ဒီမာရီယာက ဒိုင်ဗင်ပစ်ခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်း နောက်တစ်ဆင့် မတက်စေရန် မျှော်လင့်နေတယ်လို့ ပြောဆိုလိုက်တဲ့ လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်း

လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်း က အာဂျင်တီးနား ကစားသမား ဒီမာရီယာ ဒိုင်ဗင်ထိုးခဲ့လို့ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီ ပေးခဲ့တဲ့အပေါ် စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လိုက်ပ်ဇစ်ကစားသမား ဆာဘစ်ဇာက ပီအက်စ်ဂျီတောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပွဲချိန် (၁၁) မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိစေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီအသင်းဟာ အုပ်စု (H) အတွင်း ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့် (၃) နေရာကလိုက်ပ်ဇစ်နဲ့ ရမှတ်တူ ဂိုးကွာခြားနေတာ ဖြစ်ပါတယ်။

သူတို့ (၂) သင်းစလုံးဟာ အုပ်စုကို ဦးဆောင်နေတဲ့ ယူနိုက်တက်အသင်းထက် (၃) မှတ်လျော့နည်းနေပါတယ်။ လိုက်ပ်ဇစ်နည်းပြကတော့ ပီအက်စ်ဂျီအသင်း ကို ပင်နယ်တီ ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူး ဖြစ်နေပါတယ်။

“ဒီပွဲမှာ ပီအက်စ်ဂျီအသင်း တစ်ကယ့်အခွင့်အရေးကို ရရှိမယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ ပင်နယ်တီက ရယ်စရာပါ။ ဒီဆုံးဖြတ်ချက်က ချန်ပီယံလိဂ်လို အဆင့်အတန်းမျိုးမှာ တစ်ကယ်ကို ဝမ်းနည်းစရာပါ။ ဒါက သိသိသာသာ ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပြီး လုံး၀ မထိခဲ့ပါဘူး။ VAR ကလည်း နောက်တစ်ပွဲကို ကြည့်နေတာနဲ့ တူပါတယ်။ ကျွန်တော်တို့ ဟာ အခု အုပ်စုအတွင်း အခြေအနေဆိုးနေပါတယ်။ နောက် (၂) ပွဲကို အနိုင်ရမှ ဖြစ်မှာပါ။ ပီအက်စ်ဂျီအသင်း နောက်တစ်ဆင့် မတက်ပါစေနဲ့လို့ မျှော်လင့်ပါတယ်” လို့ လိုက်ပ်ဗစ်နည်းပြ က ဂျာမနီက စကိုင်းစပေါ့သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီမာရီယာက ဒိုင္ဗစ္ပစ္ခဲ့တာ ျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္း ေနာက္တစ္ဆင့္ မတက္ေစရန္ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာဆိုလိုက္တဲ့ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စမန္း

လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စမန္း က အာဂ်င္တီးနား ကစားသမား ဒီမာရီယာ ဒိုင္ဗင္ထိုးခဲ့လို႔ ပီအက္စ္ဂ်ီအသင္းကို ပင္နယ္တီ ေပးခဲ့တဲ့အေပၚ စြပ္စြဲေျပာဆိုသြားခဲ့ပါတယ္။ အဂၤါေန႔ညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ လိုက္ပ္ဇစ္ကစားသမား ဆာဘစ္ဇာက ပီအက္စ္ဂ်ီေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာကို ပင္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ပြဲခ်ိန္ (၁၁) မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ကန္သြငး္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို ရရွိေစခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ အုပ္စု (H) အတြင္း ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီး အဆင့္ (၃) ေနရာကလိုက္ပ္ဇစ္နဲ႔ ရမွတ္တူ ဂိုးကြာျခားေနတာ ျဖစ္ပါတယ္။

သူတို႔ (၂) သင္းစလံုးဟာ အုပ္စုကို ဦးေဆာင္ေနတဲ့ ယူႏိုက္တက္အသင္းထက္ (၃) မွတ္ေလ်ာ့နည္းေနပါတယ္။ လိုက္ပ္ဇစ္နည္းျပကေတာ့ ပီအက္စ္ဂ်ီအသင္း ကို ပင္နယ္တီ ေပးခဲ့တဲ့ဆံုးျဖတ္ခ်က္ကို လက္မခံႏိုင္ဘူး ျဖစ္ေနပါတယ္။

“ဒီပြဲမွာ ပီအက္စ္ဂ်ီအသင္း တစ္ကယ့္အခြင့္အေရးကို ရရွိမယ္လို႔ ကၽြန္ေတာ္မထင္ခဲ့ပါဘူး။ ပင္နယ္တီက ရယ္စရာပါ။ ဒီဆံုးျဖတ္ခ်က္က ခ်န္ပီယံလိဂ္လို အဆင့္အတန္းမ်ိဳးမွာ တစ္ကယ္ကို ၀မ္းနည္းစရာပါ။ ဒါက သိသိသာသာ ဒိုင္ဗင္ထိုးခဲ့တာျဖစ္ၿပီး လံုး၀ မထိခဲ့ပါဘူး။ VAR ကလည္း ေနာက္တစ္ပြဲကို ၾကည့္ေနတာနဲ႔ တူပါတယ္။ ကၽြန္ေတာ္တို႔ ဟာ အခု အုပ္စုအတြင္း အေျခအေနဆိုးေနပါတယ္။ ေနာက္ (၂) ပြဲကို အႏိုင္ရမွ ျဖစ္မွာပါ။ ပီအက္စ္ဂ်ီအသင္း ေနာက္တစ္ဆင့္ မတက္ပါေစန႔ဲလို႔ ေမွ်ာ္လင့္ပါတယ္”  လို႔ လိုက္ပ္ဗစ္နည္းျပ က ဂ်ာမနီက စကိုင္းစေပါ့သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။