မူလာ၊ ဘိုတန်း နဲ့ ဟမ်းမဲလ်စ် တို့ကို ဂျာမနီလက်ရွေးစင်အသင်းကြီးအတွက် ပြန်လည်ရွေးချယ်သွားမှာ မဟုတ်ဘူးလို့ဆိုလိုက်တဲ့ ဂျိုအာချင်လို

ဂျာမနီလက်ရွေးစင်နည်းပြ ဂျိုအာချင်လိုက ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ မူလာ၊ ဘိုတန်း နဲ့ ဟမ်းမဲလ်စ်တို့ကို ပြန်လည်ရွေးချယ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ စီနီယာကစားသမား (၃) ယောက်စလုံးဟာ ဂျာမနီအသင်းကြီးကနေ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ချန်လှပ်ခြင်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဂျိုအာချင်လိုက လက်ရွေးစင်အသင်းဟာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့ လိုအပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

“အဲ့ဒီကစားသမားတွေကို ရွေးချယ်သွားမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါက အခုလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်ပြန်သွားလို့ မရပါဘူး။ သူတို့တွေက ကစားသမားကောင်းတွေ ဖြစ်ပါတယ်” လို့ ဂျာမနီလက်ရွေးစင်နည်းပြကြီး ဂျိုအာချင်လိုက Kicker သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

မူလာ၊ ဘိုတန္း နဲ႔ ဟမ္းမဲလ္စ္ တို႔ကို ဂ်ာမနီလက္ေရြးစင္အသင္းၾကီးအတြက္ ျပန္လည္ေရြးခ်ယ္သြားမွာ မဟုတ္ဘူးလို႔ဆိုလိုက္တဲ့ ဂ်ိဳအာခ်င္လို

ဂ်ာမနီလက္ေရြးစင္နည္းျပ ဂ်ိဳအာခ်င္လိုက ကလပ္အသင္းေတြမွာ ေျခစြမ္းျပေနတဲ့ မူလာ၊ ဘိုတန္း နဲ႔ ဟမ္းမဲလ္စ္တို႔ကို ျပန္လည္ေရြးခ်ယ္ဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။ စီနီယာကစားသမား (၃) ေယာက္စလံုးဟာ ဂ်ာမနီအသင္းၾကီးကေန ျပီးခဲ့တဲ့ႏွစ္ မတ္လကတည္းက ခ်န္လွပ္ျခင္းခံခဲ့ရသူေတြ ျဖစ္ပါတယ္။ ဂ်ိဳအာခ်င္လိုက လက္ေရြးစင္အသင္းဟာ လူငယ္ကစားသမားေတြကို အခြင့္အေရးေပးဖို႔ လိုအပ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“အဲ့ဒီကစားသမားေတြကို ေရြးခ်ယ္သြားမွာ မဟုတ္ဘူးလို႔ ဆံုးျဖတ္ထားပါတယ္။ အဲ့ဒါက အခုလည္း ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေနာက္ျပန္သြားလို႔ မရပါဘူး။ သူတို႔ေတြက ကစားသမားေကာင္းေတြ ျဖစ္ပါတယ္” လို႔ ဂ်ာမနီလက္ေရြးစင္နည္းျပၾကီး ဂ်ိဳအာခ်င္လိုက Kicker သတင္းဌာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။