အသင်းက ထွက်ခွာတော့မယ့် ဘိုတန်းနေရာအတွက် အူပါမီကာနိုကို အစားထိုး ခေါ်ယူရန် ဘိုင်ယန်မြူးနစ်ကို တိုက်တွန်းလိုက်တဲ့ ဂန္တဝင်ကစားသမားဟောင်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်ကစားသမား လိုသာမက်သီးယပ်စ်က ပေါင် ၄၅ သန်းတန် လိုက်ပ်ဇ်စ်ဗဟိုနောက်ခံလူ အူပါမီကာနိုကို ခေါ်ယူသင့်တယ်လို့ အသင်းဟောင်းကိုတိုက်တွန်းပြောသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းရဲ့ ဗဟိုနောက်ခံလူ ဘိုတန်းနဲ့ အလာဘာ တို့ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ ဂျာမန်ကလပ်အသင်းအနေနဲ့ နောက်ခံလူ တစ်ယောက်ကို မဖြစ်မနေ ဝယ်ယူရဖွယ်ရှိနေပါတယ်။

အူပါမီကာနိုကို ဥရောပက ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့ကလည်း အရမ်းကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး မာသီးယပ်စ်က သူ့အသင်းဟောင်းဟာ အူပါမီကာနိုကို အလွယ်တကူ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဘိုတန်းဟာ ဒဏ်ရာမကြာခဏ ရနေပြီး အသက်ကလည်း ၃၂ နှစ်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း သူဟာ မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။ ကျွန်တော့်ဆီကလည်း ပါပါတယ်။ ဒါကလည်း မျှမျှတတ ပါပဲ။ ဒါပေမယ့် သူဟာ အမြဲတမ်း ပရော်ဖက်ရှင်နယ်ပီသပြီး လက်ရှိဟန်ဆီဖလစ်ခ် လက်အောက်မှာ အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။ သေချာတာတစ်ခုကတော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘိုတန်နဲ့အတူ အလာဘာကို လက်လွှတ်ရမယ်ဆိုရင် အစားထိုးဖို့ လိုအပ်နေပါတယ်။

အသင်းမှာတော့ ဖြေရှင်းစရာဖြစ်တဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဆူလီ ၊ ပါဗက် နဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ သို့သော်လည်း အပြင်က ခေါ်ယူဖို့လည်း လိုအပ်နေပါတယ်။ လိုက်ပ်ဇစ်က အူပါမီကာနိုက သေချာပေါက် အသင်းနဲ့ အံ့ဝင်မယ့် ကစားသမားပါ။ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင် ၄၅ သန်းလောက်ပဲ ရှိပါတယ်။ ဒါက ဘိုင်ယန်မြူးနစ်အသင်းအတွက် အရမ်းကို လွယ်ကူပါတယ်” လို့ မာသီးယပ်စ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ဘိုတန်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ကစားသမား ဖြစ်ပါတယ်။

အသင္းက ထြက္ခြာေတာ့မယ့္ ဘိုတန္းေနရာအတြက္ အူပါမီကာႏိုကို အစားထိုး ေခၚယူရန္ ဘိုင္ယန္ျမဴးနစ္ကို တိုက္တြန္းလိုက္တဲ့ ဂႏၱ၀င္ကစားသမားေဟာင္း

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂႏၱ၀င္ကစားသမား လိုသာမက္သီးယပ္စ္က ေပါင္ ၄၅ သန္းတန္ လိုက္ပ္ဇ္စ္ဗဟိုေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူသင့္တယ္လို႔ အသင္းေဟာင္းကိုတိုက္တြန္းေျပာသြားခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံအသင္းရဲ႕ ဗဟိုေနာက္ခံလူ ဘိုတန္းနဲ႔ အလာဘာ တို႔ဟာ ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနလို႔ ဂ်ာမန္ကလပ္အသင္းအေနနဲ႔ ေနာက္ခံလူ တစ္ေယာက္ကို မျဖစ္မေန ၀ယ္ယူရဖြယ္ရွိေနပါတယ္။

အူပါမီကာႏိုကုိ ဥေရာပက ထိပ္သီးအသင္းေတြျဖစ္တဲ့ လီဗာပူးလ္ နဲ႔ ယူႏိုက္တက္အသင္းတို႔ကလည္း အရမ္းကို စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူတို႔ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ယွဥ္ျပိဳင္ရဖြယ္ရွိေနျပီး မာသီးယပ္စ္က သူ႔အသင္းေဟာင္းဟာ အူပါမီကာႏိုကို အလြယ္တကူ ေခၚယူႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

“ဘိုတန္းဟာ ဒဏ္ရာမၾကာခဏ ရေနျပီး အသက္ကလည္း ၃၂ ႏွစ္ျဖစ္ေနပါျပီ။ ျပီးခဲ့တဲ့ႏွစ္ေတြတုန္းကလည္း သူဟာ မၾကာခဏ ေ၀ဖန္ခံခဲ့ရပါတယ္။ ကၽြန္ေတာ့္ဆီကလည္း ပါပါတယ္။ ဒါကလည္း မွ်မွ်တတ ပါပဲ။ ဒါေပမယ့္ သူဟာ အျမဲတမ္း ပေရာ္ဖက္ရွင္နယ္ပီသျပီး လက္ရွိဟန္ဆီဖလစ္ခ္ လက္ေအာက္မွာ အေကာင္းဆံုး စြမ္းေဆာင္ေပးေနပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဘိုတန္နဲ႔အတူ အလာဘာကို လက္လႊတ္ရမယ္ဆိုရင္ အစားထိုးဖို႔ လိုအပ္ေနပါတယ္။

အသင္းမွာေတာ့ ေျဖရွင္းစရာျဖစ္တဲ့ လူးကပ္စ္ဟာနန္ဒက္ဇ္၊ ဆူလီ ၊ ပါဗက္ နဲ႔ လူငယ္ေတြလည္း ရွိေနပါတယ္။ သို႔ေသာ္လည္း အျပင္က ေခၚယူဖို႔လည္း လိုအပ္ေနပါတယ္။ လိုက္ပ္ဇစ္က အူပါမီကာႏိုက ေသခ်ာေပါက္ အသင္းနဲ႔ အံ့၀င္မယ့္ ကစားသမားပါ။ သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ေပါင္ ၄၅ သန္းေလာက္ပဲ ရွိပါတယ္။ ဒါက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ အရမး္ကို လြယ္ကူပါတယ္” လို႔ မာသီးယပ္စ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ဘိုတန္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းဆီကေန ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္ ကစားသမား ျဖစ္ပါတယ္။