နှစ်ပေါင်း ၁၁၀ အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာတဲ့ ဘယ်လင်ဟမ်

နွေရာသီအပြောင်းအရွှေ့မှာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လင်ဟမ်ကတော့ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒူးစ်ဘတ်ကို ငါးဂိုး ပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အသင်းအတွက် သူရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘာမင်ဂမ်အသင်းမှာ ကစားခဲ့တုန်းကလည်း ဘာမင်ဂမ်အသင်းရဲ့ အသက်အငယ် ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ အသက် ၁၇ နှစ် ၇၇ ရက်နဲ့ ဒေါ့မွန်အ တွက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူအရင်က စံချိန်တင်ထားတဲ့ နူရီဆာဟင်ရဲ့ အသက် ၁၇ နှစ် ၈၂ ရက် နဲ့ ဂိုးသွင်းယူ နိုင်တဲ့ စံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်နေတဲ့ ဆန်ချိုကလည်း ဒေါ့မွန်အ တွက် ကစားပေးခဲ့ပြီး ပင်နယ်တီကနေတဆင့် တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒေါ့မွန်ဟာ အသင်းငယ်ဒူးစ်ဘတ်နဲ့ ကစားခဲ့ ရတာဖြစ်ပေမယ့် ဟာလန်း၊ ဆန်ချို၊ ဟာဇက်တို့လို အဓိက,ကစားသမားတွေကို ထည့်သွင်းကစားစေခဲ့တာကြောင့် ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


ဒူးစ်ဘတ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒေါ့မွန်အသင်းခေါင်းဆောင် မားကို့ရူးစ်ကလည်း လူစား ဝင်ပြီး ၃၅ စက္ကန့်အကြာမှာပဲ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒေါ့မွန်အသင်းနည်းပြ ဖာဗရီက တော့ အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပြီး လာမယ့်စနေနေ့မှာ ကစားမယ့် ဂလက်ဘတ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

 

zawgyi version

ႏွစ္ေပါင္း ၁၁၀ အတြင္းမွာ ေဒါ့မြန္အသင္းရဲ႕ အသက္အငယ္ဆံုး ဂိုးသြင္းသူျဖစ္လာတဲ့ ဘယ္လင္ဟမ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဂမ္ကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ဘယ္လင္ဟမ္ကေတာ့ အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အသက္အငယ္ဆံုးဂိုးသြင္းႏိုင္သူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ဒူးစ္ဘတ္ကို ငါးဂိုး ျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဘယ္လင္ဟမ္ဟာ ေဒါ့မြန္အသင္းအတြက္ သူရဲ႕ပထမဆံုးဂိုးကို သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဘယ္လင္ဟမ္ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ဘာမင္ဂမ္အသင္းမွာ ကစားခဲ့တုန္းကလည္း ဘာမင္ဂမ္အသင္းရဲ႕ အသက္အငယ္ ဆံုး ဂိုးသြင္းသူအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဘယ္လင္ဟမ္ဟာ အသက္ ၁၇ ႏွစ္ ၇၇ ရက္နဲ႔ ေဒါ့မြန္အ တြက္ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ သူအရင္က စံခ်ိန္တင္ထားတဲ့ နူရီဆာဟင္ရဲ႕ အသက္ ၁၇ ႏွစ္ ၈၂ ရက္ နဲ႔ ဂိုးသြင္းယူ ႏိုင္တဲ့ စံခ်ိန္မွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚေနတဲ့ ဆန္ခ်ိဳကလည္း ေဒါ့မြန္အ တြက္ ကစားေပးခဲ့ၿပီး ပင္နယ္တီကေနတဆင့္ တစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေဒါ့မြန္ဟာ အသင္းငယ္ဒူးစ္ဘတ္နဲ႔ ကစားခဲ့ ရတာျဖစ္ေပမယ့္ ဟာလန္း၊ ဆန္ခ်ိဳ၊ ဟာဇက္တို႔လို အဓိက,ကစားသမားေတြကို ထည့္သြင္းကစားေစခဲ့တာေၾကာင့္ ငါးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ဒူးစ္ဘတ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေဒါ့မြန္အသင္းေခါင္းေဆာင္ မားကို႔ရူးစ္ကလည္း လူစား ဝင္ၿပီး ၃၅ စကၠန္႔အၾကာမွာပဲ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ေဒါ့မြန္အသင္းနည္းျပ ဖာဗရီက ေတာ့ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္တယ္လို႔ ေျပာခဲ့ၿပီး လာမယ့္စေနေန႔မွာ ကစားမယ့္ ဂလက္ဘတ္နဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။