LEGO နဲ့ လုပ်ထားတဲ့ ဘောလွန်းဒီအောဆု ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပိုလန်ရက်ပါ Quebonafide ဆီက LEGO နဲ့ လုပ်ထားတဲ့ ဘောလွန်းဒီအောဆုကို လက်ဆောင်ရရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင်း ၂၀၂၀ ဘောလွန်းဒီအောဆုကို ပယ်ဖျက်ခဲ့တာဖြစ်လို့ လီဝန်ဒေါစကီးဟာ အဆိုပါ LEGO နဲ့ ဆောက်လုပ်ထားတဲ့ ဆုကို အင်စတာဂရမ်ကနေ ပရိသတ်တွေကို ပြသခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား နဲ့ ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလွန်းဒီအောဆုရရှိရန် ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၇ ပွဲကစားပြီး (၅၅) ဂိုးအထိ သွင်းယူထားခဲ့ပြီး ဂိုးအများဆုံးသွင်းခဲ့သူပါ။ တိုက်စစ်မှူးဟာ သူ့ကို အဆိုပါလက်ဆောင်ပေးခဲ့တဲ့ Quebonafide ကို ကျေးဇူးတင်စကား အင်စတာဂရမ်ကနေ ပိုစ့်တင်ပြီး ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ သူ့ရဲ့ ပို့စ်အောက်မှာပဲ “ကံမကောင်းခဲ့ပေမယ့် မင်းဟာ အကောင်းဆုံး ကျောနံပါတ် (၉) ဖြစ်ပါတယ်။ ဆက်ပြီးကြိုးစား လီဝန်ဒေါစကီး” လို့ ရေးသားသွားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “မင်းက တစ်ကယ့်ဘောလွန်းဒီအောဆု အစစ်နဲ့ ထိုက်တန်သူပါ” လို့ အသီးသီးရေးသားခဲ့တာဖြစ်ပါတယ်။

LEGO နဲ႔ လုပ္ထားတဲ့ ေဘာလြန္းဒီေအာဆု ရရွိခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးဟာ ပိုလန္ရက္ပါ Quebonafide ဆီက LEGO နဲ႔ လုပ္ထားတဲ့ ေဘာလြန္းဒီေအာဆုကို လက္ေဆာင္ရရွိခဲ့ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင္း ၂၀၂၀ ေဘာလြန္းဒီေအာဆုကို ပယ္ဖ်က္ခဲ့တာျဖစ္လို႔ လီ၀န္ေဒါစကီးဟာ အဆိုပါ LEGO နဲ႔ ေဆာက္လုပ္ထားတဲ့ ဆုကို အင္စတာဂရမ္ကေန ပရိသတ္ေတြကို ျပသခဲ့တာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအတစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့တဲ့ လီ၀န္ေဒါစကီးဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီတုနး္က ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါ၊ ဂ်ာမန္ပိုကယ္ဖလား နဲ႔ ခ်န္ပီယံလိဂ္ဖလား တို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ေဘာလြန္းဒီေအာဆုရရွိရန္ ေရပန္းအစားဆံုးျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ လီ၀န္ေဒါစကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၄၇ ပြဲကစားျပီး (၅၅) ဂိုးအထိ သြင္းယူထားခဲ့ျပီး ဂိုးအမ်ားဆံုးသြင္းခဲ့သူပါ။ တိုက္စစ္မွဴးဟာ သူ႔ကို အဆုိပါလက္ေဆာင္ေပးခဲ့တဲ့ Quebonafide ကို ေက်းဇူးတင္စကား အင္စတာဂရမ္ကေန ပိုစ့္တင္ျပီး ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ ပို႔စ္ေအာက္မွာပဲ “ကံမေကာင္းခဲ့ေပမယ့္ မင္းဟာ အေကာင္းဆံုး ေက်ာနံပါတ္ (၉) ျဖစ္ပါတယ္။ ဆက္ျပီးၾကိဳးစား လီ၀န္ေဒါစကီး” လို႔ ေရးသားသြားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း “မင္းက တစ္ကယ့္ေဘာလြန္းဒီေအာဆု အစစ္နဲ႔ ထိုက္တန္သူပါ” လို႔ အသီးသီးေရးသားခဲ့တာျဖစ္ပါတယ္။