အတ္တကြီးတဲ့ ဂွါဒီယိုလာက ရှုံးပြီးရင်း ရှုံးနေဦးမှာပဲလို့ ပြောလိုက်တဲ့ ဘိုင်ယန်မြူးနစ်ဂန္တဝင်ကစားသမား လိုသာမားသီးယက်စ်

ဘိုင်ယန်မြူးနစ်ဂန္တဝင်ကစားသမား လိုသာမားသီးယက်စ်က ဘာစီလိုနာကထွက်လာပြီးကတည်းက အတ္တကြီးတဲ့ ဂွါဒီယို လာအနေနဲ့ ရှုံးပြီးရင်း နေဦးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ရခဲ့တဲ့ ဂွါဒီယိုလာဟာ ဘိုင်ယန် မြူးနစ်ကို ကိုင်တွယ်ခဲ့ရာမှာ ပြည်တွင်းအောင်မြင်မှုရခဲ့ပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှုမရခဲ့တာကြောင့် မန်စီးတီးကို ပြောင်းရွှေ့ပြီး နည်းပြအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့ ၃ ရာသီအတွင်းမှာ အမှတ်ပေးချန်ပီယံအဖြစ် ၃ နှစ်ဆက်ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ဒီဇင်ဘာလကတည်းက ပယ်ချခဲ့ပြီး မန်စီးတီးကိုပြောင်းရွှေ့ကိုင် တွယ်ဖို့အတွက် ဂွါဒီယိုလာက လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပေမယ်လည်း ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ဆုဖလားကိုတော့ ဘာစီလိုနာက ထွက်လာပြီးနောက်ကတည်းက ရယူနိုင်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။


ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ တီကီတာကာကစားပုံနဲ့အတူ နာမည်ကျော်ကြားလာခဲ့တဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ကြိမ် အပါအဝင် ကိုင်တွယ်ခဲ့တဲ့ ၄ နှစ်တာအတွင်းမှာ ဆုဖလားပေါင်း ၁၄ လုံးအထိရယူနိုင်ခဲ့တဲ့သူ လည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ရာသီမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ သလို ချန်ပီယံလိဂ်အပါအဝင်တစ်ရာသီတွင်း ဖလား၃လုံးရရှိမှုကိုလည်း ဒုတိယအကြိမ်အဖြစ် ရရှိခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီနောက်ခံလူဟောင်း မားသီးယက်စ်က “ ဂွါဒီယိုလာက နည်းပြကောင်းတစ်ဦးဆိုတာကို အသိအ မှတ်ပြုပါတယ်။ပြီးတော့ သူဆီမှာ ဘာစီလိုနာ DNA အပြည့်အဝရှိတယ်လို့ ဆိုရမှာပါ။သူအနေနဲ့ အသင်းကိုရလဒ်ကောင်း ရအောင်လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် နိုင်ပြီးရင်းနိုင်ချင်နေတဲ့ စိတ်ကြောင့် ဂွါဒီယိုလာက ရှုံးပြီးရင်းရှုံးနေမှာပါ။ သူရဲ့ အတ္တက သူကိုအောင်မြင်မှုနဲ့ ဝေးကွာနေစေတာပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။

zawgyi version

အတၱႀကီးတဲ့ ဂြါဒီယိုလာက ရႈံးၿပီးရင္း ရႈံးေနဦးမွာပဲလို႔ ေျပာလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္ဂႏၲဝင္ကစားသမား လိုသာမားသီး ယက္စ္
ဘိုင္ယန္ျမဴးနစ္ဂႏၲဝင္ကစားသမား လိုသာမားသီးယက္စ္က ဘာစီလိုနာကထြက္လာၿပီးကတည္းက အတၱႀကီးတဲ့ ဂြါဒီယို လာအေနနဲ႔ ရႈံးၿပီးရင္း ေနဦးမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္ရခဲ့တဲ့ ဂြါဒီယိုလာဟာ ဘိုင္ယန္ ျမဴးနစ္ကို ကိုင္တြယ္ခဲ့ရာမွာ ျပည္တြင္းေအာင္ျမင္မႈရခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမရခဲ့တာေၾကာင့္ မန္စီးတီးကို ေျပာင္းေရႊ႕ၿပီး နည္းျပအျဖစ္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ကို ကိုင္တြယ္ခဲ့တဲ့ ၃ ရာသီအတြင္းမွာ အမွတ္ေပးခ်န္ပီယံအျဖစ္ ၃ ႏွစ္ဆက္ရယူႏိုင္ခဲ့ေပမယ့္ ေနာက္ဆံုး ရာသီမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ဒီဇင္ဘာလကတည္းက ပယ္ခ်ခဲ့ၿပီး မန္စီးတီးကိုေျပာင္းေရႊ႕ကိုင္ တြယ္ဖို႔အတြက္ ဂြါဒီယိုလာက လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္စီးတီးကို ေျပာင္းေရႊ႕ခဲ့ေပမယ္လည္း ဂြါဒီယိုလာဟာ ခ်န္ပီယံလိဂ္ဆုဖလားကိုေတာ့ ဘာစီလိုနာက ထြက္လာၿပီးေနာက္ကတည္းက ရယူႏိုင္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။
ဂြါဒီယိုလာဟာ ဘာစီလိုနာမွာ တီကီတာကာကစားပံုနဲ႔အတူ နာမည္ေက်ာ္ၾကားလာခဲ့တဲ့သူျဖစ္ၿပီး ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္ အပါအဝင္ ကိုင္တြယ္ခဲ့တဲ့ ၄ ႏွစ္တာအတြင္းမွာ ဆုဖလားေပါင္း ၁၄ လံုးအထိရယူႏိုင္ခဲ့တဲ့သူ လည္း ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ၿပီးခဲ့တဲ့ရာသီမွာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့ သလို ခ်န္ပီယံလိဂ္အပါအဝင္တစ္ရာသီတြင္း ဖလား၃လံုးရရွိမႈကိုလည္း ဒုတိယအႀကိမ္အျဖစ္ ရရွိခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္နဲ႔ ဂ်ာမနီေနာက္ခံလူေဟာင္း မားသီးယက္စ္က “ ဂြါဒီယိုလာက နည္းျပေကာင္းတစ္ဦးဆိုတာကို အသိအ မွတ္ျပဳပါတယ္။ၿပီးေတာ့ သူဆီမွာ ဘာစီလိုနာ DNA အျပည့္အဝရွိတယ္လို႔ ဆိုရမွာပါ။သူအေနနဲ႔ အသင္းကိုရလဒ္ေကာင္း ရေအာင္လုပ္ေဆာင္ႏိုင္တယ္ဆိုေပမယ့္ ႏိုင္ၿပီးရင္းႏိုင္ခ်င္ေနတဲ့ စိတ္ေၾကာင့္ ဂြါဒီယိုလာက ရႈံးၿပီးရင္းရႈံးေနမွာပါ။ သူရဲ႕ အတၱက သူကိုေအာင္ျမင္မႈနဲ႔ ေဝးကြာေနေစတာပဲ ျဖစ္တယ္” လို႔ေျပာခဲ့ပါတယ္။