ဒေါ့မွန်ကနေ ကလော့ပ် ထွက်သွားမယ်ဆိုတော့ အားလုံးအံအားသင့်သွားပေမယ့် ဘယ်သူမှ မငိုခဲ့ကြပါဘူးလို့ ပြောခဲ့ တဲ့ ကစားသမားဟောင်း လန်ဂျီရက်ခ်


ဒေါ့မွန်ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ လန်ဂျီရက်ခ်က ၂၀၁၅ ခုနှစ်မှာ အသင်းကနေ နည်းပြကလောပ် ထွက်သွားတော့မယ် ဆိုတော့ အားလုံးအံအားသင့်ခဲ့ကြပေမယ့် ငိုကြွေးခဲ့ကြခြင်းတော့မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြဖြစ်တဲ့ ကလော့ပ်ဟာ ဒေါ့မွန်အသင်းသားတိုင်းအတွက် အရေးကြီးတဲ့သူတစ်ဦးဖြစ်ပေမယ့် အသင်းကို အောင်မြင်တဲ့အသင်းတစ် သင်းဖြစ်အောင် တည်ဆောက်ပေးခဲ့တယ်လို့လည်း လန်ဂျီရက်ခ်က ပြောခဲ့ပါတယ်။


ကလော့ပ်ဟာ ဒေါ့မွန်ကို ကိုင်တွယ်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်းမှာ အမှတ်ပေးချန်ပီယံဆုဖလား နှစ်ကြိမ်ရတဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ခဲ့ပြီး အသင်းရဲ့ဂန္တဝင်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သြစ တြေးလျအသင်းဂိုးသမားတစ်ဦးဖြစ်တဲ့ လန်ဂျီရက်ခ်က နည်းပြကလော့ပ်ဟာ မော်ဒန်ဘောလုံးလောကမှာ အသင်းသား တွေကို စိတ်ဓာတ်လှုံဆော်မှု အပေးနိုင်ဆုံးနည်းပြတစ်ယောက် ဖြစ်တယ်ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။


လန်ဂျီရက်ခ်က “ ကျွန်တော်အနေနဲ့ ကလော့ပ်ရဲ့အကြောင်းတွေကို အများကြီးမသိပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့အေးဂျင့် က ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် ဂျာမနီကိုသွားရမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ နည်းပြကိုလည်း ကစားသမားတိုင်းက ချစ်တယ်ဆိုပြီးပြောခဲ့တာကြောင့် ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာပါ။ ကလော့ပ်နဲ့ တွေ့ တဲ့အချိန်မှာ သူက အလုပ်ကို ကြိုးစားလုပ်ဖို့အတွက် ပြောခဲ့သလို အရာအားလုံးကို အတူတူကျော်ဖြတ်ကြမယ်လို့ ပြောခဲ့ ပါတယ်” ဆိုပြီး Goal and SPOX ကို ပြောခဲ့ပါတယ်။


ကလော့ပ်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အင်္ဂလန်ကို ပြောင်းရွှေ့သွားတာကို အသင်းမှာရှိတဲ့သူတိုင်း က လက်ခံပေးထားခဲ့ကြတယ်လို့လည်း လန်ဂျီရက်ခ်က ပြောခဲ့ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယား လိဂ် ၊ ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရအောင် စွမ်းဆောင်နိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။

zawgyi version

ေဒါ့မြန္ကေန ကေလာ့ပ္ ထြက္သြားမယ္ဆိုေတာ့ အားလံုးအံအားသင့္သြားေပမယ့္ ဘယ္သူမွ မငိုခဲ့ၾကပါဘူးလို႔ ေျပာခဲ့ တဲ့ ကစားသမားေဟာင္း လန္ဂ်ီရက္ခ္
ေဒါ့မြန္ဂိုးသမားေဟာင္းတစ္ဦးျဖစ္တဲ့ လန္ဂ်ီရက္ခ္က ၂၀၁၅ ခုႏွစ္မွာ အသင္းကေန နည္းျပကေလာပ္ ထြက္သြားေတာ့မယ္ ဆိုေတာ့ အားလံုးအံအားသင့္ခဲ့ၾကေပမယ့္ ငိုေၾကြးခဲ့ၾကျခင္းေတာ့မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပျဖစ္တဲ့ ကေလာ့ပ္ဟာ ေဒါ့မြန္အသင္းသားတိုင္းအတြက္ အေရးၾကီးတဲ့သူတစ္ဦးျဖစ္ေပမယ့္ အသင္းကို ေအာင္ျမင္တဲ့အသင္းတစ္ သင္းျဖစ္ေအာင္ တည္ေဆာက္ေပးခဲ့တယ္လို႔လည္း လန္ဂ်ီရက္ခ္က ေျပာခဲ့ပါတယ္။
ကေလာ့ပ္ဟာ ေဒါ့မြန္ကို ကိုင္တြယ္ခဲ့တဲ့ ၇ ႏွစ္တာကာလအတြင္းမွာ အမွတ္ေပးခ်န္ပီယံဆုဖလား ႏွစ္ၾကိမ္ရတဲ့အထိ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ နည္းျပျဖစ္ခဲ့ၿပီး အသင္းရဲ႕ဂႏၱဝင္နည္းျပတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ ၾသစ ေၾတးလ်အသင္းဂိုးသမားတစ္ဦးျဖစ္တဲ့ လန္ဂ်ီရက္ခ္က နည္းျပကေလာ့ပ္ဟာ ေမာ္ဒန္ေဘာလံုးေလာကမွာ အသင္းသား ေတြကို စိတ္ဓာတ္လႈံေဆာ္မႈ အေပးႏိုင္ဆံုးနည္းျပတစ္ေယာက္ ျဖစ္တယ္ဆိုၿပီးေတာ့လည္း ေျပာခဲ့ပါတယ္။
လန္ဂ်ီရက္ခ္က “ ကြ်န္ေတာ္အေနနဲ႔ ကေလာ့ပ္ရဲ႕အေၾကာင္းေတြကို အမ်ားၾကီးမသိပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္ရဲ႕ေအးဂ်င့္ က ကစားသမားဘဝ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔အတြက္ ဂ်ာမနီကိုသြားရမယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးေတာ့ အဲ့ဒီ နည္းျပကိုလည္း ကစားသမားတိုင္းက ခ်စ္တယ္ဆိုၿပီးေျပာခဲ့တာေၾကာင့္ ေဒါ့မြန္ကို ေျပာင္းေရႊ႕ခဲ့တာပါ။ ကေလာ့ပ္နဲ႔ ေတြ႕ တဲ့အခ်ိန္မွာ သူက အလုပ္ကို ၾကိဳးစားလုပ္ဖို႔အတြက္ ေျပာခဲ့သလို အရာအားလံုးကို အတူတူေက်ာ္ျဖတ္ၾကမယ္လို႔ ေျပာခဲ့ ပါတယ္” ဆိုၿပီး Goal and SPOX ကို ေျပာခဲ့ပါတယ္။
ကေလာ့ပ္အေနနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔အတြက္ အဂၤလန္ကို ေျပာင္းေရႊ႕သြားတာကို အသင္းမွာရွိတဲ့သူတိုင္း က လက္ခံေပးထားခဲ့ၾကတယ္လို႔လည္း လန္ဂ်ီရက္ခ္က ေျပာခဲ့ပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔အတူ ပရီးမီးယား လိဂ္ ၊ ခ်န္ပီယံလိဂ္ ၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ကမၻာ့ဖလား ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆုရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူ လည္း ျဖစ္ပါတယ္။