အဲလ်ကန်တာရာကို ခေါ်ဖို့အတွက် လီဗာပူးနဲ့ ယူနိုက်တက်တို့ တရားမဝင်လုပ်ဆောင်နေတယ်ဆိုပြီး ထင်နေတဲ့ အူလီ ဟူးနက်စ်

ဘိုင်ယန်မြူးနစ် ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ အူလီဟူးနက်စ်က အသင်းရဲ့ကွင်းလယ်လူ အဲလ်ကန်တာရာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေပေမယ့် တရားဝင်ဆက် သွယ်လာတာမျိုး မရှိဘဲ တရားမဝင်လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ လီဗာပူးဟာ အဲလ်ကန်တာရာကို ခေါ်ဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်စဖွင့်ကတည်းက သတင်းတွေထွက်နေပေမယ့် အခုချိန်ထိ မခေါ်ယူနိုင်သေးတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်တော့တဲ့ အဲလ်ကန်တာရာကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေ တယ်ဆိုပေမယ့် ဖာနန်ဒက်စ်၊ ပေါ့ဘာနဲ့ အသစ်ခေါ်ယူထားတဲ့ ဗန်ဒီဘိတ်ခ်တို့ကြောင့် ခေါ်ယူဖို့ အခွင့်အရေးနည်းနေပြီပဲ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ အဲလ်ကန်တာရာရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၃၀ အောက်မှာ ရှိနေပေ မယ့် လီဗာပူးအနေနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်မပြေတာကြောင့် မခေါ်ယူနိုင်သေးတာပဲ ဖြစ်ပါတယ်။


အူလီဟူးနက်စ်က “ လီဗာပူး မဟုတ်ရင် ယူနိုက်တက်၊ ဒါမှမဟုတ်ရင် နှစ်သင်းစလုံးဟာ အဲလ်ကန်တာရာကို ခေါ်ယူဖို့ စိတ် ဝင်စားနေတယ်ဆိုပေမယ့် ဘိုင်ယန်မြူးနစ်ထံကို တရားဝင်ဆက်သွယ်လာမျိုးတွေရှိမနေပါဘူး။ သူတို့တွေဟာ တရားမဝင် နည်းလမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ ကစားသမားခေါ်ယူဖို့ ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်။ သူတို့ လိုချင်တဲ့ ဈေးပေါပေါ နဲ့တော့ အဲလ်ကန်တာရာကို ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အူလီဟူးနက်စ်က “ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေကိုလည်း အဲလ်ကန်တာရာလိုမျိုး ကွင်းလယ် မှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ယောက်ကို လက်လွှတ်ခံမလားလို့ မေးချင်ပါတယ်။ အပြောင်းအရွှေ့ဈေး ကွက်ဟာ အောက်တိုဘာလ ၅ ရက်နေ့မှ ပိတ်မှာဖြစ်တာကြောင့် သီတင်းသုံးပတ်လောက် လိုပါသေးတယ်။ ဘာမဆိုဖြစ် နိုင်သေးတယ်ဆိုပေမယ့် အဲလ်ကန်တာရာကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အဲလ္ကန္တာရာကို ေခၚဖို႔အတြက္ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ တရားမဝင္လုပ္ေဆာင္ေနတယ္ဆိုၿပီး ထင္ေနတဲ့ အူလီ ဟူးနက္စ္
ဘိုင္ယန္ျမဴးနစ္ ဥကၠဌေဟာင္းတစ္ဦးျဖစ္တဲ့ အူလီဟူးနက္စ္က အသင္းရဲ႕ကြင္းလယ္လူ အဲလ္ကန္တာရာကို ေခၚယူဖို႔ အတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္တဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔က စိတ္ဝင္စားေနေပမယ့္ တရားဝင္ဆက္ သြယ္လာတာမ်ိဳး မရွိဘဲ တရားမဝင္လုပ္ေဆာင္မႈေတြ ရွိေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ လီဗာပူးဟာ အဲလ္ကန္တာရာကို ေခၚဖို႔အတြက္ အေျပာင္းအေရႊ႕ေစ်းကြက္စဖြင့္ကတည္းက သတင္းေတြထြက္ေနေပမယ့္ အခုခ်ိန္ထိ မေခၚယူႏိုင္ေသးတာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ပဲ က်န္ေတာ့တဲ့ အဲလ္ကန္တာရာကို ယူႏိုက္တက္ကလည္း စိတ္ဝင္စားေန တယ္ဆိုေပမယ့္ ဖာနန္ဒက္စ္၊ ေပါ့ဘာနဲ႔ အသစ္ေခၚယူထားတဲ့ ဗန္ဒီဘိတ္ခ္တို႔ေၾကာင့္ ေခၚယူဖို႔ အခြင့္အေရးနည္းေနၿပီပဲ ျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ အဲလ္ကန္တာရာရဲ႕ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္သန္း ၃၀ ေအာက္မွာ ရွိေနေပ မယ့္ လီဗာပူးအေနနဲ႔ ေျပာင္းေရႊ႕ေၾကးညိွႏႈိင္းမႈအဆင္မေျပတာေၾကာင့္ မေခၚယူႏိုင္ေသးတာပဲ ျဖစ္ပါတယ္။
အူလီဟူးနက္စ္က “ လီဗာပူး မဟုတ္ရင္ ယူႏိုက္တက္၊ ဒါမွမဟုတ္ရင္ ႏွစ္သင္းစလံုးဟာ အဲလ္ကန္တာရာကို ေခၚယူဖို႔ စိတ္ ဝင္စားေနတယ္ဆိုေပမယ့္ ဘိုင္ယန္ျမဴးနစ္ထံကုိ တရားဝင္ဆက္သြယ္လာမ်ိဳးေတြရွိမေနပါဘူး။ သူတို႔ေတြဟာ တရားမဝင္ နည္းလမ္းေတြနဲ႔ ကြ်န္ေတာ္တို႔ရဲ႕ ကစားသမားေခၚယူဖို႔ ေဆာင္ရြက္ေနတယ္လို႕ ထင္ပါတယ္။ သူတို႔ လိုခ်င္တဲ့ ေစ်းေပါေပါ နဲ႔ေတာ့ အဲလ္ကန္တာရာကို ေခၚယူႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး အူလီဟူးနက္စ္က “ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တာဝန္ရွိသူေတြကိုလည္း အဲလ္ကန္တာရာလိုမ်ိဳး ကြင္းလယ္ မွာ အေကာင္းဆံုးကစားႏိုင္တဲ့ ကစားသမားတစ္ေယာက္ကို လက္လႊတ္ခံမလားလို႔ ေမးခ်င္ပါတယ္။ အေျပာင္းအေရႊ႕ေစ်း ကြက္ဟာ ေအာက္တိုဘာလ ၅ ရက္ေန႔မွ ပိတ္မွာျဖစ္တာေၾကာင့္ သီတင္းသံုးပတ္ေလာက္ လိုပါေသးတယ္။ ဘာမဆိုျဖစ္ ႏိုင္ေသးတယ္ဆိုေပမယ့္ အဲလ္ကန္တာရာကို အသင္းမွာ ဆက္ရွိေနေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။