အသက် ၁၇ နှစ်အရွယ် ဘယ်လင်ဂမ်ကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူလိုက်တဲ့ နည်းပြ ဆောက်ဂိတ်

ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဘယ်လင်ဂမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခြင်းကို ခံလိုက်ရပါတယ်။ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာရရှိလို့ အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်သွားတဲ့ ဂျိမ်းစ်ဝပ်ပရောင်းစ် နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန် ယူ ၂၁ နှစ်အောက် အသင်းမှာ ကစားနေသူဖြစ်ခဲ့ပေမယ့် ယခုအခါ စီနီယာအသင်းကြီးထံ ပထမဆုံး ခေါ်ယူခြင်းခံလိုက်ရတာပါ။

ဒေါ့မွန်ကြယ်ပွင့်ဟာ ကြာသပတေးနေ့မှာ ကစားမယ့် အိုင်ယာလန်နဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ကစားခွင့်ရပါက အင်္ဂလန်ရဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာမှာပါ။ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းအတွက် ဝင်ဘလေကွင်းမှာ ကစားခွင့်ရပါက အသက် ၁၇ နှစ် နဲ့ ၁၃၆ ရက် အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် နောက်ထပ် အသက်အငယ်ဆုံးကစားသမား (၂) ယောက်ကတော့ ဝဲလ်ကော့ နဲ့ ရွန်းနီ တို့ပဲ ဖြစ်ပါတယ်။ ဝဲလ်ကော့ဟာ အင်္ဂလန်သမိုင်းမှာ အသက် ၁၇ နှစ်၊ ၇၅ ရက် နဲ့ ၂၀၀၆ ခုနှစ်က ဟန်ဂေရီနဲ့ပွဲမှာ ကစားခွင့်ရခဲ့သူဖြစ်ပြီး ရွန်းနီကတော့ သြစတြီးယားအသင်းနဲ့ ခြေစမ်းပွဲတုန်းက ကစားခွင့်ရခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ နွေရာသီအပြောင်းအရွှေ့က ဒေါ့မွန်အသင်းထံ ဘာမင်ဂမ်အသင်းဆီကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါအသင်းနဲ့ (၁၁) ပွဲကစားထားတဲ့ ဘယ်လင်ဂမ်ဟာ (၂) ဂိုးဖန်တီးထားပြီး ခြေစွမ်းပြနေပါတယ်။

အသက္ ၁၇ ႏွစ္အရြယ္ ဘယ္လင္ဂမ္ကို အဂၤလန္လက္ေရြးစင္အသင္းၾကီးအတြက္ ေခၚယူလိုက္တဲ့ နည္းျပ ေဆာက္ဂိတ္

ေဒါ့မြန္အသင္းနဲ႔ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား ဘယ္လင္ဂမ္ဟာ အဂၤလန္လက္ေရြးစင္အသင္းၾကီးရဲ႕ ေခၚယူျခင္းကို ခံလိုက္ရပါတယ္။ ကြင္းလယ္ကစားသမားဟာ ဒဏ္ရာရရွိလို႔ အသင္းရဲ႕ လူစာရင္းကေန ႏႈတ္ထြက္သြားတဲ့ ဂ်ိမ္းစ္၀ပ္ပေရာင္းစ္ ေနရာမွာ အစားထိုး၀င္ေရာက္လာသူျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားဟာ အဂၤလန္ ယူ ၂၁ ႏွစ္ေအာက္ အသင္းမွာ ကစားေနသူျဖစ္ခဲ့ေပမယ့္ ယခုအခါ စီနီယာအသင္းၾကီးထံ ပထမဆံုး ေခၚယူျခင္းခံလိုက္ရတာပါ။

ေဒါ့မြန္ၾကယ္ပြင့္ဟာ ၾကာသပေတးေန႔မွာ ကစားမယ့္ အိုင္ယာလန္နဲ႔ ခ်စ္ၾကည္ေရးပြဲမွာ ပါ၀င္ကစားခြင့္ရပါက အဂၤလန္ရဲ႕ တတိယေျမာက္ အသက္အငယ္ဆံုး ကစားသမားျဖစ္လာမွာပါ။ ဘယ္လင္ဂမ္ဟာ အဂၤလန္အသင္းအတြက္ ၀င္ဘေလကြင္းမွာ ကစားခြင့္ရပါက အသက္ ၁၇ ႏွစ္ နဲ႔ ၁၃၆ ရက္ အျဖစ္ မွတ္တမ္း၀င္သြားမွာျဖစ္ပါတယ္။

အဂၤလန္အသင္းအတြက္ ေနာက္ထပ္ အသက္အငယ္ဆံုးကစားသမား (၂) ေယာက္ကေတာ့ ၀ဲလ္ေကာ့ နဲ႔ ရြန္းနီ တို႔ပဲ ျဖစ္ပါတယ္။ ၀ဲလ္ေကာ့ဟာ အဂၤလန္သမိုင္းမွာ အသက္ ၁၇ ႏွစ္၊ ၇၅ ရက္ နဲ႔ ၂၀၀၆ ခုႏွစ္က ဟန္ေဂရီနဲ႔ပြဲမွာ ကစားခြင့္ရခဲ့သူျဖစ္ျပီး ရြန္းနီကေတာ့ ၾသစၾတီးယားအသင္းနဲ႔ ေျခစမ္းပြဲတုန္းက ကစားခြင့္ရခဲ့ပါတယ္။

ဘယ္လင္ဂမ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕က ေဒါ့မြန္အသင္းထံ ဘာမင္ဂမ္အသင္းဆီကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါအသင္းနဲ႔ (၁၁) ပြဲကစားထားတဲ့ ဘယ္လင္ဂမ္ဟာ (၂) ဂိုးဖန္တီးထားျပီး ေျခစြမ္းျပေနပါတယ္။