သျှောင်နောက်ဆံထုံး လိုက်မယ့် ဂေါ့ဇီရဲ့ဇနီးက ဘယ်အသင်းကိုပြောင်းမယ်ဆိုတာ ပြောမှာမဟုတ်ဘူးလို့ အင်စတာဂရမ် မှာ တင်ခဲ့

ဒေါ့မွန်အသင်းနဲ့ ရာသီအကုန်မှာ လမ်းခွဲခဲ့တဲ့ ဂေါ့ဇီအနေနဲ့ လာမယ့်ရာသီအတွက် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပေမယ့် ဂေါ့ဇီရဲ့ ဇနီးကတော့ ဂေါ့ဇီအနေနဲ့ ဘယ်အသင်းကိုပြောင်းမယ်ဆိုတာကို ပြောမှာမဟုတ်ဘူးလို့ သူမရဲ့အင်စတာဂရမ် အင်တာဗျူးမှာ ရေးပြီးတင်ခဲ့တယ်လို့ သိရပါတယ်။ ဂေါ့ဇီကို ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီ အပြင် မိုနာကို၊ ဝက်စ်ဟမ်းအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ဒေါ့မွန်က ထွက်လာပြီးနောက်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဂေါ့ဇီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ကလပ်အသင်းတွေ အများကြီး ရှိပေမယ့် သတင်းတွေကတော့ မေဂျာလိဂ်မဟုတ်ရင် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အင်တာဗျူးမှာ ဂေါ့ဇီရဲ့ အသင်းသစ်အကြောင်းကို မေးမြန်ရာမှာတော့ ဂေါ့ဇီရဲ့ဇနီး အန်ကက်ရင် က သူမအနေနဲ့ မပြောနိုင်တင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။


အသက် ၂၈ နှစ်သာရှိသေးတဲ့ ဂေါ့ဇီအနေနဲ့ ခြေစွမ်းပိုင်းကျဆင်းမှုကြောင့် ပုံမှန်ကစားခွင့်ရတဲ့အသင်းမှာ ကစားသင့်တယ် လေ့လာသူတွေက သုံးသပ်ထားပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမနီရဲ့ ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်း ယူခဲ့သူအနေနဲ့ အခုလိုမျိုး အခြေအနေမှာ ရှိမနေသင့်ဘူးလို့လည်း ရေးသားဖော်ပြခဲ့ကြပါတယ်။ပရော်ဖက်ရှင်နယ်ကစားသ မားဘဝကို ဒေါ့မွန်နဲ့ စတင်ခဲ့တဲ့ ဂေါ့ဇီဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ပြီးမှာ ဒေါ့မွန်ကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်အသင်းကနေထွက်လာပြီးနောက်မှာ ဂေါ့ဇီအနေနဲ့ အခြားဂျာမန်ကလပ်အသင်းတွေမှာ ပြောင်းရွှေ့ကစားတာထက် အခြားနိုင်ငံတွေမှာ သွားရောက်ပြီးကစားဖို့ ရှိနေတယ်လို့ ဖော်ပြနေကြပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့အတွက် ရေပန်းအ စားဆုံးဖြစ်နေပါတယ်။ ဝက်စ်ဟမ်းအပြင် မိုနာကို၊ ဆီဗီလာ၊ အေစီမီလန်၊ဖီအိုရင်တီးနားနဲ့ ရိုးမားတို့လို ဥရောပကလပ်အ သင်းတွေကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

zawgyi version

ေသွ်ာင္ေနာက္ဆံထံုး လိုက္မယ့္ ေဂါ့ဇီရဲ႕ဇနီးက ဘယ္အသင္းကိုေျပာင္းမယ္ဆိုတာ ေျပာမွာမဟုတ္ဘူးလို႔ အင္စတာဂရမ္ မွာ တင္ခဲ့
ေဒါ့မြန္အသင္းနဲ႔ ရာသီအကုန္မွာ လမ္းခြဲခဲ့တဲ့ ေဂါ့ဇီအေနနဲ႔ လာမယ့္ရာသီအတြက္ အသင္းသစ္ရွာေဖြရေတာ့မွာျဖစ္ေပမယ့္ ေဂါ့ဇီရဲ႕ ဇနီးကေတာ့ ေဂါ့ဇီအေနနဲ႔ ဘယ္အသင္းကိုေျပာင္းမယ္ဆိုတာကို ေျပာမွာမဟုတ္ဘူးလို႔ သူမရဲ႕အင္စတာဂရမ္ အင္တာဗ်ဴးမွာ ေရးၿပီးတင္ခဲ့တယ္လို႔ သိရပါတယ္။ ေဂါ့ဇီကို ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီ အျပင္ မိုနာကို၊ ဝက္စ္ဟမ္းအသင္းေတြကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
ေဒါ့မြန္က ထြက္လာၿပီးေနာက္မွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ ေဂါ့ဇီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတဲ့ကလပ္အသင္းေတြ အမ်ားႀကီး ရွိေပမယ့္ သတင္းေတြကေတာ့ ေမဂ်ာလိဂ္မဟုတ္ရင္ တ႐ုတ္စူပါလိဂ္ကို ေျပာင္းေရႊ႕ႏိုင္တယ္လို႔ ခန္႔မွန္းမႈေတြ ရွိေနတာပဲ ျဖစ္ပါတယ္။ အင္တာဗ်ဴးမွာ ေဂါ့ဇီရဲ႕ အသင္းသစ္အေၾကာင္းကို ေမးျမန္ရာမွာေတာ့ ေဂါ့ဇီရဲ႕ဇနီး အန္ကက္ရင္ က သူမအေနနဲ႔ မေျပာႏိုင္တင္ဘူးလို႔ ေျပာခဲ့တာျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္သာရွိေသးတဲ့ ေဂါ့ဇီအေနနဲ႔ ေျခစြမ္းပိုင္းက်ဆင္းမႈေၾကာင့္ ပံုမွန္ကစားခြင့္ရတဲ့အသင္းမွာ ကစားသင့္တယ္ ေလ့လာသူေတြက သံုးသပ္ထားၿပီး ၂၀၁၄ ကမ႓ာ့ဖလားၿပိဳင္ပြဲတုန္းက ခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ာမနီရဲ႕ ဗိုလ္လုပြဲမွာ အႏိုင္ဂိုးသြင္း ယူခဲ့သူအေနနဲ႔ အခုလိုမ်ိဳး အေျခအေနမွာ ရွိမေနသင့္ဘူးလို႔လည္း ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ပေရာ္ဖက္ရွင္နယ္ကစားသ မားဘဝကို ေဒါ့မြန္နဲ႔ စတင္ခဲ့တဲ့ ေဂါ့ဇီဟာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ၿပီးမွာ ေဒါ့မြန္ကို ျပန္ေရာက္ခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္အသင္းကေနထြက္လာၿပီးေနာက္မွာ ေဂါ့ဇီအေနနဲ႔ အျခားဂ်ာမန္ကလပ္အသင္းေတြမွာ ေျပာင္းေရႊ႕ကစားတာထက္ အျခားႏိုင္ငံေတြမွာ သြားေရာက္ၿပီးကစားဖို႔ ရွိေနတယ္လို႔ ေဖာ္ျပေနၾကၿပီး ဝက္စ္ဟမ္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ေရပန္းအ စားဆံုးျဖစ္ေနပါတယ္။ ဝက္စ္ဟမ္းအျပင္ မိုနာကို၊ ဆီဗီလာ၊ ေအစီမီလန္၊ဖီအိုရင္တီးနားနဲ႔ ႐ိုးမားတို႔လို ဥေရာပကလပ္အ သင္းေတြကလည္း စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။