တစ်နှစ်အတွင်းမှာ ဆုဖလား ၅ လုံး အထိ ရယူပြီး လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးအသင်းဆိုတာ သက်သေ ပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်


ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီအတွင်းဆုဖလား ၃လုံးကို ဒုတိယအကြိမ်ရရှိခဲ့တဲ့ ဘိုင်ယန်မြူး နစ်ဟာ ဆီဗီလာနဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ပြိုင်ပွဲမှာလည်း အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြည်တွင်းပြိုင်ပွဲ အားလုံးမှာ အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ဂျာမန်စူပါဖလား ပြိုင်ပွဲမှာလည်း ကင်နစ်ချ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် ဘွန်ဒက်လီဂါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ ပြိုင်ဘက်အသင်းတွေကို ရှုံးခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ ပြင်ဆင် လာကြပါတယ်။ ဒေါ့မွန်မှာ ဒဏ်ရာပြဿနာရှိနေတယ်ဆိုတဲ့ ဆန်ချိုနဲ့ ဟာဇက်တို့လို အဓိက,ကစားသမားတွေ မပါဝင်နိုင်ခဲ့ တာက အားနည်းချက်ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ယှဉ်နိုင်ဖို့ ခက်ခဲခဲ့တာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က နှစ်ဂိုးပြတ်ဦး ဆောင်နိုင်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က ဘရန့်ဒ်၊ ဟာလန်းတို့က ချေပဂိုးတွေ လိုက်သွင်းခဲ့တာကြောင့် နှစ်ဂိုးစီသရေကျခဲ့ ပေမယ့် ကင်နစ်ချ်က ပွဲချိန် ၈၂ မိနစ်မှာ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်က အသင်းသားတွေအနေနဲ့ ဘဝမှာ ခက်ခဲတဲ့အလုပ်တစ်ခု ကို အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကင်နစ်ချ်ကလည်း နောက်ထပ်ဖလားတစ်လုံးကို ရယူနိုင်ခဲ့တာကြောင့် စိတ်သက်သာရခဲ့ကြောင်းကို ပွဲအပြီးမှာ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဖြစ်တဲ့ နူအာက “ နောက်ထပ် အသင်းကောင်းတစ်သင်းနဲ့ ဖလားလုပွဲထပ်ကစားခဲ့ရ တာပါ။ ဘောလုံးပွဲတွေမှာ အချိန်ခဏလေးအတွင်း အများကြီးပြောင်းလဲနိုင်တယ်ဆိုတာ တွေ့ရမှာပါ။ ကျွန်တော်တို့အမှား နည်းနည်းလေး လုပ်လိုက်မိတာနဲ့ ဒေါ့မွန်က ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးသွင်းခဲ့တဲ့ ကင်နစ်ချ်ကတော့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

တစ္ႏွစ္အတြင္းမွာ ဆုဖလား ၅ လံုး အထိ ရယူၿပီး လက္ရွိေဘာလံုးေလာကမွာ အေကာင္းဆံုးအသင္းဆိုတာ သက္ေသ ျပခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္
ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီအတြင္းဆုဖလား ၃လံုးကို ဒုတိယအၾကိမ္ရရွိခဲ့တဲ့ ဘိုင္ယန္ျမဴး နစ္ဟာ ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ဥေရာပစူပါဖလား ၿပိဳင္ပြဲမွာလည္း အႏိုင္ရၿပီး ခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ျပည္တြင္းၿပိဳင္ပြဲ အားလံုးမွာ အႏုိင္ရထားတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ အမွတ္ေပးဇယားဒုတိယေနရာက ေဒါ့မြန္နဲ႔ ကစားခဲ့တဲ့ ဂ်ာမန္စူပါဖလား ၿပိဳင္ပြဲမွာလည္း ကင္နစ္ခ်္ရဲ႕ ေနာက္က်ဂိုးနဲ႔ အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့အပတ္ ဘြန္ဒက္လီဂါပြဲစဥ္မွာ ႏွစ္သင္းစလံုးဟာ ၿပိဳင္ဘက္အသင္းေတြကို ရႈံးခဲ့တာေၾကာင့္ ဒီပြဲမွာ အႏိုင္ရဖို႔ ျပင္ဆင္ လာၾကပါတယ္။ ေဒါ့မြန္မွာ ဒဏ္ရာျပႆနာရွိေနတယ္ဆိုတဲ့ ဆန္ခ်ိဳနဲ႔ ဟာဇက္တို႔လို အဓိက,ကစားသမားေတြ မပါဝင္ႏိုင္ခဲ့ တာက အားနည္းခ်က္ျဖစ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကို ယွဥ္ႏိုင္ဖို႔ ခက္ခဲခဲ့တာပဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ႏွစ္ဂိုးျပတ္ဦး ေဆာင္ႏုိင္ခဲ့ေပမယ့္ ေဒါ့မြန္ဘက္က ဘရန္႔ဒ္၊ ဟာလန္းတို႔က ေခ်ပဂိုးေတြ လိုက္သြင္းခဲ့တာေၾကာင့္ ႏွစ္ဂိုးစီသေရက်ခဲ့ ေပမယ့္ ကင္နစ္ခ်္က ပြဲခ်ိန္ ၈၂ မိနစ္မွာ ဘိုင္ယန္ျမဴးနစ္အတြက္ အႏုိင္ဂိုးကို သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီဖလစ္က အသင္းသားေတြအေနနဲ႔ ဘဝမွာ ခက္ခဲတဲ့အလုပ္တစ္ခု ကို ေအာင္ျမင္မႈရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီပြဲမွာ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကင္နစ္ခ်္ကလည္း ေနာက္ထပ္ဖလားတစ္လံုးကို ရယူႏိုင္ခဲ့တာေၾကာင့္ စိတ္သက္သာရခဲ့ေၾကာင္းကို ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ႏူအာက “ ေနာက္ထပ္ အသင္းေကာင္းတစ္သင္းနဲ႔ ဖလားလုပြဲထပ္ကစားခဲ့ရ တာပါ။ ေဘာလံုးပြဲေတြမွာ အခ်ိန္ခဏေလးအတြင္း အမ်ားၾကီးေျပာင္းလဲႏိုင္တယ္ဆိုတာ ေတြ႕ရမွာပါ။ ကြ်န္ေတာ္တို႔အမွား နည္းနည္းေလး လုပ္လိုက္မိတာနဲ႔ ေဒါ့မြန္က ေခ်ပဂိုးေတြ ျပန္သြင္းယူႏုိင္ခဲ့ပါတယ္။ အႏိုင္ဂိုးသြင္းခဲ့တဲ့ ကင္နစ္ခ်္ကေတာ့ ဒီပြဲရဲ႕ အေကာင္းဆံုးကစားသမားလို႔ ဆိုရမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။