မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ပေမယ့် ဘယ်သူကိုမှ အပြစ်တင်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီ ဖလစ်


ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က ဟော့ဖန်ဟိမ်းကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ဘယ်သူကိုမှ အပြစ်တင်စ ရာမရှိကြောင်း ပြောခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းကို ရှုံးခဲ့တဲ့ပွဲက ဘိုင်ယန်မြူးနစ်အတွက် ၂၀၂၀ ခုနှစ်ရဲ့ တရားဝင်ပြိုင်ပွဲတွေ မှာ ပထမဆုံးရှုံးပွဲလည်း ဖြစ်ခဲ့သလို ၂၄ ပွဲဆက်နိုင်ပွဲရထားခဲ့တဲ့စံချိန်လည်း ချိုးဖျက်သွားခဲ့တာ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ဟာ ဟော့ဖန်ဟိမ်းနဲ့ပွဲမှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို အနားပေးခဲ့ပြီး နယ် သာလန်လူငယ်တိုက်စစ်မှူး ဇာကီဇ် ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းရဲ့ မထင် မှတ်တဲ့ အိမ်ကွင်းရုန်းအားကြောင့် ဘိုင်ယန်မြူးနစ်တို့ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပြီး ပွဲအပြီးမှာတော့ လေးဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်ပရိသတ်တွေကတော့ ဆီဗီလာနဲ့ ဥရောပစူပါဖလားပွဲမှာ မိနစ် ၁၂၀ အထိကစားခဲ့ရတဲ့ အသင်းသားတွေ အနေနဲ့ ၇၂ နာရီအတွင်း နောက်ထပ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဘိုင်ယန် မြူးနစ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာလည်း ဒေါ့မွန်နဲ့ ဂျာမန်စူပါဖလားပွဲကစားဖို့ ရှိနေတာကြောင့် ကစားသမားတွေအနေနဲ့ ပွဲပန်းမှုရှိနေနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က “ ရှုံးပွဲအတွက် အကြောင်းပြချက်တွေအများကြီးပေးလို့ ရပေမယ့် ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။ ပြိုင်ဘက်အသင်းကို ဂိုးသွင်းယူနိုင်တဲ့အခွင့်အရေးတွေ ပေးခဲ့တာကြောင့်သာ ရှုံးပွဲ တွေ့ခဲ့ရတာပါ။” လို့ပြောခဲ့ပါတယ်။ လက်ရှိဟော့ဖန်ဟိမ်းနည်းပြ ဆီဗက်စတိန်းအူလီဟူးနက်စ်ဟာ ဘိုင်ယန်မြူးနစ်လူငယ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

zawgyi version

မထင္မွတ္ဘဲ ရႈံးပြဲေတြ႕ခဲ့ေပမယ့္ ဘယ္သူကိုမွ အျပစ္တင္ေနမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီ ဖလစ္
ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္က ေဟာ့ဖန္ဟိမ္းကို မထင္မွတ္ဘဲ ဂိုးျပတ္ရႈံးနိမ့္ခဲ့ေပမယ့္ ဘယ္သူကိုမွ အျပစ္တင္စ ရာမရွိေၾကာင္း ေျပာခဲ့ပါတယ္။ ေဟာ့ဖန္ဟိမ္းကို ရႈံးခဲ့တဲ့ပြဲက ဘိုင္ယန္ျမဴးနစ္အတြက္ ၂၀၂၀ ခုႏွစ္ရဲ႕ တရားဝင္ၿပိဳင္ပြဲေတြ မွာ ပထမဆံုးရႈံးပြဲလည္း ျဖစ္ခဲ့သလို ၂၄ ပြဲဆက္ႏိုင္ပြဲရထားခဲ့တဲ့စံခ်ိန္လည္း ခ်ိဳးဖ်က္သြားခဲ့တာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္ဟာ ေဟာ့ဖန္ဟိမ္းနဲ႔ပြဲမွာ အဓိကတိုက္စစ္မွဴး လီဝန္ေဒါစကီးကို အနားေပးခဲ့ၿပီး နယ္ သာလန္လူငယ္တိုက္စစ္မွဴး ဇာကီဇ္ ကို အေထာင္တိုက္စစ္္မွဴးအျဖစ္ အသံုးျပဳခဲ့တာျဖစ္ပါတယ္။ ေဟာ့ဖန္ဟိမ္းရဲ႕ မထင္ မွတ္တဲ့ အိမ္ကြင္းရုန္းအားေၾကာင့္ ဘိုင္ယန္ျမဴးနစ္တို႔ အေဝးကြင္းမွာ ရုန္းကန္ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ ေလးဂိုးတစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြကေတာ့ ဆီဗီလာနဲ႔ ဥေရာပစူပါဖလားပြဲမွာ မိနစ္ ၁၂၀ အထိကစားခဲ့ရတဲ့ အသင္းသားေတြ အေနနဲ႔ ၇၂ နာရီအတြင္း ေနာက္ထပ္ပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ရုန္းကန္ခဲ့ရတယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။ ဘိုင္ယန္ ျမဴးနစ္ဟာ လာမယ့္ဗုဒၶဟူးေန႕မွာလည္း ေဒါ့မြန္နဲ႔ ဂ်ာမန္စူပါဖလားပြဲကစားဖို႔ ရွိေနတာေၾကာင့္ ကစားသမားေတြအေနနဲ႔ ပြဲပန္းမႈရွိေနႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ပြဲအၿပီးမွာေတာ့ ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္က “ ရႈံးပြဲအတြက္ အေၾကာင္းျပခ်က္ေတြအမ်ားၾကီးေပးလို႔ ရေပမယ့္ ဘယ္သူကိုမွ အျပစ္မေျပာလိုပါဘူး။ ၿပိဳင္ဘက္အသင္းကို ဂိုးသြင္းယူႏိုင္တဲ့အခြင့္အေရးေတြ ေပးခဲ့တာေၾကာင့္သာ ရႈံးပြဲ ေတြ႕ခဲ့ရတာပါ။” လို႔ေျပာခဲ့ပါတယ္။ လက္ရွိေဟာ့ဖန္ဟိမ္းနည္းျပ ဆီဗက္စတိန္းအူလီဟူးနက္စ္ဟာ ဘိုင္ယန္ျမဴးနစ္လူငယ္ အသင္းကို ကိုင္တြယ္ခဲ့တဲ့ နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။