ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် အက်သလက်တီကိုနဲ့ ကစားမယ့်ပွဲမှာ ဂနာဘရီအနေနဲ့ ဘိုင်ယန်မြူးနစ်အတွက် ကစား နိုင်မှာ မဟုတ်လို့ သိရ


ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့တစ်ရာသီအတွင်း ဖလားသုံးလုံးအောင်မြင်မှုမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံ ကစားသမား ဂနာဘရီကတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အက်သလက် တီကိုနဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် ပါဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ဟာ အက်သလက်တီကို,ကို ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်း ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေကတော့ အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် “ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ ဂနာ ဘရီအနေနဲ့ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းကို အတည်ပြုခဲ့သလို အမြန်ဆုံးပြန်လာနိုင်ဖို့အတွက်လည်း ကူညီသွား မယ်”လို့ ပြောခဲ့ပါတယ်။ ဂနာဘရီ အနေနဲ့ အသင်းနဲ့ပူးပေါင်းနိုင်မှာ မဟုတ်ဘဲ နေအိမ်မှာပဲ သီးသန့် ၂ ပတ်ခန့်နေထိုင်ရ မယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂနာဘရီဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်ဖြစ်တဲ့ ဘီလီဖီးလ်ကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းကတော့ အသင်းအတွက် ၆၅ မိနစ်အထိ ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ ပွဲကိုလွဲချော်ခဲ့တဲ့ ဂနာဘရီအနေနဲ့ အောက်တိုဘာ ၂၇ နေ့မှာကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ စီအက်ကေအေမော်စကိုနဲ့ပွဲကိုလည်း လွဲချော်မှာဖြစ်ပြီး ဖရန့်ဖတ်နဲ့ ကစား မယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာမှ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မယ်လို့လည်း သိရပါတယ်။

zawgyi version

ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တာေၾကာင့္ အက္သလက္တီကိုနဲ႔ ကစားမယ့္ပြဲမွာ ဂနာဘရီအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အတြက္ ကစား ႏိုင္မွာ မဟုတ္လို႔ သိရ
ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕တစ္ရာသီအတြင္း ဖလားသံုးလံုးေအာင္ျမင္မႈမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေတာင္ပံ ကစားသမား ဂနာဘရီကေတာ့ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတာေၾကာင့္ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ အက္သလက္ တီကိုနဲ႔ ပြဲစဥ္မွာေတာ့ အသင္းအတြက္ ပါဝင္ကစားေပးႏုိင္မွာ မဟုတ္ဘူးလို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ ဟာ အက္သလက္တီကို,ကို ခ်န္ပီယံလိဂ္အဖြင့္ပြဲစဥ္အျဖစ္ အက္သလက္တီကိုအသင္း ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းတာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ “ အသက္ ၂၅ ႏွစ္ပဲရွိေသးတဲ့ ဂနာ ဘရီအေနနဲ႔ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို အတည္ျပဳခဲ့သလို အျမန္ဆံုးျပန္လာႏိုင္ဖို႔အတြက္လည္း ကူညီသြား မယ္”လို႔ ေျပာခဲ့ပါတယ္။ ဂနာဘရီ အေနနဲ႔ အသင္းနဲ႔ပူးေပါင္းႏိုင္မွာ မဟုတ္ဘဲ ေနအိမ္မွာပဲ သီးသန္႔ ၂ ပတ္ခန္႔ေနထိုင္ရ မယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ဂနာဘရီဟာ ၿပီးခဲ့တဲ့ ဘြန္ဒက္လီဂါပြဲစဥ္ျဖစ္တဲ့ ဘီလီဖီးလ္ကို ေလးဂိုးတစ္ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ပြဲတုန္းကေတာ့ အသင္းအတြက္ ၆၅ မိနစ္အထိ ကစားေပးခဲ့သူလည္း ျဖစ္ပါတယ္။ အက္သလက္တီကိုနဲ႔ ပြဲကုိလြဲေခ်ာ္ခဲ့တဲ့ ဂနာဘရီအေနနဲ႔ ေအာက္တိုဘာ ၂၇ ေန႔မွာကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ စီအက္ေကေအေမာ္စကိုနဲ႔ပြဲကိုလည္း လြဲေခ်ာ္မွာျဖစ္ၿပီး ဖရန္႔ဖတ္နဲ႔ ကစား မယ့္ ဘြန္ဒက္လီဂါပြဲစဥ္မွာမွ အသင္းအတြက္ ျပန္လည္ကစားေပးႏုိင္မယ္လို႔လည္း သိရပါတယ္။