စာချုပ်သစ်ကမ်းလှမ်းတာကို ပယ်ချတဲ့ အလာဘာရဲ့ အေးဂျင့်က လောဘကြီးတဲ့ သတ္တဝါတစ်မျိုးလို့ ဝေဖန်လိုက်တဲ့ ဘိုင်ယန်မြူးနစ်ဥက္ကဌဟောင်း

ဘိုင်ယန်မြူးနစ်ဥက္ကဌဟောင်း အူလီဟိုးနက်စ်က နောက်ခံလူ အလာဘာရဲ့ အေးဂျင့်ဖြစ်သူက စာချုပ်သစ်ကမ်းလှမ်းတာကို ပယ်ချတာနဲ့ ပတ်သက်ပြီး “လောဘကြီးတဲ့ သတ္တဝါတစ်မျိုး”လို့ အမည်တပ်ပြီး ဝေဖန်သွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ကြိမ်ဖန်များစွာ ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အူလီဟိုးနက်စ်က ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ ပီနီဇာဟာဗီက ပြောဆိုဆွေးနွေးတဲ့ အချိန်မှာ အမြဲတမ်းပါဝင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

“သူ့ (အလာဘာ) မှာ လောဘကြီးတဲ့ သတ္တဝါတစ်ကောင် လိုအေးဂျင့်တစ်ယောက်ရှိနေပါတယ်။ သူက သူ့ကို လွှမ်းမိုးခွင့် အများကြီး ပေးထားပါတယ်။ ဒါတွေအားလုံးကလည်း ပိုက်ဆံနဲ့ ပတ်သက်ပါတယ်။ သူက အစောကြီးကတည်းက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းမှာ ရှိနေပြီးသားပါ။ သူဘယ်ကို သွားဦးမှာလဲ? ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က ကော်ဖီအတူတူ သောက်ခဲ့ဖူးတာ အကြိမ်အများကြီးပါ။ ဒါပေမယ့် ဇာဟာဗီကြောင့် အဖြေမထွက်လာသေးပါဘူး” လို့ ဂျာမန်သတင်းစာ Sport ကို ဥက္ကဌဟောင်း က ပြောသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရဏ်အသင်းတို့ဟာ အလာဘာ ကို ခေါ်ယူရန် ဆက်သွယ်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။အလာဘာဟာ ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၁၀ ကတည်းက ပွဲထွက်ကစားထားပြီး အသင်းအတွက် (၃၈၆) ပွဲကစားထားပါတယ်။

သြစတြီးယား လက်ရွေးစင်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်း ပြီးခဲ့တဲ့ ရာသီက ဖလား (၃) လုံးရခဲ့တဲ့အချိန်ကလည်း အဓိက ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရှောလ်ကေး အသင်းနဲ့ ကစားရမှာပါ။

စာခ်ဳပ္သစ္ကမ္းလွမ္းတာကို ပယ္ခ်တဲ့ အလာဘာရဲ႕ ေအးဂ်င့္က ေလာဘၾကီးတဲ့ သတၱ၀ါတစ္မ်ိဳးလို႔ ေ၀ဖန္လိုက္တဲ့ ဘိုင္ယန္ျမဴးနစ္ဥကၠဌေဟာင္း

ဘိုင္ယန္ျမဴးနစ္ဥကၠဌေဟာင္း အူလီဟိုးနက္စ္က ေနာက္ခံလူ အလာဘာရဲ႕ ေအးဂ်င့္ျဖစ္သူက စာခ်ဳပ္သစ္ကမ္းလွမ္းတာကို ပယ္ခ်တာနဲ႔ ပတ္သက္ျပီး “ေလာဘၾကီးတဲ့ သတၱ၀ါတစ္မ်ိဳး”လို႔ အမည္တပ္ျပီး ေ၀ဖန္သြားခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ေနာက္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္သစ္ကမ္းလွမ္းခဲ့ေပမယ့္ ၾကိမ္ဖန္မ်ားစြာ ပယ္ခ်ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း အူလီဟိုးနက္စ္က ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ ပီနီဇာဟာဗီက ေျပာဆိုေဆြးေႏြးတဲ့ အခ်ိန္မွာ အျမဲတမ္းပါ၀င္ခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“သူ႔ (အလာဘာ) မွာ ေလာဘၾကီးတဲ့ သတၱ၀ါတစ္ေကာင္ လိုေအးဂ်င့္တစ္ေယာက္ရွိေနပါတယ္။ သူက သူ႔ကို လႊမ္းမိုးခြင့္ အမ်ားၾကီး ေပးထားပါတယ္။ ဒါေတြအားလံုးကလည္း ပိုက္ဆံနဲ႔ ပတ္သက္ပါတယ္။ သူက အေစာၾကီးကတည္းက ကမာၻ႕အေကာင္းဆံုး ကလပ္အသင္းမွာ ရွိေနျပီးသားပါ။ သူဘယ္ကို သြားဦးမွာလဲ? ကၽြန္ေတာ္တို႔ ျပီးခဲ့တဲ့အပတ္က ေကာ္ဖီအတူတူ ေသာက္ခဲ့ဖူးတာ အၾကိမ္အမ်ားၾကီးပါ။ ဒါေပမယ့္ ဇာဟာဗီေၾကာင့္ အေျဖမထြက္လာေသးပါဘူး” လို႔ ဂ်ာမန္သတင္းစာ Sport ကို ဥကၠဌေဟာင္း က ေျပာသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီး၊ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရဏ္အသင္းတို႔ဟာ အလာဘာ ကို ေခၚယူရန္ ဆက္သြယ္မႈေတြ ျပဳလုပ္ေနျပီလုိ႔ သိရပါတယ္။အလာဘာဟာ ဘိုင္ယန္ျမဴးနစ္အကယ္ဒမီထြက္ ကစားသမားျဖစ္ျပီး ၂၀၁၀ ကတည္းက ပြဲထြက္ကစားထားျပီး အသင္းအတြက္ (၃၈၆) ပြဲကစားထားပါတယ္။

ၾသစၾတီးယား လက္ေရြးစင္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္း ျပီးခဲ့တဲ့ ရာသီက ဖလား (၃) လံုးရခဲ့တဲ့အခ်ိန္ကလည္း အဓိက ကစားသမား တစ္ေယာက္ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီ ဘြန္ဒက္စ္လီဂါ အဖြင့္ပြဲကို စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ေရွာလ္ေကး အသင္းနဲ႔ ကစားရမွာပါ။