ဘိုင်ယန်မြူးနစ်က ကျွန်တော်အိမ် ဖြစ်နေပါပြီလို့ အဲလ်ကန်တာရာက ပြောလိုက်တာကြောင့် လီဗာပူး၊ ယူနိုက်တက်တို့ အခက်တွေ့နေ

ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား အဲလ်ကန်တာရာကို ခေါ်ယူဖို့အတွက် လီဗာပူးက စိတ်ဝင်စားနေတာဖြစ်ပြီး ပုဂ္ဂိုလ် ရေးဆိုင်ရာ သဘောတူညီမှုတွေရရှိထားပြီလို့ သတင်းတွေထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲလ်ကန်တာရာကို ခေါ်ယူဖို့ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာတာကြောင့် ၂၀၂၁ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်မယ့် ကွင်း လယ်လူအနေနဲ့ ဘယ်အသင်းကို ရောက်ရှိမလဲဆိုတာ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်နဲ့အတူ ပြီးခဲ့တဲ့ရာသီက ဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ အဲလ်ကန်တာရာဟာ အဓိကကွင်းလယ်ကစားသမားအ ဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေကလည်း သူကို အသင်းမှာဆက်ရှိဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ စပိန်အသင်းနဲ့အတူ နေးရှင်းလိဂ်ကစားနေတဲ့ အဲလ်ကန်တာရာက ဂျာမနီပွဲမှာ ပွဲချိန်ပြည့် ကစားရပြီးနောက်မှာ ဘိုင်ယန်မြူးနစ်က ကျွန်တော်အိမ်လို ဖြစ်နေပါပြီလို့ ပြောခဲ့တာကြောင့် သူအနေနဲ့ အသင်းမပြောင်း တော့ဘူးလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ZDF ကနေတဆင့် အဲလ်ကန်တာရာက “ အခုချိန်မှာ ကျွန်တော်စဉ်းစားနေတာက တစ်ခုပဲရှိပြီး လာမယ့်ပွဲစဉ်မှာကစားမယ့် ယူကရိန်းနဲ့ ပွဲအတွက်ပါ။ ဘိုင်ယန်က ကျွန်တော်အိမ်လိုဖြစ်နေပြီး အဲ့ဒီမှာနေရတာ ကျွန်တော်ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့ ပါတယ်။ အဲလ်ကန်တာရာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၀ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။


လီဗာပူးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျေမီရက်နပ်က “ အသင်းမှာ ရှိတဲ့ကွင်းလယ်လူတွေအကြောင်းကို အမြဲလိုလို ပြောဖြစ်ပါတယ်။ လက်ရှိကွင်းလယ်မှာရှိတဲ့ကစားသမားတွေက အလုပ်ကို အကောင်းဆုံးလုပ်ဆောင်ကြသူတွေဆိုပေမယ့် အဲလ်ကန်တာရာ ရောက်လာရင် အသင်းကွင်းလယ်က ပိုကောင်းသွားမှာပါ။ အဲလ်ကန်တာရာက သူကစားတဲ့ နေရာမှာအ ကောင်းဆုံး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘိုင္ယန္ျမဴးနစ္က ကြ်န္ေတာ္အိမ္ ျဖစ္ေနပါၿပီလို႔ အဲလ္ကန္တာရာက ေျပာလိုက္တာေၾကာင့္ လီဗာပူး၊ ယူႏိုက္တက္တို႔ အခက္ေတြ႕ေန
ဘိုင္ယန္ျမဴးနစ္ကြင္းလယ္ကစားသမား အဲလ္ကန္တာရာကို ေခၚယူဖို႔အတြက္ လီဗာပူးက စိတ္ဝင္စားေနတာျဖစ္ၿပီး ပုဂၢိဳလ္ ေရးဆိုင္ရာ သေဘာတူညီမႈေတြရရွိထားၿပီလို႔ သတင္းေတြထြက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ အဲလ္ကန္တာရာကို ေခၚယူဖို႔ ယူႏိုက္တက္ကလည္း စိတ္ဝင္စားလာတာေၾကာင့္ ၂၀၂၁ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္မယ့္ ကြင္း လယ္လူအေနနဲ႔ ဘယ္အသင္းကို ေရာက္ရွိမလဲဆိုတာ စိတ္ဝင္စားေနၾကတာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ၿပီးခဲ့တဲ့ရာသီက ဖလား ၃ လံုးရယူႏိုင္ခဲ့တဲ့ အဲလ္ကန္တာရာဟာ အဓိကကြင္းလယ္ကစားသမားအ ျဖစ္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းတာဝန္ရွိသူေတြကလည္း သူကို အသင္းမွာဆက္ရွိဖို႔အတြက္ အလိုရွိေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ စပိန္အသင္းနဲ႔အတူ ေနးရွင္းလိဂ္ကစားေနတဲ့ အဲလ္ကန္တာရာက ဂ်ာမနီပြဲမွာ ပြဲခ်ိန္ျပည့္ ကစားရၿပီးေနာက္မွာ ဘိုင္ယန္ျမဴးနစ္က ကြ်န္ေတာ္အိမ္လို ျဖစ္ေနပါၿပီလို႔ ေျပာခဲ့တာေၾကာင့္ သူအေနနဲ႔ အသင္းမေျပာင္း ေတာ့ဘူးလား ဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။
ZDF ကေနတဆင့္ အဲလ္ကန္တာရာက “ အခုခ်ိန္မွာ ကြ်န္ေတာ္စဥ္းစားေနတာက တစ္ခုပဲရွိၿပီး လာမယ့္ပြဲစဥ္မွာကစားမယ့္ ယူကရိန္းနဲ႔ ပြဲအတြက္ပါ။ ဘိုင္ယန္က ကြ်န္ေတာ္အိမ္လိုျဖစ္ေနၿပီး အဲ့ဒီမွာေနရတာ ကြ်န္ေတာ္ေပ်ာ္ရႊင္ပါတယ္” လို႔ ေျပာခဲ့ ပါတယ္။ အဲလ္ကန္တာရာဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အတြက္ ၿပိဳင္ပြဲစံုမွာ ပြဲေပါင္း ၄၀ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။
လီဗာပူးကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဂ်မီရက္နပ္က “ အသင္းမွာ ရွိတဲ့ကြင္းလယ္လူေတြအေၾကာင္းကို အၿမဲလိုလို ေျပာျဖစ္ပါတယ္။ လက္ရွိကြင္းလယ္မွာရွိတဲ့ကစားသမားေတြက အလုပ္ကို အေကာင္းဆံုးလုပ္ေဆာင္ၾကသူေတြဆိုေပမယ့္ အဲလ္ကန္တာရာ ေရာက္လာရင္ အသင္းကြင္းလယ္က ပိုေကာင္းသြားမွာပါ။ အဲလ္ကန္တာရာက သူကစားတဲ့ ေနရာမွာအ ေကာင္းဆံုး ေျခစြမ္းျပႏိုင္တဲ့ ကစားသမားတစ္ဦးပါ” လို႔ ေျပာခဲ့ပါတယ္။