ဘိုင်ယန်မြူးနစ်ကို အဌားနဲ့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်တောင်ပံကစားသမား ဒေါက်က လပ် ကော်စတာ


ဂျူဗင်တပ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဒေါက်ကလပ်ကော်စတာအနေနဲ့ ဘိုင်ယန်မြူးနစ် ကို အဌားနဲ့ တစ်ကျော့ပြန်ရောက်ရှိဖို့ နီးစပ်နေပြီလို့ Goal သတင်းဌာနက အတည်ပြုခဲ့ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဒေါက်ကလပ်ကော်စတာ ဟာ ၂၀၁၅ ခုနှစ်က ၂၀၁၇ ခုနှစ်အထိ ဘိုင်ယန်မြူးနစ် မှာ ကစားခဲ့ဖူးသူလည်း ဖြစ်တာကြောင့် အသင်းဟောင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်တုန်းက ဂျူဗင်တပ်ကို ယူရိုသန်း ၄၀ နဲ့ ရောင်းချခဲ့တဲ့ ဒေါက်ကလပ်ကော်စတာအတွက် အဌားနဲ့ ပြန်လည်ခေါ် ယူချိန်မှာ ဘိုင်ယန်မြူးနစ်ဟာ ယူရို ၆ သန်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ မှာ သုံးဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ခုနှစ်ကြိမ်သာရှိခဲ့တဲ့ ဒေါက်ကလပ်ကော်စတာကို ဂျူဗင်တပ်အနေနဲ့ အဌားချရ တာက ဖီအိုရင်းတီးနားတိုက်စစ်မှူး ချီယေဆာကို ခေါ်ယူဖို့အတွက်ကြောင့်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်က ဒေါက်ကလပ်ကော်စတာကို အပြီးသတ်ရောင်းချဖို့အတွက် အလိုရှိခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ အဌားနဲ့ သွားရောက်ကစားပြီးမှ အပြီးသတ်ပြောင်းရွှေ့ဖို့ အလိုရှိခဲ့တာကြောင့် ပထမတစ်နှစ်ကို အဌားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါက်ကလပ်ကော်စတာဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါချန်ပီယံ နှစ်ကြိမ်၊ ဂျူဗင် တပ် နဲ့ စီးရီးအေချန်ပီယံ သုံးကြိမ်ရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။

Douglas Costa (Juventus FC) during the Serie A football match between FC Internazionale and Juventus FC at Giuseppe Meazza stadium on April 28, 2018 in Milan, Italy. Final results: 2-3. (Photo by Massimiliano Ferraro/NurPhoto via Getty Images)

ဂျူဗင်တပ်အသင်းဟာ ဖီအိုရင်တီးနားက ချီယေဆာကို ခေါ်ယူဖို့အတွက် ဒေါက်ကလပ်ကော်စတာအပြင် ရူဂါနီကို ရန်း နက်စ်၊ ဒီဆီဂလီယိုကို လိုင်ယွန်အသင်းတွေထံ အဌားချခဲ့တယ်လို့လည်း သိရပါတယ်။ အခြားသတင်းဌာနတစ်ခုကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ချီယေဆာအနေနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီးလို့ လည်း ဖော်ပြနေကြပါတယ်။

zawgyi version

ဘိုင္ယန္ျမဴးနစ္ကို အဌားနဲ႔ ေနာက္တစ္ၾကိမ္ျပန္လည္ေရာက္ရွိဖို႔ နီးစပ္ေနတဲ့ ဂ်ဴဗင္တပ္ေတာင္ပံကစားသမား ေဒါက္က လပ္ ေကာ္စတာ
ဂ်ဴဗင္တပ္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ ေတာင္ပံကစားသမား ေဒါက္ကလပ္ေကာ္စတာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ ကို အဌားနဲ႔ တစ္ေက်ာ့ျပန္ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ Goal သတင္းဌာနက အတည္ျပဳခဲ့ပါတယ္။ အသက္ ၃၀ ရွိၿပီျဖစ္တဲ့ ေဒါက္ကလပ္ေကာ္စတာ ဟာ ၂၀၁၅ ခုႏွစ္က ၂၀၁၇ ခုႏွစ္အထိ ဘိုင္ယန္ျမဴးနစ္ မွာ ကစားခဲ့ဖူးသူလည္း ျဖစ္တာေၾကာင့္ အသင္းေဟာင္းမွာ ေျခစြမ္းျပႏိုင္မယ္လို႔ ထင္ေၾကးေပးခံေနရသူလည္း ျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္ကို ယူရိုသန္း ၄၀ နဲ႔ ေရာင္းခ်ခဲ့တဲ့ ေဒါက္ကလပ္ေကာ္စတာအတြက္ အဌားနဲ႔ ျပန္လည္ေခၚ ယူခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္ဟာ ယူရို ၆ သန္းေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ ၿပိဳင္ပြဲစံု မွာ သံုးဂိုးသာသြင္းယူႏုိင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ခုႏွစ္ၾကိမ္သာရွိခဲ့တဲ့ ေဒါက္ကလပ္ေကာ္စတာကို ဂ်ဴဗင္တပ္အေနနဲ႔ အဌားခ်ရ တာက ဖီအိုရင္းတီးနားတိုက္စစ္မွဴး ခ်ီေယဆာကို ေခၚယူဖို႔အတြက္ေၾကာင့္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဂ်ဴဗင္တပ္က ေဒါက္ကလပ္ေကာ္စတာကို အၿပီးသတ္ေရာင္းခ်ဖို႔အတြက္ အလိုရွိခဲ့တာျဖစ္ေပမယ့္ ကစားသမားကေတာ့ အဌားနဲ႔ သြားေရာက္ကစားၿပီးမွ အၿပီးသတ္ေျပာင္းေရႊ႕ဖို႔ အလိုရွိခဲ့တာေၾကာင့္ ပထမတစ္ႏွစ္ကို အဌားနဲ႔ ေျပာင္းေရႊ႕ခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒါက္ကလပ္ေကာ္စတာဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘြန္ဒက္လီဂါခ်န္ပီယံ ႏွစ္ၾကိမ္၊ ဂ်ဴဗင္ တပ္ နဲ႔ စီးရီးေအခ်န္ပီယံ သံုးၾကိမ္ရရွိထားခဲ့သူလည္း ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္အသင္းဟာ ဖီအိုရင္တီးနားက ခ်ီေယဆာကို ေခၚယူဖို႔အတြက္ ေဒါက္ကလပ္ေကာ္စတာအျပင္ ရူဂါနီကို ရန္း နက္စ္၊ ဒီဆီဂလီယိုကို လိုင္ယြန္အသင္းေတြထံ အဌားခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ အျခားသတင္းဌာနတစ္ခုကေတာ့ ဖီအိုရင္တီးနား တိုက္စစ္မွဴး ခ်ီေယဆာအေနနဲ႔ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီးလို႔ လည္း ေဖာ္ျပေနၾကပါတယ္။