အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လက်သွက်နေတဲ့ ဘွန်ဒက်စ်လီဂါ ဘီလူး ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲလာတဲ့ ချူပိုမိုတင်းကို တစ်နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရာသီကမှ လီဂူး ၁ ချန်ပီယံနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ယခု ပြင်သစ်ကနေ ဂျာမနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားပါပြီ။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ၂၀၁၇ ခုနှစ်က စတုတ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲတုန်းက လူစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ချူပိုမိုတင်းဟာ ကစားသမားဘဝကို ဟမ်းဘတ် နဲ့ စတင်ခဲ့တာဖြစ်ပြီး မိန်ဇ့်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရှော်လ်ကေးကို ရောက်ရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်က စတုတ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာကလည်း “အဲရစ်ကို ခေါ်ယူလိုက်နိုင်တာ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေအတွက် ကျွန်တော်တို့ ခေါ်ယူရမှာပါ။ အဲရစ်က ပီအက်စ်ဂျီအသင်းနဲ့လည်း နိုင်ငံတကာ အတွေ့အကြုံတွေရထားပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါ အကြောင်းလည်း သိထားပါတယ်။ အဲရစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတာပါ။ အရာအားလုံး အဆင်ပြေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ လက္သြက္ေနတဲ့ ဘြန္ဒက္စ္လီဂါ ဘီလူး ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ လမ္းခြဲလာတဲ့ ခ်ဴပိုမိုတင္းကို တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ျပီျဖစ္ပါတယ္။ တိုက္စစ္မႈးဟာ ျပီးခဲ့တဲ့ရာသီကမွ လီဂူး ၁ ခ်န္ပီယံနဲ႔ လမ္းခြဲခဲ့တာျဖစ္ျပီး ယခု ျပင္သစ္ကေန ဂ်ာမနီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိသြားပါျပီ။

အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၇ ခုႏွစ္က စတုတ္အသင္းကေန ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ျပီး သူဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲတုန္းက လူစာရင္းမွာလည္း ပါ၀င္ခဲ့ပါတယ္။ခ်ဴပိုမိုတင္းဟာ ကစားသမားဘ၀ကို ဟမ္းဘတ္ နဲ႔ စတင္ခဲ့တာျဖစ္ျပီး မိန္ဇ့္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ေရွာ္လ္ေကးကို ေရာက္ရွိခဲ့ျပီးေနာက္ ပရီးမီးယားလိဂ္က စတုတ္အသင္းက ေခၚယူခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အားကစားဒါရိုက္တာကလည္း “အဲရစ္ကို ေခၚယူလိုက္ႏိုင္တာ ကၽြန္ေတာ္တို႔ ၀မ္းသာမိပါတယ္။ ကၽြန္ေတာ္တို႔ အသင္းရဲ႕ လိုအပ္ေနတဲ့ ေနရာေတြအတြက္ ကၽြန္ေတာ္တို႔ ေခၚယူရမွာပါ။ အဲရစ္က ပီအက္စ္ဂ်ီအသင္းနဲ႔လည္း ႏိုင္ငံတကာ အေတြ႕အၾကံဳေတြရထားပါတယ္။ သူဟာ ဘြန္ဒက္စ္လီဂါ အေၾကာင္းလည္း သိထားပါတယ္။ အဲရစ္က အလြတ္ေျပာင္းေရႊ႕ေၾကးန႔ဲ ေရာက္လာတာပါ။ အရာအားလံုး အဆင္ေျပပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။