မော့ကိုကို ရဲ့ သွေးသားထဲမှာ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်အပြည့်ရှိနေတယ်လို့ ပြောခဲ့တဲ့ ဒေါ့မန်စီအီးအို ဝက်ဇ်ကီ


ဒေါ့မန်အသင်းရဲ့ စီအီးအို ဝက်ဇ်ကီက အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ မော့ကိုကိုရဲ့ သွေးသားထဲမှာ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်အပြည့်အဝရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ ဂျာမနီလူငယ်ကစားသမား မော့ကိုကို ဟာ ဒေါ့မန်အသင်းရဲ့ အနာဂတ်အတွက် မျှော်လင့်အထားခံရဆုံး လူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပြီး လက်ရှိတိုက် စစ်မှူး ဟာလန်းရဲ့ခြေရာကို လိုက်မီမယ့်သူအဖြစ်လည်း သတ်မှတ်ခံရသူ ဖြစ်ပါတယ်။


မော့ကိုကိုဟာ လက်ရှိမှာ အသက် ၁၅ နှစ်သာရှိသေးပေမယ့် ဂျာမနီယူ-၂၀ အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး သူရဲ့ ခြေစွမ်းကြောင့် ဒေါ့မန်အသင်းနည်းပြ ဖာဗရီအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားမယ့် ဟာသာဘာလင်နဲ့ပွဲစဉ် အတွက် မော့ကိုကို ကိုရွေးချယ်ထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးနေ့ကျရောက်မယ့် မော့ကိုကို အတွက် ဒေါ့မန်အသင်းရဲ့လက်ဆောင်ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အဖေဖြစ်သူက ဂျာမနီနိုင်ငံသားဖြစ်တာကြောင့် ဂါနာနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် မော့ကိုကိုဟာ ဂါနာနဲ့ ဂျာမနီ လက်ရွေးစင် အသင်းတွေကို ရွေးချယ်ဖို့ အခွင့်အရေးရှိနေပါတယ်။ မော့ကိုကိုအနေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာကစားမယ့် ဟာသာဘာ လင်နဲ့ ပွဲမှာသာ ကစားခွင့်ရခဲ့မယ်ဆိုရင် အသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင် ထားတဲ့ ဆီလက်စတိန်းဘာဘာယာရိုရဲ့ ၁၆ နှစ် ၊၂လနဲ့ ၂၅ ရက်စံချိန်ကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

zawgyi version

ေမာ့ကိုကို ရဲ႕ ေသြးသားထဲမွာ ဂိုးသြင္းႏိုင္တဲ့ စြမ္းရည္အျပည့္ရွိေနတယ္လို႔ ေျပာခဲ့တဲ့ ေဒါ့မန္စီအီးအို ဝက္ဇ္ကီ
ေဒါ့မန္အသင္းရဲ႕ စီအီးအို ဝက္ဇ္ကီက အသင္းရဲ႕လူငယ္ကစားသမားျဖစ္တဲ့ ေမာ့ကိုကိုရဲ႕ ေသြးသားထဲမွာ ဂိုးသြင္းႏိုင္တဲ့ စြမ္းရည္အျပည့္အဝရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္သာရွိေသးတဲ့ ဂ်ာမနီလူငယ္ကစားသမား ေမာ့ကိုကို ဟာ ေဒါ့မန္အသင္းရဲ႕ အနာဂတ္အတြက္ ေမွ်ာ္လင့္အထားခံရဆံုး လူငယ္ကစားသမားတစ္ဦးလည္းျဖစ္ၿပီး လက္ရွိတိုက္ စစ္မွဴး ဟာလန္းရဲ႕ေျခရာကို လိုက္မီမယ့္သူအျဖစ္လည္း သတ္မွတ္ခံရသူ ျဖစ္ပါတယ္။
ေမာ့ကိုကိုဟာ လက္ရွိမွာ အသက္ ၁၅ ႏွစ္သာရွိေသးေပမယ့္ ဂ်ာမနီယူ-၂၀ အသင္းအတြက္ ကစားေပးေနသူျဖစ္ၿပီး သူရဲ႕ ေျခစြမ္းေၾကာင့္ ေဒါ့မန္အသင္းနည္းျပ ဖာဗရီအေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ကစားမယ့္ ဟာသာဘာလင္နဲ႔ပြဲစဥ္ အတြက္ ေမာ့ကိုကို ကိုေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ ေမြးေန႔က်ေရာက္မယ့္ ေမာ့ကိုကို အတြက္ ေဒါ့မန္အသင္းရဲ႕လက္ေဆာင္ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အေဖျဖစ္သူက ဂ်ာမနီႏိုင္ငံသားျဖစ္တာေၾကာင့္ ဂါနာႏိုင္ငံမွာ ေမြးဖြားခဲ့ေပမယ့္ ေမာ့ကိုကိုဟာ ဂါနာနဲ႔ ဂ်ာမနီ လက္ေရြးစင္ အသင္းေတြကို ေရြးခ်ယ္ဖို႔ အခြင့္အေရးရွိေနပါတယ္။ ေမာ့ကိုကိုအေနနဲ႔ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာကစားမယ့္ ဟာသာဘာ လင္နဲ႔ ပြဲမွာသာ ကစားခြင့္ရခဲ့မယ္ဆိုရင္ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးကစားသမားအျဖစ္ စံခ်ိန္တင္ ထားတဲ့ ဆီလက္စတိန္းဘာဘာယာ႐ိုရဲ႕ ၁၆ ႏွစ္ ၊၂လနဲ႔ ၂၅ ရက္စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မွာပဲ ျဖစ္ပါတယ္။