ဒေးဗီးစ်က ဘောလုံးပရိသတ်တွေကို ပုံစံအသစ်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်လို့ ရူမင်နစ်ကီ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ရူမင်နစ်ကီက အသင်းရဲ့လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ အဲလ်ဖွန်ဆိုဒေးဗီးစ် အ နေနဲ့ ဘောလုံးပရိသတ်တွေကို ဆွဲဆောင်မှု ပုံစံအသစ်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ သူရဲ့ ပထမဆုံး ဘွန်ဒက်လီဂါရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ် တွေ သတိထားမိခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အဲလ်ဖွန်ဆိုဒေးဗီးဟာ အသင်းရဲ့နောက်တန်းမှာ ဒဏ်ရာရနေတဲ့ စီနီယာကစားသမားတွေ ကြောင့် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၃ ပွဲအထိပါဝင်ကစားခွင့်ရခဲ့ သူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့တဲ့ အဲလ်ဖွန်ဆိုဒေးဗီးစ်ကို ဘောလုံးပရိ သတ်တွေက ပိုပြီး သတိထားမိလာခဲ့တာပဲ ဖြစ်ပါတယ်။


ကနေဒါနိုင်ငံသား အဲလ်ဖွန်ဆိုဒေးဗီးလ်ဟာ လက်ရှိအချိန်မှာတော့ ဆိုရှယ်အကောင့်တွေဖြစ်တဲ့ တွစ်တာ၊ အင်စတာဂရမ်နဲ့ TikTok တွေမှာ Followers လုပ်တဲ့သူ ၅ သန်းကျော်အထိ ရှိလာခဲ့ပြီလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ကိုယ်တိုင် သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အဲလ်ဖွန်ဆိုဒေးဗီးစ်ကို ရူမင်နစ်ကီ က ကမ္ဘာ့အကောင်းဆုံး ဘယ် နောက်ခံလူဖြစ်လာမယ့်သူလို့ မှတ်ချက်ပြုခဲ့ပါတယ်။


ရူမင်နစ်ကီက “ ဒေးဗီးစ်က ဘောလုံးစွမ်းရည်ပြည့်ဝတဲ့ကစားသမားတစ်ဦးပါ။ အထူးသဖြင့်ကတော့ သူရဲ့ပြေးအားပဲ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ဗဟိုနောက်ခံလူတွေ ဒဏ်ရာရခဲ့တာကြောင့် အလာဘာက ခံစစ်အတွင်းကို ဝင်ကစားခဲ့ ရတာကြောင့် ဒေးဗီးစ်အနေနဲ့ အခွင့်အရေးရခဲ့တယ်ဆိုပေမယ့် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒေးဗီးစ်က ရစ်ဘာရီနဲ့ ရော်ဘင်တို့လို ဘောလုံးနဲ့တစ်ပါတည်း ပြေးနိုင်တဲ့သူဖြစ်တာကြောင့် လာမယ့်ရာသီမှာ နေရာပြောင်းကစားတာမျိုးတွေ ရှိလာနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေဒးဗီးစ္က ေဘာလံုးပရိသတ္ေတြကို ပံုစံအသစ္တစ္မ်ိဳးနဲ႔ ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ ရူမင္နစ္ကီ ေျပာၾကား
ဘိုင္ယန္ျမဴးနစ္အသင္း အမႈေဆာင္ခ်ဳပ္ ရူမင္နစ္ကီက အသင္းရဲ႕လူငယ္ကစားသမားတစ္ဦးျဖစ္တဲ့ အဲလ္ဖြန္ဆိုေဒးဗီးစ္ အ ေနနဲ႔ ေဘာလံုးပရိသတ္ေတြကို ဆြဲေဆာင္မႈ ပံုစံအသစ္တစ္မ်ိဳးနဲ႔ ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ အဲလ္ဖြန္ဆို ေဒးဗီးစ္ဟာ သူရဲ႕ ပထမဆံုး ဘြန္ဒက္လီဂါရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ ေတြ သတိထားမိခဲ့တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
အသက္ ၁၉ ႏွစ္ပဲရွိေသးတဲ့ အဲလ္ဖြန္ဆိုေဒးဗီးဟာ အသင္းရဲ႕ေနာက္တန္းမွာ ဒဏ္ရာရေနတဲ့ စီနီယာကစားသမားေတြ ေၾကာင့္ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီကဆိုရင္ အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ၄၃ ပြဲအထိပါဝင္ကစားခြင့္ရခဲ့ သူလည္း ျဖစ္ပါတယ္။ ဘာစီလိုနာကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာေတာ့ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အဲလ္ဖြန္ဆိုေဒးဗီးစ္ကို ေဘာလံုးပရိ သတ္ေတြက ပိုၿပီး သတိထားမိလာခဲ့တာပဲ ျဖစ္ပါတယ္။
ကေနဒါႏိုင္ငံသား အဲလ္ဖြန္ဆိုေဒးဗီးလ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ဆိုရွယ္အေကာင့္ေတြျဖစ္တဲ့ တြစ္တာ၊ အင္စတာဂရမ္နဲ႔ TikTok ေတြမွာ Followers လုပ္တဲ့သူ ၅ သန္းေက်ာ္အထိ ရွိလာခဲ့ၿပီလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကိုယ္တိုင္ သံုးဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၀ ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ အဲလ္ဖြန္ဆိုေဒးဗီးစ္ကို ရူမင္နစ္ကီ က ကမၻာ့အေကာင္းဆံုး ဘယ္ ေနာက္ခံလူျဖစ္လာမယ့္သူလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။
ရူမင္နစ္ကီက “ ေဒးဗီးစ္က ေဘာလံုးစြမ္းရည္ျပည့္ဝတဲ့ကစားသမားတစ္ဦးပါ။ အထူးသျဖင့္ကေတာ့ သူရဲ႕ေျပးအားပဲ ျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ရာသီက အသင္းရဲ႕ ဗဟိုေနာက္ခံလူေတြ ဒဏ္ရာရခဲ့တာေၾကာင့္ အလာဘာက ခံစစ္အတြင္းကို ဝင္ကစားခဲ့ ရတာေၾကာင့္ ေဒးဗီးစ္အေနနဲ႔ အခြင့္အေရးရခဲ့တယ္ဆိုေပမယ့္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ေဒးဗီးစ္က ရစ္ဘာရီနဲ႔ ေရာ္ဘင္တို႔လို ေဘာလံုးနဲ႔တစ္ပါတည္း ေျပးႏိုင္တဲ့သူျဖစ္တာေၾကာင့္ လာမယ့္ရာသီမွာ ေနရာေျပာင္းကစားတာမ်ိဳးေတြ ရွိလာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။