ဂျာမန်မြေ ပြင်ပကို ပထမဆုံးအကြိမ် ထွက်ကစားတော့မယ့် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်ကစားသမားဟောင်း ဂေါ့ဇီ


ဂျာမနီလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ဘွန်ဒက်လီဂါအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ဂေါ့ဇီအနေနဲ့ နယ်သာလန်ကလပ် ပီအက်ဗွီအသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုပြီး ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းမှာ နှစ်ကြိမ်မြောက်ကစားခဲ့တဲ့ ဂေါ့ဇီအနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂေါ့ဇီဟာ ဒေါ့မွန်မှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်မှာ ၄နှစ်ကြာကစားပြီးချိန်မှာတော့ ၂၀၁၆ခုနှစ်မှာ ဒေါ့မွန်ထံ ပြန်လည်ပြောင်းရွှေ့ လာခဲ့သူဖြစ်ပါတယ်။ဒေါ့မွန်နည်းပြ ဖာဗရီရဲ့လက်အောက်မှာတော့ ဂေါ့ဇီအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ မှာ ၂၁ ပွဲပဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။


ပီအက်ဗွီအသင်းကို ပြောင်းရွှေ့သွားပြီးနောက် အသင်းရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ကနေတဆင့် ဂေါ့ဇီက “ နွေရာသီအပြောင်း အရွှေ့မှာ ကျွန်တော်အနေနဲ့ ကမ်းလှမ်းမှုတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်က လူသားတစ်ယောက်ဖြစ်ပြီး ကိုယ်ခံစား ချက်အတိုင်းလုပ်ဆောင်လိုက်တာပါ။ မတူညီတဲ့ စိန်ခေါ်မှုအသစ်တွေကို ခံစားချင်တာလည်း ပါသလို ကိုယ်ကိုယ်ကိုလည်း ယုံကြည်မှုအပြည့်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။


ပီအက်စ်ပွီဘောလုံးဒါရိုက်တာ ဂျွန်ဒီဂျောင်က “ ကျွန်တော်တို့ရဲ့နည်းပြဖြစ်တဲ့ ရိုဂျာရှမစ်က ဂေါ့ဇီကို ခေါ်ယူဖို့အတွက် အလိုရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့မျှော်လင့်ချက်အတိုင်း ဂေါ့ဇီကို ခေါ်ယူနိုင်ခဲ့ပါတယ်။ သူက တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။ ဂေါ့ဇီကို ခေါ်ယူဖို့အတွက် ဂျာမန်ဘွန်ဒက်လီဂါကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ဟာသာဘာလင်ကလည်း စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဂ်ာမန္ေျမ ျပင္ပကို ပထမဆံုးအၾကိမ္ ထြက္ကစားေတာ့မယ့္ ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္ကစားသမားေဟာင္း ေဂါ့ဇီ
ဂ်ာမနီလက္ေရြးစင္ကစားသမားတစ္ဦးျဖစ္ၿပီး ဘြန္ဒက္လီဂါအသင္းၾကီးေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေဒါ့မြန္အသင္းေတြမွာ ကစားခဲ့တဲ့ ကြင္းလယ္ကစားသမား ေဂါ့ဇီအေနနဲ႔ နယ္သာလန္ကလပ္ ပီအက္ဗီြအသင္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ၂ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေျပာင္းေရႊ႕သြားတယ္လို႔ သိရပါတယ္။ ေဒါ့မြန္အသင္းမွာ ႏွစ္ၾကိမ္ေျမာက္ကစားခဲ့တဲ့ ေဂါ့ဇီအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလိုရွိခဲ့တယ္လို႔လည္း သိရပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ေဂါ့ဇီဟာ ေဒါ့မြန္မွာ ကစားသမားဘဝကို စတင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရၿပီး ဘိုင္ယန္ျမဴးနစ္မွာ ၄ႏွစ္ၾကာကစားၿပီးခ်ိန္မွာေတာ့ ၂၀၁၆ခုႏွစ္မွာ ေဒါ့မြန္ထံ ျပန္လည္ေျပာင္းေရႊ႕ လာခဲ့သူျဖစ္ပါတယ္။ေဒါ့မြန္နည္းျပ ဖာဗရီရဲ႕လက္ေအာက္မွာေတာ့ ေဂါ့ဇီအေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲစံု မွာ ၂၁ ပြဲပဲ ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။
ပီအက္ဗီြအသင္းကို ေျပာင္းေရႊ႕သြားၿပီးေနာက္ အသင္းရဲ႕ကိုယ္ပိုင္ဝက္ဘ္ဆိုဒ္ကေနတဆင့္ ေဂါ့ဇီက “ ေႏြရာသီအေျပာင္း အေရႊ႕မွာ ကြ်န္ေတာ္အေနနဲ႔ ကမ္းလွမ္းမႈေတြ အမ်ားၾကီးရခဲ့ပါတယ္။ ကြ်န္ေတာ္က လူသားတစ္ေယာက္ျဖစ္ၿပီး ကိုယ္ခံစား ခ်က္အတိုင္းလုပ္ေဆာင္လိုက္တာပါ။ မတူညီတဲ့ စိန္ေခၚမႈအသစ္ေတြကို ခံစားခ်င္တာလည္း ပါသလို ကိုယ္ကိုယ္ကိုလည္း ယံုၾကည္မႈအျပည့္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပီအက္စ္ပြီေဘာလံုးဒါရိုက္တာ ဂြ်န္ဒီေဂ်ာင္က “ ကြ်န္ေတာ္တို႔ရဲ႕နည္းျပျဖစ္တဲ့ ရိုဂ်ာရွမစ္က ေဂါ့ဇီကို ေခၚယူဖို႔အတြက္ အလိုရွိခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ကြ်န္ေတာ္တို႔ေမွ်ာ္လင့္ခ်က္အတိုင္း ေဂါ့ဇီကို ေခၚယူႏိုင္ခဲ့ပါတယ္။ သူက တိုက္စစ္ ေနရာစံုမွာ ကစားႏိုင္တဲ့သူပါ” လို႔ ေျပာခဲ့ပါတယ္။ ေဂါ့ဇီကို ေခၚယူဖို႔အတြက္ ဂ်ာမန္ဘြန္ဒက္လီဂါကလပ္အသင္းတစ္သင္း ျဖစ္တဲ့ ဟာသာဘာလင္ကလည္း စိတ္ဝင္စားခဲ့တယ္လို႔ သိရပါတယ္။