ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရဖို့ ဟာလန်းအနေနဲ့ ရီးရဲလ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တွေကို ပြောင်းရွှေ့နိုင် ကြောင်း မီချူး ပြောဆို

ပရီးမီးယားလိဂ်ကလပ်ဟောင်းအသင်းတစ်သင်းဖြစ်တဲ့ ဆွမ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့တာကြောင့် ဘောလုံးပရိသတ် တွေ သိခဲ့ရတဲ့ မီချူးက ဒေါ့မန်တိုက်စစ်မှူး ဟာလန်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရဖို့အတွက် တစ်ချိန်မှာ ရီးရဲလ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ပြောင်းရွှေ့နိုင်ကြောင်း ပြောခဲ့ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ခေတ် အလွန်မှာ နေမာ၊အမ်ဘတ်ပီတို့နဲ့အတူ ဟာလန်းကလည်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရဖို့အတွက် ရေပန်းစားနေ သူ ဖြစ်ပါတယ်။


မြောက်အိုင်ယာလန်ကို ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းအနေနဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့ရာမှာ မီချူးရဲ့အောင်ပွဲခံမှုပြုလုပ်တဲ့ပုံနဲ့ တူညီနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးပေမယ့် ကစားသမားဘဝမှာ ကလပ်အသင်းတွေအတွက် လိဂ်သွင်းဂိုး စုစုပေါင်းသွင်းဂိုး ၄၄ ဂိုး သွင်းယူထားတဲ့ ဟာလန်း နဲ့ မီချူးတို့ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေလည်း ဖြစ်ပါတယ်။


မီချူးက “ အင်္ဂလန်မှာ ကျွန်တော်ဘောလုံးကစားနေတုန်းက ဟာလန်းက အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ကျွန်တော်ကစားတဲ့ပွဲတွေကို ကြည့်ဖို့ သူကို အကြံပေးခဲ့ဖူးပါတယ်။လက်ရှိအချိန်မှာတော့ ဘောလုံးလောကမှာ ဟာလန်းရဲ့ အကြောင်းတွေကို ပြောနေကြပါပြီ။ဒါဟာ ကျွန်တော်အတွက်တော့ ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုပါ” လို့ Radio Marca ကနေတဆင့် ပြောခဲ့ပါတယ်။


ဆက်လက်ပြီး မီချူးက “ ဟာလန်းနဲ့ ဆိုရှယ်မီဒီယာကနေ အမြဲလိုလိုစကားပြောဖြစ်ပါတယ်။ သူက အမြဲတမ်းကိုယ်ကိုယ် ကို နှိမ့်ချတတ်တဲ့ ကစားသမားတစ်ဦးပါ။ အသက်အရွယ်နဲ့ မလိုက်အောင်လည်း လူမှုဆက်ဆံရေးကောင်းပါတယ်။တစ်ချိန် မှာ သူအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရယူနိုင်ပါလိမ့်မယ်။ရီးရဲလ်က ကမ္ဘာ့အကောင်းဆုံးကလပ်အသင်း တစ်သင်းဖြစ်တာကြောင့် ဟာလန်းအနေနဲ့ တစ်ချိန်မှာ ပြောင်းရွှေ့နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆု ရဖို႔ ဟာလန္းအေနနဲ႔ ရီးရဲလ္၊ မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္ေတြကို ေျပာင္းေရႊ႕ႏိုင္ ေၾကာင္း မီခ်ဴး ေျပာဆို
ပရီးမီးယားလိဂ္ကလပ္ေဟာင္းအသင္းတစ္သင္းျဖစ္တဲ့ ဆြမ္ဆီးအသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့တာေၾကာင့္ ေဘာလံုးပရိသတ္ ေတြ သိခဲ့ရတဲ့ မီခ်ဴးက ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းအေနနဲ႔ ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုရဖို႔အတြက္ တစ္ခ်ိန္မွာ ရီးရဲလ္၊ မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြကို ေျပာင္းေရႊ႕ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ေခတ္ အလြန္မွာ ေနမာ၊အမ္ဘတ္ပီတို႔နဲ႔အတူ ဟာလန္းကလည္းကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုရဖို႔အတြက္ ေရပန္းစားေန သူ ျဖစ္ပါတယ္။
ေျမာက္အိုင္ယာလန္ကို ငါးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးေတြသြင္းယူႏိုင္ခဲ့တဲ့ ဟာလန္းအေနနဲ႔ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ရာမွာ မီခ်ဴးရဲ႕ေအာင္ပြဲခံမႈျပဳလုပ္တဲ့ပံုနဲ႔ တူညီေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။ အသက္ ၂၀ သာရွိေသးေပမယ့္ ကစားသမားဘဝမွာ ကလပ္အသင္းေတြအတြက္ လိဂ္သြင္းဂိုး စုစုေပါင္းသြင္းဂိုး ၄၄ ဂိုး သြင္းယူထားတဲ့ ဟာလန္း နဲ႔ မီခ်ဴးတို႔ဟာ ရင္းႏွီးတဲ့မိတ္ေဆြေတြလည္း ျဖစ္ပါတယ္။
မီခ်ဴးက “ အဂၤလန္မွာ ကြ်န္ေတာ္ေဘာလံုးကစားေနတုန္းက ဟာလန္းက အသက္ငယ္ငယ္ေလးပဲ ရွိပါေသးတယ္။ ကြ်န္ေတာ္ကစားတဲ့ပြဲေတြကို ၾကည့္ဖို႔ သူကို အၾကံေပးခဲ့ဖူးပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ေဘာလံုးေလာကမွာ ဟာလန္းရဲ႕ အေၾကာင္းေတြကို ေျပာေနၾကပါၿပီ။ဒါဟာ ကြ်န္ေတာ္အတြက္ေတာ့ ဂုဏ္ယူစရာေကာင္းတဲ့အရာတစ္ခုပါ” လို႔ Radio Marca ကေနတဆင့္ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး မီခ်ဴးက “ ဟာလန္းနဲ႔ ဆိုရွယ္မီဒီယာကေန အၿမဲလိုလိုစကားေျပာျဖစ္ပါတယ္။ သူက အၿမဲတမ္းကိုယ္ကိုယ္ ကို ႏွိမ့္ခ်တတ္တဲ့ ကစားသမားတစ္ဦးပါ။ အသက္အရြယ္နဲ႔ မလိုက္ေအာင္လည္း လူမႈဆက္ဆံေရးေကာင္းပါတယ္။တစ္ခ်ိန္ မွာ သူအေနနဲ႔ ကမ႓ာ့အေကာင္းဆံုး ေဘာလံုးသမားဆုကို ရယူႏိုင္ပါလိမ့္မယ္။ရီးရဲလ္က ကမ႓ာ့အေကာင္းဆံုးကလပ္အသင္း တစ္သင္းျဖစ္တာေၾကာင့္ ဟာလန္းအေနနဲ႔ တစ္ခ်ိန္မွာ ေျပာင္းေရႊ႕ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။