ဆန်ချိုက ဒီရာသီ ဒေါ့မွန်အတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ ဆိုပြီး ပြောခဲ့တဲ့ ဟာလန်း

ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး ဟာလန်းက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ တောင်ပံကစားသမား ဆန်ချို အနေနဲ့ အသင်းအတွက် အရေးကြီးတဲ့ကစားသမားဖြစ်တာကြောင့် ဒီရာသီမှာ အသင်းမှာပဲ ဆက်နေမှာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဆန်ချိုဟာ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့ဦးစားပေးခေါ်ယူဖို့ ပစ်မှတ်ထားခံရတဲ့ကစားသမား လည်း ဖြစ်ပါတယ်။


ဆန်ချိုဟာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းအတွက် ပိုကယ်ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားပေးခဲ့ပြီး ဒူးစ်ဘတ်ကို ငါးဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းနဲ့ ဆန်ချို တို့ဟာ ပြီးခဲ့တဲ့ ဘော လုံးရာသီတုန်းက ဒေါ့မွန်အသင်းမှာ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး နှစ်ယောက်စလုံး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဆဲလ် ဘတ်ကနေ ဒေါ့မွန်ကို ဟာလန်း မပြောင်းရွှေ့ခင်မှာလည်း ယူနိုက်တက်က ဟာလန်းကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။


ဟာလန်းက “ အသင်းအနေနဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆန်ချိုက ဒီရာသီမှာ ဒေါ့မွန်အတွက် အရေးကြီးဆုံးကစားသမားတွေထဲမှာ ပါဝင်တဲ့သူပါ။ သူရဲ့ အပြောင်းအရွှေ့မှာ ပါဝင်ပတ်သက်ပြီး မပြော ချင်ပေမယ့် သူကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ သူက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းဖြစ်တာကြောင့် သူသာ အသင်းမှာ ဆက်နေမယ်ဆိုရင် ပျော်ရွှင်မိမှာပါ” လို့ Viaplay Football ကနေတဆင့် ပြောခဲ့ပါတယ်။

ဟာလန်းရဲ့ စာချုပ်ပါလျော်ကြေးက ယူရို ၇၅ သန်းပဲ ရှိတာကြောင့် သူကိုခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ လာမယ့်ရာသီ မှာ ခေါ်ယူဖို့အတွက် လုပ်ဆောင်လာမယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးမေးမြန်းမှု တွေကိုတော့ ဟာလန်းက “ အသင်းပြောင်းမယ့် ကိစ္စတွေအတွက် ဘာမှ မပြောလိုပါဘူး။ လက်ရှိမှာတော့ စနေနေ့မှာ ကစားမယ့် ဂလက်ဘတ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဆန္ခ်ိဳက ဒီရာသီ ေဒါ့မြန္အတြက္ အေရးၾကီးတဲ့ ကစားသမားတစ္ေယာက္ပါ ဆိုၿပီး ေျပာခဲ့တဲ့ ဟာလန္း
ေဒါ့မြန္အသင္းရဲ႕တိုက္စစ္မွဴး ဟာလန္းက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ေတာင္ပံကစားသမား ဆန္ခ်ိဳ အေနနဲ႔ အသင္းအတြက္ အေရးၾကီးတဲ့ကစားသမားျဖစ္တာေၾကာင့္ ဒီရာသီမွာ အသင္းမွာပဲ ဆက္ေနမွာျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ဆန္ခ်ိဳဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ရဲ႕ဦးစားေပးေခၚယူဖို႔ ပစ္မွတ္ထားခံရတဲ့ကစားသမား လည္း ျဖစ္ပါတယ္။
ဆန္ခ်ိဳဟာ လက္ရွိမွာေတာ့ ေဒါ့မြန္အသင္းအတြက္ ပိုကယ္ဖလားၿပိဳင္ပြဲမွာ ဝင္ေရာက္ကစားေပးခဲ့ၿပီး ဒူးစ္ဘတ္ကို ငါးဂိုး ျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဟာလန္းနဲ႔ ဆန္ခ်ိဳ တို႔ဟာ ၿပီးခဲ့တဲ့ ေဘာ လံုးရာသီတုန္းက ေဒါ့မြန္အသင္းမွာ အေကာင္းဆံုးတြဲဖက္ကစားႏိုင္ခဲ့ၿပီး ႏွစ္ေယာက္စလံုး ေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။ ဆဲလ္ ဘတ္ကေန ေဒါ့မြန္ကို ဟာလန္း မေျပာင္းေရႊ႕ခင္မွာလည္း ယူႏုိက္တက္က ဟာလန္းကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။
ဟာလန္းက “ အသင္းအေနနဲ႔ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဆန္ခ်ိဳက ဒီရာသီမွာ ေဒါ့မြန္အတြက္ အေရးၾကီးဆံုးကစားသမားေတြထဲမွာ ပါဝင္တဲ့သူပါ။ သူရဲ႕ အေျပာင္းအေရႊ႕မွာ ပါဝင္ပတ္သက္ၿပီး မေျပာ ခ်င္ေပမယ့္ သူကို အသင္းမွာ ဆက္ရွိေနေစခ်င္ပါတယ္။ သူက ကြ်န္ေတာ္ရဲ႕ သူငယ္ခ်င္းေကာင္းျဖစ္တာေၾကာင့္ သူသာ အသင္းမွာ ဆက္ေနမယ္ဆိုရင္ ေပ်ာ္ရႊင္မိမွာပါ” လို႔ Viaplay Football ကေနတဆင့္ ေျပာခဲ့ပါတယ္။
ဟာလန္းရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ယူရို ၇၅ သန္းပဲ ရွိတာေၾကာင့္ သူကိုေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ လာမယ့္ရာသီ မွာ ေခၚယူဖို႔အတြက္ လုပ္ေဆာင္လာမယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေမးျမန္းမႈ ေတြကိုေတာ့ ဟာလန္းက “ အသင္းေျပာင္းမယ့္ ကိစၥေတြအတြက္ ဘာမွ မေျပာလိုပါဘူး။ လက္ရွိမွာေတာ့ စေနေန႔မွာ ကစားမယ့္ ဂလက္ဘတ္နဲ႔ပြဲအတြက္ပဲ အာရံုစိုက္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။