ဘိုင်ယန်မြူးနစ်အသင်းမှာပဲ အလာဘာ ဆက်နေမယ်လို့ ယုံကြည်နေတဲ့ နည်းပြ ဟန်ဆီဖလစ်ခ်

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က နောက်ခံလူ အလာဘာ အသင်းမှာပဲ ဆက်နေသွားမယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားလာတဲ့ နောက်ခံလူဟာ ၂၀၂၁ မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

သို့သော်လည်း သြစတြီးယား လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ပုံမှန်ကစားခွင့်ရနေတာဖြစ်လို့ ဟန်ဆီဖလစ်ခ်က အသက် ၂၈ နှစ်အရွယ်ကစားသမားအနေနဲ့ အသင်းက ထွက်ခွာမယ့် အကြောင်းကို နောက်တစ်ကြိမ် စဉ်းစားသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဟန်ဆီဖလစ်ခ်က “သူမနှစ်ကလိုပဲ လို့ ကျွန်တေ်ာခံစားရပါတယ်။ အရမ်းကို အာရုံစိုက်နေပါတယ်။ အသင်းရဲ့ နောက်တန်းကို ဦးဆောင်နေတဲ့ကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော့်အတွက်တော့ မနှစ်ကနဲ့ ဒီနှစ်ဘာမှ မကွာပါဘူး။ ဇန်နဝါရီအပြောင်းအရွှေ့အတွက်တော့ ကျွန်တော် စိတ်မပူပါဘူး။ သူစာချုပ်သစ်ချုပ်မယ်လို့ ကျွန်တော်မျှော်လင့်နေဆဲပါ။

ဘာကြောင့်လဲဆိုတော့ သူဒီက အခြေအနေကို သိတယ်လို့ ထင်ပါတယ်။ ဒီမှာ သူက မိသားစုလိုပါပဲ။ အသင်းကလည်း အကောင်းဆုံးအနေအထားကို ရောက်နေတာဖြစ်လို့ သူ (၂) ခါလောက် စဉ်းစားဖို့ လိုပါတယ်” လို့ သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။ အလာဘာကို ခေါ်ယူရန် လီဗာပူးလ်၊ မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘိုင္ယန္ျမဴးနစ္အသင္းမွာပဲ အလာဘာ ဆက္ေနမယ္လို႔ ယံုၾကည္ေနတဲ့ နည္းျပ ဟန္ဆီဖလစ္ခ္

ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္ခ္က ေနာက္ခံလူ အလာဘာ အသင္းမွာပဲ ဆက္ေနသြားမယ္လုိ႔ ယံုၾကည္ခ်က္ရွိေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ကတည္းက ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကစားလာတဲ့ ေနာက္ခံလူဟာ ၂၀၂၁ မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ျပီး အသင္းေျပာင္းေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ၾသစၾတီးယား လက္ေရြးစင္ကစားသမားဟာ ဒီရာသီမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ပံုမွန္ကစားခြင့္ရေနတာျဖစ္လို႔ ဟန္ဆီဖလစ္ခ္က အသက္ ၂၈ ႏွစ္အရြယ္ကစားသမားအေနနဲ႔ အသင္းက ထြက္ခြာမယ့္ အေၾကာင္းကို ေနာက္တစ္ၾကိမ္ စဥ္းစားသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ပြဲၾကိဳသတင္းစာရွင္းလင္းပြဲတစ္ခုမွာ ဟန္ဆီဖလစ္ခ္က “သူမႏွစ္ကလိုပဲ လို႔ ကၽြန္ေတ္ာခံစားရပါတယ္။ အရမး္ကို အာရံုစိုက္ေနပါတယ္။ အသင္းရဲ႕ ေနာက္တန္းကို ဦးေဆာင္ေနတဲ့ကစားသမားေတြထဲက တစ္ေယာက္ပါ။ ကၽြန္ေတာ့္အတြက္ေတာ့ မႏွစ္ကနဲ႔ ဒီႏွစ္ဘာမွ မကြာပါဘူး။ ဇန္န၀ါရီအေျပာင္းအေရႊ႕အတြက္ေတာ့ ကၽြန္ေတာ္ စိတ္မပူပါဘူး။ သူစာခ်ဳပ္သစ္ခ်ဳပ္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ေနဆဲပါ။

ဘာေၾကာင့္လဲဆိုေတာ့ သူဒီက အေျခအေနကို သိတယ္လို႔ ထင္ပါတယ္။ ဒီမွာ သူက မိသားစုလိုပါပဲ။ အသင္းကလည္း အေကာင္းဆံုးအေနအထားကို ေရာက္ေနတာျဖစ္လို႔ သူ (၂) ခါေလာက္ စဥ္းစားဖို႔ လိုပါတယ္” လို႔ သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ အလာဘာကို ေခၚယူရန္ လီဗာပူးလ္၊ မန္စီးတီး နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။