လစ်ပ်ဇစ်နဲ့ စာချုပ်သက်တမ်းမတိုးခင်တုန်းက အခြားအသင်းတွေကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့တယ်လို့ အူပါမီကာနို ဝန်ခံခဲ့

နေးရှင်းလိဂ်ကစားမယ့် ပြင်သစ်အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ အူပါမီကာနိုက လစ်ပ်ဇစ်နဲ့ စာချုပ်သစ်မချုပ်ခင်မှာ အခြားကလပ်အသင်းတွေကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ လစ်ပ်ဇစ်နဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ အူပါမီကာနို ကို ခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းအများစုက စိတ်ဝင်စားခဲ့ကြပေမယ့် နောက်ဆုံး မှာ အူပါမီကာနိုအနေနဲ့ လစ်ပ်ဇစ်နဲ့ပဲ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။


ကမ္ဘာ့နောက်ခံလူတွေထဲက အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အူပါမီကာနိုကို ယူနိုက်တက်၊ အာဆင်နယ်နဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဘယ်အသင်းနဲ့ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ အူပါမီကာနို က ထုတ်ဖော်မပြောခဲ့ပါဘူး။ လစ်ပ်ဇစ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် အူပါမီကာနိုအနေနဲ့ ၂၀၂၃ ခုနှစ်အထိ အသင်း မှာ ဆက်ရှိနေမှာပဲ ဖြစ်တယ်လို့ သိရပါတယ်။


အူပါမီကာနိုက “ ကလပ်အသင်းတွေအများကြီးက ကျွန်တော်ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့သလို အချို့ကလပ်တွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အချိန်ရတုန်းမှာ အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်မှုကို လုပ် ဆောင် ရမှာပါ။ နောက်ဆုံးမှာတော့ လစ်ပ်ဇစ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အူပါမီကာနို ဟာ လစ်ပ်ဇစ်ကို အသင်းပိုင်ရှင်တူဖြစ်တဲ့ ဆဲလ်ဘတ်အသင်းကနေ ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။


ပြင်သစ်အသင်းနည်းပြ ဒက်ချမ်ကတော့ ပြီးခဲ့တဲ့ရာသီက လစ်ပ်ဇစ်နဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ အူပါမီကာနိုကို အသင်းကြီးအ တွက် ပထမဆုံးရွေးချယ်ခေါ်ယူခဲ့ပါတယ်။ဒါပေမယ့် ဒက်ချမ့်က အူပါမီကာနိုအနေနဲ့ ပြင်သစ်အသင်းမှာ ဗာရန်း၊ ကမ်ပန်ဘီ၊ လန်ဂျီလက်စ်တို့နဲ့ အတူ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရဖို့ ရှိနေတယ်လို့ ပြောခဲ့ပေမယ့် အူပါမီကာနိုက သူရဲ့အိပ်မက်ဖြစ်တဲ့ အသင်းကြီးမှာ ကစားခွင့်ရဖို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

လစ္ပ္ဇစ္နဲ႔ စာခ်ဳပ္သက္တမ္းမတိုးခင္တုန္းက အျခားအသင္းေတြကို ေျပာင္းေရႊ႕ဖို႔ ေဆြးေႏြးခဲ့တယ္လို႔ အူပါမီကာႏို ဝန္ခံခဲ့
ေနးရွင္းလိဂ္ကစားမယ့္ ျပင္သစ္အသင္းမွာ ပထမဆံုးေရြးခ်ယ္ခံခဲ့ရတဲ့ အူပါမီကာႏိုက လစ္ပ္ဇစ္နဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ခင္မွာ အျခားကလပ္အသင္းေတြကို ေျပာင္းေရႊ႕ဖို႔အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔လည္း ဝန္ခံခဲ့ပါတယ္။ လစ္ပ္ဇစ္နဲ႔ အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အူပါမီကာႏို ကို ေခၚယူဖို႔ ဥေရာပထိပ္သီးအသင္းအမ်ားစုက စိတ္ဝင္စားခဲ့ၾကေပမယ့္ ေနာက္ဆံုး မွာ အူပါမီကာႏိုအေနနဲ႔ လစ္ပ္ဇစ္နဲ႔ပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။
ကမ႓ာ့ေနာက္ခံလူေတြထဲက အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ အူပါမီကာႏိုကို ယူႏိုက္တက္၊ အာဆင္နယ္နဲ႔ ရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဘယ္အသင္းနဲ႔ေဆြးေႏြးခဲ့တယ္ဆိုတာကိုေတာ့ အူပါမီကာႏို က ထုတ္ေဖာ္မေျပာခဲ့ပါဘူး။ လစ္ပ္ဇစ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာေၾကာင့္ အူပါမီကာႏိုအေနနဲ႔ ၂၀၂၃ ခုႏွစ္အထိ အသင္း မွာ ဆက္ရွိေနမွာပဲ ျဖစ္တယ္လို႔ သိရပါတယ္။
အူပါမီကာႏိုက “ ကလပ္အသင္းေတြအမ်ားႀကီးက ကြ်န္ေတာ္ကိုေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့သလို အခ်ိဳ႕ကလပ္ေတြနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔ အခ်ိန္ရတုန္းမွာ အနာဂတ္အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈကို လုပ္ ေဆာင္ ရမွာပါ။ ေနာက္ဆံုးမွာေတာ့ လစ္ပ္ဇစ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အူပါမီကာႏို ဟာ လစ္ပ္ဇစ္ကို အသင္းပိုင္ရွင္တူျဖစ္တဲ့ ဆဲလ္ဘတ္အသင္းကေန ၂၀၁၇ ခုႏွစ္မွာ ေရာက္ရွိလာခဲ့သူလည္း ျဖစ္ပါတယ္။
ျပင္သစ္အသင္းနည္းျပ ဒက္ခ်မ္ကေတာ့ ၿပီးခဲ့တဲ့ရာသီက လစ္ပ္ဇစ္နဲ႔ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အူပါမီကာႏိုကို အသင္းႀကီးအ တြက္ ပထမဆံုးေရြးခ်ယ္ေခၚယူခဲ့ပါတယ္။ဒါေပမယ့္ ဒက္ခ်မ့္က အူပါမီကာႏိုအေနနဲ႔ ျပင္သစ္အသင္းမွာ ဗာရန္း၊ ကမ္ပန္ဘီ၊ လန္ဂ်ီလက္စ္တို႔နဲ႔ အတူ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္ရဖို႔ ရွိေနတယ္လို႔ ေျပာခဲ့ေပမယ့္ အူပါမီကာႏိုက သူရဲ႕အိပ္မက္ျဖစ္တဲ့ အသင္းႀကီးမွာ ကစားခြင့္ရဖို႔ အေကာင္းဆံုးလုပ္ေဆာင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။