ဘွန်ဒက်လီဂါအဖွင့်ပွဲစဉ်မှာ ဒေါ့မန်အနေနဲ့ ပရိသတ် တစ်သောင်းနဲ့ အတူ ဘောလုံးကစားခွင့်ပြန်ရမယ်လို့ သိရ

တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ပြန်လည်ကျင်းပခဲ့ကြပါ တယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီး ဒီရာသီသစ်ကို ပြန်လည်စတင်ချိန်မှာတော့ ကိုဗစ် အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပရိသတ်တွေအနေနဲ့ ဘောလုံးကွင်းအတွင်းဝင်ရောက်ပြီး ကြည့်ရှု နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။


ပြင်သစ်နိုင်ငံက ဘောလုံးပွဲစဉ်တွေမှာတော့ သတ်မှတ်ထားတဲ့ ပရိသတ်အရေအတွက်နဲ့ ကျင်းပနေပေမယ့် ပြီးခဲ့တဲ့အပတ် က စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ လာလီဂါပွဲစဉ်တွေကိုတော့ ပရိသတ်မပါဘဲ ကစားခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဂျာမန်ဘွန်ဒက်လီဂါနဲ့ အီတလီစီးရီးအေ ပြိုင်ပွဲတွေကို ပြန်လည်ကစားမှာဖြစ်တာကြောင့် ဥရောပထိပ်သီးလိဂ် ၅ ခုစလုံး ပြန်လည် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။


လာမယ့် စနေနေ့မှာ ကစားမယ့် ဂလက်ဘတ်နဲ့ ပွဲစဉ်မှာတော့ ဒေါ့မန်ဟာ ပရိသတ်တစ်သောင်းနဲ့အတူ ကစားခွင့်ရခဲ့တယ် လို့ အသင်းတာဝန်ရှိသူတွေက ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းကိုဝင်ရောက်ပြီး ဘောလုံးပွဲကြည့်ရှုနိုင်မှုတွေဟာ တကယ်ပြန်ရလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့ တာဝန်ရှိသူတွေက တော့ သက်ဆိုင်ရာဘောလုံးကွင်းတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိပဲ ပရိသတ်တွေကို ဝင်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သိရပါတယ်။


ကွင်းအတွင်းကို ပရိသတ်တွေအနေနဲ့ သတ်မှတ်ထားတဲ့အရေအတွက်နဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပေမယ့် အဝေးကွင်း မှာ လာကစားရတဲ့အသင်းပရိသတ်တွေအနေနဲ့တော့ သူတို့ရဲ့အသင်းကို လိုက်ပါအားပေးခွင့်ရမှာမဟုတ်ဘူးလို့ သိရပါ တယ်။ ဒီအချက်ဟာ အိမ်ကွင်းမှာ ကစားရတဲ့ အသင်းတွေအတွက် အားသာချက်ဖြစ်ခဲ့ပြီး ပရိသတ်ရဲ့အင်အားနဲ့ ပြိုင်ဘက် အသင်းကို ဖိအားပေးနိုင်မယ်လို့လည်း ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

zawgyi version

ဘြန္ဒက္လီဂါအဖြင့္ပြဲစဥ္မွာ ေဒါ့မန္အေနနဲ႔ ပရိသတ္ တစ္ေသာင္းနဲ႔ အတူ ေဘာလံုးကစားခြင့္ျပန္ရမယ္လို႔ သိရ
တစ္ကမၻာ့လံုးမွာ ျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲစဥ္ေတြကို ပရိသတ္ေတြမပါဘဲ ျပန္လည္က်င္းပခဲ့ၾကပါ တယ္။ ၿပီးခဲ့တဲ့ေဘာလံုးရာသီကို ေအာင္ျမင္စြာအဆံုးသတ္ႏိုင္ခဲ့ၿပီး ဒီရာသီသစ္ကို ျပန္လည္စတင္ခ်ိန္မွာေတာ့ ကိုဗစ္ အတြက္ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ ပရိသတ္ေတြအေနနဲ႔ ေဘာလံုးကြင္းအတြင္းဝင္ေရာက္ၿပီး ၾကည့္ရႈ ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။
ျပင္သစ္ႏိုင္ငံက ေဘာလံုးပြဲစဥ္ေတြမွာေတာ့ သတ္မွတ္ထားတဲ့ ပရိသတ္အေရအတြက္နဲ႔ က်င္းပေနေပမယ့္ ၿပီးခဲ့တဲ့အပတ္ က စတင္ခဲ့တဲ့ ပရီးမီးယားလိဂ္နဲ႔ လာလီဂါပြဲစဥ္ေတြကိုေတာ့ ပရိသတ္မပါဘဲ ကစားခဲ့တာျဖစ္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ ဂ်ာမန္ဘြန္ဒက္လီဂါနဲ႔ အီတလီစီးရီးေအ ၿပိဳင္ပြဲေတြကို ျပန္လည္ကစားမွာျဖစ္တာေၾကာင့္ ဥေရာပထိပ္သီးလိဂ္ ၅ ခုစလံုး ျပန္လည္ က်င္းပေတာ့မွာပဲ ျဖစ္ပါတယ္။
လာမယ့္ စေနေန႔မွာ ကစားမယ့္ ဂလက္ဘတ္နဲ႔ ပြဲစဥ္မွာေတာ့ ေဒါ့မန္ဟာ ပရိသတ္တစ္ေသာင္းနဲ႔အတူ ကစားခြင့္ရခဲ့တယ္ လို႔ အသင္းတာဝန္ရွိသူေတြက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ကြင္းအတြင္းကိုဝင္ေရာက္ၿပီး ေဘာလံုးပြဲၾကည့္ရႈႏိုင္မႈေတြဟာ တကယ္ျပန္ရလာၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။ ဂ်ာမန္ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ တာဝန္ရွိသူေတြက ေတာ့ သက္ဆိုင္ရာေဘာလံုးကြင္းေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္အထိပဲ ပရိသတ္ေတြကို ဝင္ေရာက္ၾကည့္ရႈခြင့္ေပးမယ္လို႔ သိရပါတယ္။
ကြင္းအတြင္းကို ပရိသတ္ေတြအေနနဲ႔ သတ္မွတ္ထားတဲ့အေရအတြက္နဲ႔ ဝင္ေရာက္ၾကည့္ရႈခြင့္ရမွာျဖစ္ေပမယ့္ အေဝးကြင္း မွာ လာကစားရတဲ့အသင္းပရိသတ္ေတြအေနနဲ႔ေတာ့ သူတို႔ရဲ႕အသင္းကို လိုက္ပါအားေပးခြင့္ရမွာမဟုတ္ဘူးလို႔ သိရပါ တယ္။ ဒီအခ်က္ဟာ အိမ္ကြင္းမွာ ကစားရတဲ့ အသင္းေတြအတြက္ အားသာခ်က္ျဖစ္ခဲ့ၿပီး ပရိသတ္ရဲ႕အင္အားနဲ႔ ၿပိဳင္ဘက္ အသင္းကို ဖိအားေပးႏိုင္မယ္လို႔လည္း ေဝဖန္မႈေတြ ရွိေနတာျဖစ္ပါတယ္။