုးသလို ထိုးပြီး ပင်နယ်တီပေးခဲ့ရတာကြောင့် ဆာဗစ်ဟာ ဘောလုံးကွင်းနဲ့ ရေကူးကန် မှားလာတယ်လို့ပဲ ပြော ရမလို ဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။


လာဇီယိုနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒေါ့မန်အသင်းအတွက် အားထားရတဲ့တိုက်စစ်မှူး ဟာလန်းကတော့ ဒဏ်ရာကြောင့် ပါဝင်က စားနိုင်ခဲ့ခြင်းမရှိသလို ဒီဇင်ဘာလအကုန်အထိ အနားယူရဖို့ရှိနေတယ်လို့လည်း ဒေါ့မန်အသင်းက အတည်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး ဖာဗရီက လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရမှတ် ၄ မှတ်အထိကွာဟနေတယ် ဆိုပေယ့် အသင်းရဲ့ကစားသမားအချို့ဒဏ်ရာရနေကြလို့သာဖြစ်ပြီး အကောင်းဆုံးပြန်လာနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ တာပဲ ဖြစ်ပါတယ်။

zawgyi version

လာဇီယိုကစားသမားေတြက ေဘာလံုးကြင္းနဲ႔ ေရကူးကန္ မွားၿပီး လာခဲ့သလိုပါပဲ လို႔ ပြဲအၿပီးမွာ ေျပာခဲ့တဲ့ ဖာဗရီ
ေဒါ့မန္အသင္းနည္းျပ ဖာဗရီက အိမ္ကြင္းမွာကစားရေပမယ့္ လာဇီယိုအသင္းကို အႏိုင္မရခဲ့ျခင္းအတြက္ ပြဲအၿပီးမွာေတာ့ လာဇီယိုကစားသမားေတြအေနနဲ႔ ေဘာလံုးကြင္းနဲ႔ ေရကူးကန္မွားၿပီး ေရာက္လာတယ္လို႔ ေျပာခဲ့ပါတယ္။ ဖာဗရီက ပြဲက စားေနခ်ိန္မွာအတြင္းမွာ လာဇီယိုကစားသမားေတြရဲ႕ လဲက်မႈနဲ႔ ေပးခဲ့ရတဲ့ပင္နယ္တီျပစ္ဒဏ္မွာ လာဇီယို ကြင္းလယ္ ကစားသမား ဆာဗစ္တို႔ရဲ႕ လုပ္ေဆာင္မႈေတြကို ရည္ရြယ္ၿပီး ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
ေဒါ့မန္ဟာ လာဇီယိုကို အႏိုင္မရခဲ့ဘူးဆိုေပမယ့္ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့ဖို႔ လိုအပ္ေနတဲ့ ရမွတ္တစ္မွတ္ကို ရယူ ႏိုင္ခဲ့တာေၾကာင့္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ေဒါ့မန္အသင္းနည္းျပ ဖာဗရီက “ေနာက္ တစ္ဆင့္တက္ေရာက္ဖို႔ လိုအပ္ေနတဲ့ ရမွတ္တစ္မွတ္ကို ရယူႏိုင္ခဲ့တယ္ဆိုေပမယ့္ ပင္နယ္တီျပစ္ဒဏ္ကေတာ့ မေပးခဲ့ သင့္ပါဘူး။ အသင္းအေနနဲ႔လည္း ဒုတိယအႏိုင္ဂိုးသြင္းယူထားဖို႔ အခြင့္အေရးရခဲ့ေပမယ့္ အသံုးမခ်ႏိုင္ခဲ့ဘူး။ ေရကူးကန္ မွာ ဒိုင္ဗင္ထိုးသလို ထိုးၿပီး ပင္နယ္တီေပးခဲ့ရတာေၾကာင့္ ဆာဗစ္ဟာ ေဘာလံုးကြင္းနဲ႔ ေရကူးကန္ မွားလာတယ္လို႔ပဲ ေျပာ ရမလို ျဖစ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လာဇီယိုနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေဒါ့မန္အသင္းအတြက္ အားထားရတဲ့တိုက္စစ္မွဴး ဟာလန္းကေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္က စားႏိုင္ခဲ့ျခင္းမရွိသလို ဒီဇင္ဘာလအကုန္အထိ အနားယူရဖို႔ရွိေနတယ္လို႔လည္း ေဒါ့မန္အသင္းက အတည္ျပဳခဲ့ပါတယ္။ ဆက္လက္ၿပီး ဖာဗရီက လက္ရွိ ဘြန္ဒက္စ္လီဂါမွာ ဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ရမွတ္ ၄ မွတ္အထိကြာဟေနတယ္ ဆိုေပယ့္ အသင္းရဲ႕ကစားသမားအခ်ိဳ႕ဒဏ္ရာရေနၾကလို႔သာျဖစ္ၿပီး အေကာင္းဆံုးျပန္လာႏိုင္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ တာပဲ ျဖစ္ပါတယ္။